သောင်းညွန့်အေးဆီ ရေးတဲ့စာ
ထောင်မှာ ငါးဝါ
ဘုန်းကြီး တ၀ါ
ပြည်ပြေး ကိုးဝါ
အချစ်ရေးမှာ တသံသရာ
အ၀ိဇ္ဇာ ပစ္စယာ တဏှာ
တဏှာ ပစ္စယာ ဝေဒနာ
ဝေဒနာ ပစ္စယာ ဘာညာဘာညာ
ကဲ..
နှစ်သံသရာပဲ ဖြစ်ဖြစ်
မင်းကို ချစ်တယ်..
သောင်းညွန့်အေးကို ချစ်တယ်
သားကြီး ကြည်လင်အေးကို ချစ်တယ်..
ဟောဟို ပင်လယ်တကြောကို
ပိုက်မျှောပြီး ပြန်ခဲ့မယ်။ ။
မိုးစဲနေ
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
1 week ago


0 comments:
Post a Comment