Wednesday, December 9, 2009

ငါလွမ်းတယ် ဒီဇင်ဘာ

ငါလွမ်းတယ် ဒီဇင်ဘာ.

ဒီဇင်ဘာခဲ့ပေါ့ ဒီဇင်ဘာပေမဲ့ နှင်းကိုဝေးနေတုန်း ဒီဇင်ဘာဆို နှင်းတဖွဲဖွဲနဲ့ တတွဲထဲ မှတ်ထား
ဖြစ်တာဒီဇင်ဘာ ဒီဇင်ဘာကလည်း ကမ္ဘာကြီးပူနွေးတယ် ဘာညာအကြောင်းပြပြီး ဒီဇင်ဘာက
ဒီဇင်ဘာလိုပဲကျင့်တာပေါ့ ဒီဇင်ဘာကျင့် ဒီဇင်ဘာကြံနဲ့ ဒီနေ့မှ နှင်းကိုခေါ်လာတယ်


ဒီဇင်ဘာဆို ကျနော်လဲဒီဇင်ဘာ ချမ်းလဲချမ်းတယ် လွမ်းလဲလွမ်းတယ်သီချင်းလို

အလွမ်းသီချင်းမရေးတဲ့ ကျနော့်သူငယ်ချင်း ကိုကျော်ဇောကတော့ ဒီဇင်ဘာမှမဟုတ်ပါဘူး.တ
ဘ၀စာလုံးချမ်းနေခဲ့ရတာပါတဲ့.လွမ်းတာတွေထည့်မပြောချင်တော့ပါဘူးတဲ့ ထညက်အရက်မီး
တောက်ပူပူလေးမှုတ်သောက် ကန်ဇင်းရိုးကိုခေါင်းအုံး ကောက်ရိုးစောင်လေးခြုံရင်း ဒီဇင်ဘာ
နတ်တော်မှာသာတဲ့ ဒီဇင်ဘာလကို ငေးချင်တယ်တဲ့.

ချင်ခြင်းဆိုပေမဲ့ ဘာရယ်ညာရယ်လဲ မဟုတ်ပါဘူး သူလိုငါလို သူလိုငါလိုပါပဲ ဒီချိန်ဆိုငါးဒန်
ဝမ်းတွင်းသားနဲ့ ငါးများများရစေကြောင်း ဆုတောင်း အဘိုးမြှောက်ထားပြီးသား အဘိုးသောက်
ထားပြီးသား လန်ဒန်စီးကရက်လေးဖွါရင်း ဒီဇင်ဘာကိုကြိုခဲ့တာပါပဲ..၀ဲတားပိုက်ဘေးမှာ ပေါ့
ဒီဇင်ဘာ.

သောက်ဖေါ်စားဖက် ပိုက်သမားလဲဖြစ် တောကျောင်းဆရာလဲဖြစ် ဆရာလေးကိုအောင်နိုင်
က လာမဲ့ဒီဇင်ဘာမှာ ဒီအလုပ်တွေစုပေါင်း ကပြားအလုပ်သမား ပိုက်သမားနဲ့ ကျောင်းဆရာ
ပေါင်းထားတဲ့ ဘ၀ကနေ့ ပိုက်သမားစစ်စစ်ဖြစ်ဖို့ အချိန်ပေးတဲ့အနေနဲ့ မြေဖြူနဲ့ ဘောဖျက်
ကို ပိုက်တဖောင်လှေတစင်းနဲ့ လဲလှယ်ရတော့မယ်တဲ့ ခြေခင်းလက်ခင်းသာသာ မသာသာ ဒီ
ဇင်ဘာ။ စုန်ဆင်းစရာ ပင်လယ်ရယ်တော့ရှိသေး ငါးမရရင်တော့ ဘီကီနီမလေးတွေကို ငေးလို့
မရတဲ့ ဒီပင်လယ်ကမ်းခြေမှာ အဖေမဖြစ်ရတဲ့ ဘ၀ကိုကျိန်ဆဲ ဒီဇင်ဘာကို လှုံ ဒီဇင်ဘာလိုနွေး
ပြီး ဒီဇင်ဘာလိုပဲ အချိန်တန်တော့ အိမ်ပြန်ရတော့မှာပေါ့. ဒီဇင်ဘာ

ကိုချစ်ဖေကတော့..

ကျောချလို့ဓမြရယ်လို့ မတွေးအားတဲ့ ဘ၀ထူထူကြီးနဲ့မျက်နှာသစ် အလုပ်သစ်ရှာထွက်သွားရသူ
တွေရဲ့ အိမ်အပြန်လမ်းကို ဒီ ဒီဇင်ဘာ ဒီရေအတက်မှာ သူစောင့်နေမယ်တဲ့..ဒီဇင်ဘာ

ကိုချစ်ဖေက အလုပ်သစ်ရယ်မှ မယ်မယ်ရရမရှာတတ်တာဒီဇင်ဘာ သူသူငါငါသောက်ရတဲ့ မိုးခါး
ရေလေးတောင် သူမသောက်ခဲ့ရရှာဘူး ဒီဇင်ဘာ.ဒီဇင်ဘာကတော့ တချိန်က ဒီဇင်ဘာတွေလို
ဒီဇင်ဘာလို နှုတ်ဆက်ပြီး ဒီဇင်ဘာလို ထွက်ခွာသွားတော့ မှာပေါ့ ဒီဇင်ဘာ။

ဘာဘာညာညာမပြောပါနဲ့တော့ ဒီဇင်ဘာ ဒီလူကို ဒီကွင်းနဲ့ ဒီအလင်းနဲ့ ထားခဲ့တာက ထားခဲ့
တာပါပဲဗျာ ဒီဇင်ဘာ။


9 comments:

tatto December 9, 2009 at 2:58 PM  

ဒီဇင်ဘာ ရေအတက်မှာ
သူ စောင့်နေသတဲ့လာ ဦးချစ်ဖေ ရယ်
ကျွန်တော်လည်း လွမ်းချင်တယ်
အပြုံးတွေ ဝေမယ့် ဒီဇင်ဘာ
အလွမ်းတွေ သီနေတဲ့  ဒီဇင်ဘာ
ဘ၀ထူထူ ကြီးနဲ့ 
ခင်ဗျားကတော့ အလုပ်တွေ ရှာလို့ 
ကျတော် မောင်ဇော်ထွန်း ဘ၀ကတော့
စာအုပ်ထူထူ ကြီးတွေ ဖတ်ပြီး
မျက်မှန်ထူထူကြီးနဲ့ 
အလွမ်းတွေ ဝေနေဆဲပါဗျာ------။

Nge Naing December 9, 2009 at 2:59 PM  

ကျွန်မတို့ဆီမှာတော့ ဒီဇင်ဘာမှာ ဘာနှင်းမှ မရှိဘူး။ ဒါပေမမဲ့ beach တွေ park တွေမှာတော့ လူစည်တယ်။

k December 9, 2009 at 8:53 PM  

ကိုချစ်ဖေရေ

အခုလို ကိုယ့်အတွေ့အကြုံတွေပေါ် အခြေခံပြီး ခင်ဗျားပြောပြ ခံစားပြနေတာလေးတွေကို အားပေးတယ်ဗျာ။
ကျနော်တို့ဆီမှာတော့ ဒီဇင်ဘာဆို ကရင်နှစ်သစ်ကူးပွဲတော်လေ။ အလွန်တက်ကြွ မြူးပျော်စရာကောင်းတဲ့ ကရင်ဒုံးယိမ်းပြိုင်ပွဲတွေ ကြည့်ရတော့မယ်။ အင်း ဒုက္ခတွေကြားထဲက ချိုမြိန်သော ပျားရည်စက်လေးပေါ့ဗျာ။

သစ်ခက်သံလွင်ကိုလဲ လာလည်လှည့်ပါအုံး လိပ်တကောင်ရဲ့ အိပ်ရာထအတွေး ကဗျာ တင်ထားတယ်။

Moe Cho Thinn December 9, 2009 at 8:59 PM  

စာကမြင့်တော့ မနည်း နားလည်အောင် ဖတ်ရတယ် ဒီဇင်ဘာ အဲ,, ယောင်လို့ ကိုချစ်ဖေ။

ကလေးအဖေ မဖြစ်ရတဲ့ ဘ၀ကိုတော့ မကျိန်ဆဲပါနဲ့၊ အကို့သူငယ်ချင်း ဆူရှိသူဌေးကြီးဆီမှာသာ နည်းနာခံလိုက်ပါ။ :)

LA လာမယ်ဆို.. ။ အိမ်လဲ မလာဘူး။ မကျေနပ်ဘူး..၊ မကျေနပ်ဘူး။
ကိုကျော်ဝဏ္ဏကို ချိုသင်းဒုက္ခတွေ ခါးစည်းခံနေတုန်းပဲ ပြောတာလဲ မကျေနပ်ဘူး။ မကျေနပ်ဘူး။

Anonymous,  December 9, 2009 at 11:54 PM  

ဦးချစ်ဖေ

ဒီ ဒီဇင်ဘာ ပြီးရင် နောက် ဒီဇင်ဘာ ဆိုတာ ရှိနေ အုံးမှာပါပဲ... ဒီဇင်ဘာ ကသယ်လာမယ့် နှင်းနဲ့ အတူ လိုအပ်ချက်တွေ အားလုံးပြည့်စုံပြီး နောက်လာမဲ့ ဒီဇင်ဘာတိုင်း မှာပျော်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။

Unknown December 10, 2009 at 1:46 AM  

အင်းပေါ့လေ ဒီဇင်ဘာ ဆိုတော့လဲ ဒီဇင်ဘာပေါ့ ဒီဇင်ဘာဆိုတာ ကျုပ်တို့တောမှာ ဘုရားပွဲပေါ့ ကျုပ်တို့ငယ်ငယ်တုန်းးက ပုဆိုးလေးတွေခြုံ ပြီးတော့ ၀င်းစတားလေးတွေနဲ့ စစ်တိုက်ခဲ့ကျတာ အခုထိမှတ်မိနေတုံးပဲ။

သိင်္ဂါကျော် December 10, 2009 at 5:03 AM  

ဒီဇင်ဘာကို ချစ်တဲ့သူမို့ ဒီဇင်ဘာ အကြောင်း လာဖတ်ပါတယ်...

mm thinker December 11, 2009 at 12:30 AM  

ရောက်လာပါတယ်

shwezinu December 11, 2009 at 2:37 AM  

ဒီဇင်ဘာ က နှင်းတွေကို ဘယ်သူများ အပိုင်စီးသွားသလည်းကွယ်

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP