နေစရာ
နေစရာ
ပြူတင်းပေါက်ကို ဖွင့်လိုက်တိုင်း
အုပ်ဖွဲ့ပျံသွားတဲ့ ငှက်တွေကိုတွေ့ရတယ်
တချို့ကခက်ရာခဲဆစ်ပျံသန်း
တချို့ပျံချင်ယောင်ဆောင်ရင်းပျံသန်း
ကိုယ့်အထင်သက်သက်လည်းဖြစ်နိုင်ပါတယ်
ဘ၀မှာ မိန်းမနှစ်ယောက် တိတိကျကျသစ္စာဖေါက်ခံရဘူးတဲ့.
သူ မစီးရက်လို့သူ့ ရဲဘော်တွေကို ချွတ်ပေးခဲ့တဲ့ ဖိနပ်နဲ့ ပါးရိုက်ခံခဲ့ရတဲ့
သူ့ တရားအတွက် သူပစ်ဖေါက်ဖို့ယုယထားတဲ့သေနတ်နဲ့ သူပြန်အဖမ်းခံခဲ့ရတဲ့
သူပုန်ပြေးကြီးတယောက်ကတော့ပြောတယ်
မင်းမြေကြီးကို မနိမ့်စေနဲ့တဲ့
ကျနော့်မြေကြီးကတော့ အစထဲကမမြင့်တာပါရဲဘော်ကြီးရဲ့
စိုက်လိုတဲ့လှံတွေလဲ စိုက်ပါစေတော့
ပျံကျတွေအုပ်ဖွဲ့ရာအရပ်ကို ကျနော်ပြန်လာဦးမယ်.
မျက်ရည်သုတ်မဲ့ ရင်ခွင်လေးကို မျှော်လင့်မိဦးမယ်.
ကျနော့်သမ္မာကျမ်းစာအုပ်နဲ့ကျနော် ဆောင်းခိုဦးမယ်.
အချို့အချို့သောသူတွေကို ကျေးဇူးတင်ဦးမယ်.
အမေရယ်.ဟိုး..ဆည်းဆာမှာ ငန်းတွေအုပ်ဖွဲ့ပျံလာတိုင်း.
သား နေစရာမရှိခဲ့ဘူး.
မိုးစဲနေ
(နိုဝင်ဘာ ၂၅ ။၂၀၀၅ ခုနှစ် နံနက် ၁၀း၂၆ နာရီ)
6 comments:
ဒီလိုနဲ့ပဲ ကျေးဇူးတော်တင်စရာရှိတာတွေကို အခမ်းအနားမဲ့စွာနဲ့ ကျေးဇူးတော်တွေထပ်တင်နေကြရရင်းပေါ့ ကိုတင်နိုင်ထွန်းရေ
ကဗျာလာဖတ်သွားပါတယ်။ သိပ်တော့ နားမလည်ဘူး။ C-Box မရှိလို့ ဒီမှာပှဲုနှုတ်ဆက်ခဲ့ပါတယ်နော့်။ ကိုဆောင်းယွန်းလ ပြောတဲ့ ကိုတင်နိုင်ထွန်း ဆိုတာက ကိုချစ်ဖေကို ပြောတာလား။
နှစ်ယောက်ထဲလား
ဟုတ်.ကျနော့်နာမည်ရင်းက တင်နိုင်ထွန်းပါ
ကျနော့် ကဗျာက ကျနော်ခံစားမိသလိုရေးထားတာမို့
ခံစားရသလို ခံစားနိုင်ပါတယ်မငယ်နိုင်.မခံစားရတာလဲရှိမှာပါ ကျနော့်မေးလ်က
kochitphay64@gmail.com ပါ.သူငယ်ချင်းတွေ
ကျနော့်ကို အင်ဗိုက်လုပ်ရင် ၀မ်းသာပါတယ်.
ကိုကျောက် ကျနော်မဟုတ်ဘူး နှစ်ယောက်က
ရောက်ပါကြောင်း။ မဖတ်ရ မနေနိုင်လို့ ဖတ်သွား မှတ်သွားပါကြောင်းပါ ရဲဘော်ကြီးရေ ...
Post a Comment