ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တယ်
ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တယ်
ခဏနေပါဦး
ခင်ဗျားကဗျာက လန်းလှချည့်လား..
ဟို..အရိုင်းအစိုင်းကောင်တွေနဲ့ပေါင်းတော့မလား..
ပေါင်းလဲ ဆီနဲ့ရေ
ကွဲချင်တိုင်းကွဲသလိုနေမှာပ..
ခင်ဗျားက ဆီ..
ခဏနေပါဦး..
သစ်ချင်သလိုသာသစ်တော့ဗျာ မျက်နှာတောင် ခဏခဏ သစ်ရသေးတာပဲ..
ကျနော်ကတော့ ခင်ဗျားနဲ့ ဒေသတူမွေးဖွားခဲ့လေတော့
ဒီဘ၀မှာ
ကမ္ဘာမကြေဘူး သီချင်းတပုဒ်ပဲ..အလွတ်ရခဲ့တယ်.
ခဏနေပါဦး..
ကမ္ဘာကြီးလည်ဖို့ မကျေနပ်စရာတွေနဲ့ မီးထိုးခဲ့ကြတာတော့မဟုတ်ပါဘူး..
နောက်ဆုံး
ခင်ဗျား..ချစ်တဲ့..သူကိုသာ နမ်းလိုက်ပါဗျာ..
ဆည်းဆာလေးပိုလှလာအောင်..
ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တာပေါ့ဗျာ
ကျနော့်အကြောင်းပြောပြရရင်လဲ ဇာတ်ကနာဦးမယ်
၄၅နှစ်လုံးလုံး
လက်ဆောင်ထုတ်လေးကိုင်ပြီး
သူများအချစ်တွေအားကြခဲ့ရတာ.
ဒီတနွေလဲ ကျနော်ချစ်ချင်ရာရာတွေ ချစ်ဦးမယ်ဗျာ
ခင်ဗျားနဲ့စကားပြောရတာလဲ ကောင်းပါတယ်
လူကြီးလူကောင်းတွေနဲ့ ၀ိုင်သောက်ရသလိုပါပဲ
ဒါပေမဲ့လဲ.. ပန်းဆိုးတန်းက အစိုးရဘီအီးဆိုင်လေးမှာ
သောက်ရသလိုနွေးထွေးပါရဲ့ဗျာ
အခုတော့ အရက်တွေလဲ မစစ်တော့ဘူး
အချစ်ကတော့စစ်နေသေးတာပဲ
ကျနော်
ခင်ဗျားတို့ရဲ့ ဗာလင်တိုင်း ဒေး နေ့မှာ ဂုဏ်ယူလိုက်ပါတယ်ဗျာ..
နောက်တခါဆုံတဲ့အခါ..
ခင်ဗျားဘာပြောမလဲဆိုတာတော့ ကျနော်သိနေပြီးသားမို့
ဘာဆိုဘာမှ မပြောပါနဲ့တော့ဗျာ..
ကျနော်ရေးတဲ့ထဲမှာတော့ ညစ်ညမ်းတာဆိုလို့
တမင်တကာ မပါအောင်ရေးခဲ့ရတယ် ဆိုတာ
ခင်ဗျားမယုံဘူး..မဟုတ်လား..
ဒါဆို ဒီတနွေ..
ကျနော်
ချမ်းမြေ့တော့မှာပါ..
အဲ့ဒီဗာလင်တိုင်းနေ့ကြီးကကော ဘာဖြစ်လို့
နွေဦးကို ကြိုခဲ့တာလဲ..
ခင်ဗျားပဲ ရှင်းပြလိုက်ပါတော့ဗျာ..
တောလူသစ်..
Type the rest of your post here.
10 comments:
ချစ်သူများနေ့က ချစ်သူများနေ့ခဲ့တာပေါ့ဗျာ
ကျနော့်အကြောင်းပြောပြရရင်လဲ ဇတ်ကနာဦးမယ်
၄၅ နှစ်လုံးလုံး
လက်ဆောင်ထုတ်လေးကိုင်ပြီး
သူများအချစ်တွေအားကြခဲ့ရတာ.
ဒီတနွေလဲ ကျနော်ချစ်ချင်ရာရာတွေ ချစ်ဦးမယ်ဗျာ
ချစ်ပါ ချစ်ပါ
နန်းတို့လောက်ပဲထင်နေတာ ၂၅ ပဲထင်တာ
ဦးချစ်ဖေကိုလေ
ဒါ ပန်ဒိုရာဆီက ပြန်လာပြီး ရေးတဲ့ကဗျာ မဟုတ်လားဗျ...
မှန် မှန် ပြော...
းဝ)
ဟဲဟဲ
တောလူသစ် ကဗျာကလည်း လန်ထွက်နေပါတယ်..
ဗယ်လင်တိုင်း သန့်သန့်လေးတွေနဲ့ တနွေသစ်ပါစေ...။
အင်း.. မမွေးခင် အနှစ်၂၀ လောက်ကတည်းက ချစ်တတ်လာတာ နေမှာပေါ့ ..
(သူများတတွေ ဗယ်လက်တင်း နေကြတုံး
ဘာပြောရမှန်း မသိ၍ ..
ညာလက်တင်းကာ
ထင်ရာစွတ်ပြောသွားသည်..)
ကိုချစ်ဖေက သူများကဗျာ ကူးရေးထားတာပါ ကိုချစ်ဖေက နာမည်မှာသာ ချစ် ပါပြီး လူက.....သိတဲ့အတိုင်း..ဟဲ..
ခဏနေပါဦး...
ကိုချစ်ဖေ ခဏ က ကြာလှချည်လားးးး :))
ကိုတောလူသစ်ဆိုတာ ဘယ်သူတုန်း။ အရွယ်ရောက်ချိန် ၁၅ နှစ် ထပ်ပေါင်းပြီး ၄၅ နှစ်စောင့်နေတယ် ဆိုရင်..လက်ရှိ အသက်က...???
ဒို့ ကိုချစ်ဖေကြီး ဇတ်နာပုံများကတော့ ၄၅နှစ်လုံးအထုပ်ကိုင်စောင့်နေရသတဲ့..
ကျနော်တော့ အထုပ်ထမ်းစောင့်လိုက်တာ..
ဇတ်တင်မကဘူး..ဇက်ပါစောင်းသွားတယ်..း)))
ဟော..ကိုကျောက်..လုပ်ပြီ..ဒီကဗျာ ကိုချစ်ဖေ ရေးတာမဟုတ်ဘူးလေ..ကိုချစ်ဖေက ငယ်သေးတယ်
ကဗျာလေးတွေကောင်းတယ်
ကဗျာလာဖတ်သွားပါတယ်။ ကိုချစ်ဖေကဗျာထင်နေတာ။
Post a Comment