Sunday, January 17, 2010

ကျီးကန်းကြီးရဲ့ မေတ္တာရွှေပေလွှာ

ကျီးကန်းကြီးရဲ့ မေတ္တာရွှေပေလွှာ

မြန်မာတွေပျော်စရာ ရေလာမီးလာသော် ပျော်ကြရမည် ကုန်ဈေးနှုန်းများ တက်၍ လခစားများ
(စစ်သားများ) မလောက်ငှသော် ပိုက်ဆံတိုးထုတ်၍ လခတိုးပေးမည်။ ခုရက်ပိုင်းအတွင်း အ
သားငါးဈေးများ တွင်တွင်တက်သော် သက်သတ်လွတ်စားသော် ဈေးမကျသလော။ ဥပုဒ်
စောင့်ကြသော် ပိုဈေးမကျပေလော ဥာဏ်နှင့်ယှဉ်၍ အသက်မွေးကြရမည်။ ထင်းဈေးမီးသွေး
ဈေးပါ တက်လာပါက မီးလွတ်စားကြသင့်သည်။ (လူတိုင်းဝယ်မစားနိုင်သော စားအုန်းဆီသည်
ကျန်းမာရေးကိုထိခိုက်နိုင်သည် ရောဂါကင်းစေရန် ဘာဆီမှ မစားသုံးသင့်ပေ)။

ကုသိုလ်ရရာရကြောင်း ကျီးကန်းကြီးမှ မေတ္တာရှေ့ထားပြောပေးချင်းဖြစ်သည်။ ရွေးကောက်ပွဲ
ကြီးမှာလဲ မြန်မာအများ ကိုယ်နှစ်သက်ရာ ဖေါ်လံဖားများ သာကူးများ တကိုယ်ကောင်းသမား
များ ဓမြများ သူခိုးများ လူမိုက်များ စစ်အရာရှိကြီးများ အား ကိုယ်စားလှယ်လောင်းအဖြစ် မ
ဖြစ်မနေ ရွေးကောက်တင်မြှောက်ခွင့်ရကြပေဦးမည်။

အကျယ်အကျယ် မငြင်းပဲ ထုံးစံအတိုင်း ခိုင်းတာလုပ် ခံမပြောနဲ့ ခါးဖုသွားမည်။ တိုင်းပြည်အ
ပြင်ဖက်ထွက်သွားသူတွေ သူတို့အချင်းချင်း ငြင်းကြလိမ့်မည် ရွေးကောက်ပွဲ အကြောင်းပြပြီး ဒို
နာရှာကြလိမ့်မည် ဆရာတပည့် မသိမသာရော သိသိသာသာရောမွေးကြလိမ့်မည်။

တိုင်းပြည်အ၀ှမ်း ငြိမ်းချမ်းသာယာ ဖွံဖြိုးတိုးတက်နေသဖြင့် ဘုန်းကြီးကျောင်းများမှတပါး ကင်း
ချစောင့်ကြည့် စရာလဲ မလိုတော့ပြီ မဟုတ်လော။ တိုင်းပြည်အတွင်း အလုပ်လုပ်နိုင်သူအ
ပေါင်း ပညာတတ်သူများပါမကျန် အိမ်နီးချင်းနိုင်ငံများ ပို၍လည်ဝယ်သောသူများ နိုင်ငံကြီးများ
၌ ရရာအလုပ်များလုပ် နိုင်ငံခြားငွေ ရှာဖွေ၍ တိုင်းပြည်အတွက် တဖက်တလမ်းမှ ကူညီပံပိုး
သော် မကောင်းကြပေသလော အကောင်းမြင်ကြစေလိုသည်။

တခါလာလဲ အဆိုးမြင် တခါလာလဲ အဆိုးမြင် မမြင်ကြကုန်လင့် ဤကား မော်ဒန်မဖြစ်တော့ ပိုစ့် မော်ဒန်ခေတ်ရောက်ပေပြီ လူအများ လိုချင်တောင်းတနေသောရွေးကောက်ပွဲ ပြီးလျှင်ပြီး
ချင်း မြန်မာပြည်အတွင်း ရွတ်ရွတ်ချွန်ချွန် တိုင်းပြည်တာဝန်ထမ်းဆောင်နေသူတပ်မတော်သား
များ ပြည်သူ့ရဲများ ကြံဖွတ်များ စွမ်းအားရှင်များ အားလုံးကို ရိုးရိုးသာမာန်ပြည်သူများက ကျေး
ဇူးအထူးတင်သောအားဖြင့် တအိမ်တယောက်နူန်း အိမ်ဦးခန်း၌ တင်၍ မရှိမဲ့ရှိမဲ့ဖြင့်ကျွေးမွေးပြု
စုသင့်ပေသည်။ အာဃာတ တရား မလိုမုန်းတီးခြင်းများ မထားသင့်ပေ။ ပြီးတာတွေ အားလုံး
ပြီးသင့်ပေသည်။ သို့မှာသာ သာယာသော စည်းလုံးညီညွတ်သော ခေတ်မှီ စက်မှုနိုင်ငံတော်
ကြီး ထူထောင်နိုင်ပေလိမ့်မည်။

ဤမေတ္တာစာကို အီးမေးက ရရှိပါက တရက်အတွင်း မြန်မာစာ ဖတ်တတ်သူများ ကိုဖြန့်ဝေနိုင်
သလောက်ဖြန့်ဝေရမည်။ မဖြန့်ဝေနိုင်ပါက စစ်ကျွန်အဖြစ် တသက်လုံးခံစားရပေမည်။ စစ်ကျွန်
အဖြစ်က လွတ်မြောက်လိုသူတိုင်း မီးနစ်မဆိုင်း ဖြန့်ဝေနိုင်ကြပါစေကြောင်း ကြီးကန်းကြီးမှ အဲ
ဟုတ်ပါဘူး.ကျီးကန်းကြီးမှ မေတ္တာရှေ့ထား ကုသိုလ်ပွား အများပြည်သူ အတူတူ ခံစားရစေ
ကြောင်း မေတ္တာရွှေမောင်း ထပ်လောင်း ခပ်လိုက်ရပါကြောင်း……..။

နတ်လူ သာဓုခေါ်စေသောင်..




Type the rest of your post here.

7 comments:

MDW,  January 17, 2010 at 2:27 PM  

ကိုချစ်ဖေရဲ့ ကျီးကန်းအရှင်ကြီး မြင်းတန်ဆာကလဲ နောက်ဆုံးတော့ ရွှေပေလွှာ ဖြစ်သွားတယ်။ :P

Nge Naing January 17, 2010 at 2:58 PM  

ကျီးကန်းကြီးရဲ့ မေတ္တာစာကို ဖတ်သွားပါတယ်။ ဆီအုန်းဆီ စားဖို့မလိုပေမဲ့ ဆီကတော့ အိုမီဂါ ၃ နဲ့ ၆ ပါတဲ့ တခြား ဟင်းသီးဟင်းရွက် ဆီတချို့တော့ စားဖို့လိုအပ်ပါတယ်။

ရွှေရတုမှတ်တမ်း January 17, 2010 at 3:08 PM  

သာဓု..သာဓု..သာဓု..
ရုတ်တရက် ကြီးကန်ရှင်ကြီးလားလို့...ဖြစ်ရလေကျီးကန်းကြီးရယ်...

ကိုချစ်ဖေ January 17, 2010 at 3:14 PM  

MDW ပြောလို့ ခေါင်းစဉ်ပြင်လိုက်သဗျာ.ကျေးဇူးကမ္ဘာ.

ကလူသစ် January 18, 2010 at 4:45 AM  

ပေါက်ပေါက်ရှာရှာ တော်တော်တတ်

kiki January 18, 2010 at 7:17 PM  

ကောင်းလိုက်တဲ့ ရွှေပေလွှာလေး ၊
ရွှေရွာသားများနဲ့  သင့်တော် လှပါပေ၏ အသင် ရွှေကျီးကန်းကြီး ...

မောင်မင်းကြီးရဲ့  ရွှေပေလွှာလေး အား မီးနစ်မဆိုင်းပဲ ဖေါ်ဝပ်အီးမေးလ် လေး ပို့ ပေးချင်လှပေမဲ့  မီးပျက်သွားလို့  မီးနဲ့ နစ်ကို ဆိုင်းထားလိုက်ရပါတယ် ။ သည်းခံလက်စ နဲ့ ဆက်ပြီးသည်းခံ ပါတော့ ..
( မီးလွတ် ရေလွတ် ဆီလွတ် သတ်သတ်လွတ် စားရင်း ဖြင့် ကြုံတုံး ဝင်ပေါသွားပါ၏ ) ။။

ချစ်ကြည်အေး January 19, 2010 at 5:36 AM  

ဟင်...အဲ့လိုဆိုတော့လဲ ပျော်စရာကြီးပါ့လား ဟရို့....:))

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP