Monday, November 23, 2009

စိမ်းလန်းရေး နေ့ရက်ရှည်များနှင့် ကျမ














စိန်းလန်းရေး နေ့ရက်ရှည်များ နှင့် ကျမ

မောင်နှင့် ကျမသည် ငယ်သူငယ်ချင်းများ ဖြစ်ကြသည် မောင်ကို ဘယ်အချိန်မှာ ကျမ စပြီး
မှတ်မိသွားသည်ကတော့ မမှတ်မိတော့ပါ လူကြီးတွေ ပြောပြတာက ကျမက မောင်ထက် ၃
လကြီးပြီး မောင့်ကို မောင်မေမေက နို့ တိုက်တဲ့အခါ ကျမပါ ၀င်ဝင်စို့ပါတယ်တဲ့ ကျမက မောင့်
မေမေ နို့ကို မောင်နှင့်အတူ ၀င်စို့ပေမဲ့ မောင်ကတော့ ဘယ်တော့မှ ကျမမေမေ နို့ကို ၀င်မစို့ပါ
မောင်ကို မေမေက တိုက်သော်လည်း မောင်က သိသည် မစို့ သူမေမေ နို့ကိုသာ အငမ်းမရ စို့
သည်။

ကျမ မှတ်မိနေသည်ကတော့ မောင်နှင့် ကျမ မူကြိုကျောင်းလေး ကို အတူတက်ရစဉ်က ပဲဖြစ်
ပါသည် ကျမတို့ နှစ်ယောက်ကို လူကြီး တဦးဦး ကလာကြိုပြီး အတူတူ ပြန်လာရသည် သာ မောင့် အိမ်ကဖြစ်ဖြစ် ကျမ အိမ်ကဖြစ်ဖြစ် တဦးထဲသာလာကြိုပါသည်။ မောင်တို့အိမ်က အရင်
ရောက်ပြီး နောက်တအိမ်ကျော်မှ ကျမတို့ အိမ်ရောက်ပါသည်။ ကျောင်းသွားလျှင်လည်း အတူ
သွားပါသည် ကျမ တို့က အမြဲဝင်ခေါ်ပါသည်။ ကျမတို့ အိမ်နှစ်အိမ်သည် နှစ်အိမ့်တအိမ် နေ
ကြ သူများလည်း ဖြစ်ပါသည်။

ကျမက အတန်းထဲမှာ အမြဲရန်ဖြစ်လေ့ ရှိသလောက် မောင်က ဘယ်တော့မှ ရန်မဖြစ်တတ်ပါ
ကျမရန်ဖြစ်တဲ့အခါ တိုင်း မောင်က ၀င်ဖြန်ဖြေလေ့လည်း ရှိသည်။ ကျောင်းအသွားကို မောင်
က သူ့အိမ်လေးရှေ့မှ စောင့်နေတတ်ပြီး ကျောင်းဆင်းချိန်မှာ ကျမကို သူ့အိမ်ရှေ့လေးမှ အမြဲ ရပ် စောင့်ကြည့်ပြီး ကျမ အိမ်ထဲဝင်ခါနီး လက်ပြပြီးမှ သူ့အိမ်ထဲသို့ ၀င်လေ့ရှိသည်။

ကျောင်းပိတ်ရက် ကျမတို့ အိမ် မောင့် အိမ်များမှာ ဆော့ကြရင် လူကြီးများက ကျမတို့ကို အမြဲ
မေးသည်။ မောင့်ကို မောင်ကြီးလာရင် ဘယ်သူ့ ကို ယူမှာလဲ ဟုမေးလျှင် မောင်က နှင်းနှင်းကို
ယူမယ် ကျမကို မေးလျှင်လည်း မောင့်ကို ယူမယ် အမြဲပြောကြပါသည်။ လူကြီးတွေက ရယ်
ကြပါသည်ကျမရော မောင်ရော ယူကြသည်ဆိုတာ နားမလည်ပါ။ ချစ်သည် ဟုပဲ နားလည်
တာဖြစ် မည်ထင်ပါသည်။

မောင်နှင့် ကျမတို့ မှာ မမေ့နိုင်ခြင်းတွေ အမြောက်အများပါ။ မောင့် နှင့်ကျမ တို့ အိမ်ရှေ့မှာ ၆
ပေ ခန့်ကျယ်သော ရေမြောင်းရှိပါသည် ထိုရေမြောင်း သည် မိုးအခါတွင် ရေပြည့်၍ ငါးကလေး
များ အမြဲကူးနေသည် ကို မောင်နှင့် ကျမ အမြဲစောင့်ကြည့် ရသည်မှာ မရိုးနိုင်ပါ တခါတခါ ကျ
မ တို့ ငါးကလေးများကို ခဲလုံးလေးများနှင့် ပေါက်ကြသော်လည်း မထိပါ။ သို့သော် ကျမတို့ အ
မြဲ ကစားနေကြ ကစားနည်းဖြစ်ပါသည်။

ထို ရေမြောင်း ဘေးတွင် ကစားနေရင်းက ကျမ စိတ်ထဲမှာ ရေကို နင်းကြည့်ရင် ဘယ်လို နေမ
လဲဟု အရမ်းသိချင်ပါသည်။ မောင့်ကို ကျမက အဖေါ်စပ်ပါသည် မောင့်ကို ထိုအချိန်က မောင်
လို့ မခေါ် မိသေးပါ မောင် အမများခေါ်သလို ထွန်း လို့သာလိုက်ခေါ်နေခြင်း ဖြစ်ပါသည်။ ကျမ
က မောင့်ကို “ထွန်း ငါတို့ ရေ ကိုနင်းကြည့်ရအောင်” လို့ ပြောတော့ မောင်ကလည်း သဘော
တူ သည်။ ကျမက စိတ်မြန်သူ ပီပီ ရေထဲကို အရင်နင်းကြည့်ပါသည်။ ရေမြောင်း က ကျမတို့ မူကြို ကျောင်းသားအရွယ်လေးတွေ အတွက်တော့ တကယ့်ချောင်းကြီးပါ။ ကျမ ရေနစ်ပါသည်
မောင်က ရေကို မနင်းကြည့်ရသေးပါ မောင့်က ကျမမြုတ်လိုက်ပေါ်လိုက်ဖြစ်နေသည် ကို သူ
လည်း မဆယ်တတ်ပါ ကျမ ကလဲ ရေတော်တော်မွန်းနေပါပီ မောင်က သူမဆယ်တတ်တော့
အော်ပြီး လူကြီးတွေကို ဆယ်ခိုင်းပါသည်။

ထိုအချိန်တုန်းက မောင်ရော ကျမရော စကားလုံးများကို အကုန်မသိကြသေးပါ မောင်နှင့်ကျမ
ရေပေါ် ပေါ်လာသောငါးလေးများကို ခဲ့နှင့် ပေါက်၍ ဆော့တိုင်းငုတ်သွားသော ငါးကလေးများ
ကို ရေငုတ် သွားသည်ဟုသာ သိသော့ကြောင့် ကျမရေ နစ်နေတဲ့အချိန် မှာ မောင်က ကျမရေ
ငုတ်နေတယ် ရေငုတ်နေတယ် လို့ လူကြီးတွေကိုပြေး ပြောတာကို လူကြီးတွေက မသိသေးပါ
မောင့်အမူအရာ ကို ကြည့်ပြီး ရေငုတ်တာတော့ မဖြစ်နိုင် ရေနစ်တာ ဖြစ်မည် ဆိုပြီးလိုက်ဆယ်
ရတာ ပါ။ တကယ်တော့ ကျမတို့ အိမ်ရှေ့ လမ်းကလေးသည် လူအမြဲ မပြတ်ပါ ကျမတို့ တခုခု
ဖြစ်ရင် လည်းသိမှာပါ ကျမတို့ကို လည်း ရေမြောင်းအနားကို မသွားခိုင်းပါ။ သို့သော် ထိုနေ့က
ဖြတ်သွား ဖြတ်လာများ ပြတ်သွားချိန် ကျမတို့ ကလဲအန္တရယ်ကို သေသေ ချာချာ မသိသော
ကြောင့်လဲ ကျမရေနစ်ခြင်း ဖြစ်ပါသည်။

ကျမကို လူကြီးတွေက စောက်ထိုး ဆွဲပြီး ထမ်းပြေးတာကိုလည်း မှတ်မိနေပါသည်။ နောက်ကျ
မနှင့် မောင် သူငယ်တန်း တက်တော့လည်း အတူတူပါ မိန်းကလေး အတန်းနှင့် ယောက်ကျား
လေး အတန်းခွဲထား သော်လည်း မောင်က ကျမဘေးမှာပဲ ထိုင်ချင်နေလို့ ဆရာမက ထားပေး
ရပါသည်။ ကျမတို့ ၂ ယောက်မှာ ကျမက အမြဲ ရှေ့က ဦးဆောင်လေ့ရှိသောကြောင့် မောင်က
ကျမ ကို အားကိုးခြင်းလည်းဖြစ်မည် ထင်ပါသည်။

ကျမတို့ မှာသူငယ်ချင်းများ တိုးလာသော်လည်း မောင်နှင့်ကျမ က တတွဲ အမြဲ အတူဆော့ပါ
သည်။ တကယ်တော့ မောင်က ကျမဆော့ချင် သည်များကို လိုက်ဆော့ခြင်းပါ ကျမ ဇယ်
တောက်ရင် လိုက်တောက်သည် ဖန်ခုန်တန်း ကစားလျှင် သူလည်းလိုက်ခုန်သည်။ ကျမကစား
သမျှ မောင်က လိုက်ကစားလို့ မိန်းကလေးများ ကစားနည်းအကုန်လည်း မောင်ကျွမ်းကျင်
သွားပါသည်။

ကျမတို့ ကာတွန်းဖတ်တတ်လာသော အခါမှာတော့ မောင်က ဦးဆောင်သူပါ ဘယ်ကာတွန်း
ဘယ်လို ဘယ်ကာတွန်းက ဘာ ဆိုတာ သူက ကျမထက်ပိုသိသည်။ တခါတလေ ကျမတို့ ၂
ယောက် ကာတွန်းတအုပ်ထဲ အတူဖတ်ကြပါသည်။ မောင်က သူ့ အကို အမများနှင့် အသက်
ကွာ၍ အငယ်ဆုံးပါ ကျမက အကြီးဆုံးဖြစ်ပြီး ကျမထက်ငယ်သော မောင်လေး ညီမလေးများ ရှိသည်။ ကျမတို့ ရန်တခါမှ မဖြစ်ခဲ့ကြပါ။ ကျမက ရန်ဖြစ်ချင်သော်လည်း မောင်က မဖြစ်ချင်လို့ လည်း ဖြစ်မည် ထင်ပါသည်။

ကျမတို့ လေးတန်း အောင်သောအခါ မှာတော့ ကျမက အလယ်တန်းပြအဖေ စာသင်သော အ
လ က (၁) အလယ်တန်းကျောင်း ကို ပြောင်းရ၍ မောင်ကတော့ မောင့် မေမေ ဈေးထွက် ရာ
လမ်းကြုံသော မောင် အမကြီးတွေရှိသော အ ထ က (၁) သို့ပြောင်းတက်ရပါသည်။ ကျမက
ကျောင်းတက်လျှင် ဖေဖေ စက်ဘီးနောက်မှာ ထိုင်လိုက်သွားရပြီး မောင်ကတော့ မောင့် အမ
ကြီးများ နှင့်အတူ လိုက်သွားတတ်ပါသည်။

ကျမတို့မှာ သူငယ်ချင်းအသစ် အသစ်များလည်း တိုးလာပါသည် မောင့်သူငယ်ချင်းများသည်
လည်း ကျမသူငယ်ချင်းများ ဖြစ်လာ၍ ကျမသူငယ်ချင်းများသည် လည်း မောင့်သူငယ်ချင်းများ
ဖြစ်လာပါသည်။ ကျမ တို့ ၂ ယောက် ကျောင်းခြင်း ကွာသွား၍ နည်းနည်းကြီး လာကြ၍ အရင်
ကလောက် အတူ မဆော့ဖြစ်တော့ပါ။ မောင်ကလည်း အားရင် ကာတွန်းစာအုပ် ပုံပြင်စာအုပ်
များနှင့် အတူ အချိန်ကုန်သောကြောင့်လည်း ဖြစ်မည် ထင်ပါသည်။

ကျမရော မောင်ရော စာမတော်ကြပါ အတန်းထဲတွင် အဆင့် ၅ မှ အဆင့် ၁၀ အတွင်းသာ ရ
ပါသည်။ ပထမ ဒုတိယ တတိယ တခါမှ မရပါ ငယ်ငယ်ထဲက ဖြစ်ပါသည်။ ကျမ မှတ်မိပါသည်
ကျမတို့ ၆ တန်းနှစ်တွင် ကျမက မောင့်ထက် အရပ်ရှည်လာပါသည်။ မောင့်ကို ထိုအချိန် စ ရ
သည်မှာ အလွန်ပျော်ပါသည် မောင်က ကျမထက် ၂ လက်မခန့် အရပ်နှိမ့်သွားချိန်ဖြစ်ပါသည်။

ကျမတို့ နှစ်ဦး တွေ့ချိန် အလွန်နည်းလာပါသည် ကျောင်းအားရက်များ တွင် တွေ့နိုင်သော်လဲ
မောင်က ဘောလုံးကစားခြင်း ကရာတေး ကစားခြင်းတို့ကြောင့် ကျမနှင့် သိပ်မဆုံ ဖြစ်တော့ပါ
ကျမကလည်း မောင်လေး ညီမလေးများကို ကူထိမ်းပေးခြင်း မေ့မေ့ကို ကူပြီး ချက်ပြုတ်ပေး
ရင်း မောင်နှင့် ကျမ မတွေ့ဖြစ်ပါ။ တခါတလေ တွေ့သည့်အခါမှာလည်း အရင်ကကဲ့သို့ ကျမ
တို့ မရင်းနှီးသလို ဖြစ်လာပါသည်။ လူကြီးတွေ စကြနောက်ကြခြင်းကို ကျမတို့ ရှက်လာကြ၍
လည်းဖြစ်မည်ထင်သည်။ မောင့်အမ များက အရမ်းအစသန်သည် ကျမကို “မောင့်ရှေ့တွင် ယောင်းမလေး လာလာ။ မတို့မောင်လေးကို ငယ်ငယ်တုန်းက ယူမယ်ပြောထားတယ်နော်။ မတို့ မောင်က လွဲလို့ အခြားဘယ်သူမှ မချစ်ရဘူး မယူရဘူး” စသည်ဖြင့် စကြပါတယ်။

ငယ်ငယ်တုန်းကလည်း စ ပါသည် ကျမရောမောင်ရော မရှက်ပါ ကျောင်းဆင်းရင် အပြေးမပြိုင်
ဖြစ်တဲ့နေ့တွေဆို ပခုံးဖက်ပြီး ကျောင်းကနေ ပြန်နေကျ နောက် မောင့်အမတွေကို ကျမကချစ်
လည်းချစ်သည် ကျမက အမကြီးတွေ မရှိဘူးလေ မောင်အမတွေကပဲ ရုပ်ရှင်ကြည့်တာ ပွဲ
ကြည့်တာတွေမှာ ကျမကို လာခေါ်သည် မေမေရော ဖေဖေရော မောင့်မမ တွေနှင့်ဆို စိတ်ချ
သည်။ ကျမရော မောင်ရော ဘာမှန်းမသိပဲ ရှက်နေကြရသည်။

နောက်တော့ ကျမ ရှစ်တန်းအောင်ပြီး မောင်တို့ကျောင်းကို ပြောင်းတက်ရသည်။ ထိုနေ့က မောင် ကျမတက်ရမဲ့ အတန်း မုန့်စားဆောင် ဆရာမ အားလုံးကို လိုက်ပြ ပြောပြသည်။ ကျမ
တို့ ၂ ယောက် အဲ့လိုမနေတာ ကြာပါပြီ။ ကိုးတန်းနှစ်မှာတော့ မောင်က အရပ်ကျမထက်ရှည်
သွားပါပြီ ကျမက မောင်ထက်အရပ်ရှည်သွားစဉ်က ကျမက ခဏခဏ အရပ်တိုင်း၍ စခဲ့သော်
လည်း မောင်က ကျမထက် အများကြီးအရပ်ရှည်သွားတဲ့ အခါမှာတော့ ကျမကို မစပါ။

ထို ကိုးတန်းနှစ် ကုန်ခါနီး တဆောင်တိုင်ပွဲအတွက် အခန်းလိုက် ကျောင်းကထိန် ပဒေသာပင်
တွေ လုပ်တဲ့ရက် မှာ ကိုယ့်အခန်းက ပဒေသာပင်ကို ဘုန်းတော်ကြီး ကျောင်းတိုက်များ ကိုကျ
ရာကျောင်းအလိုက် သွားလှုကြရပါသည်။ ဝေးဝေး ဘုန်းတော်ကြီးကျောင်း ဖြစ်လေ ကျောင်း
သားတွေက ပျော်လေဖြစ်သည်။ ပဒေသာပင်ကိုလည်း တခန်းနှင့်တခန်း အပြိုင် လှအောင် အ
ရုပ်အမျိုးမျိုး ချိုးကြပါသည် ငွေအင်အားကို များအောင်စုကြပါသည်။ထိုရက်များသည်ကျောင်း
သားအားလုံး ပျော်ရွှင်စွာ လှုတန်းကြသောရက်လည်းဖြစ်ပါသည်။

ကျမတို့ အခန်းမှ လှုဒါန်းရန်ကျသော ဘုန်းတော်ကြီးကျောင်းနှင့် မောင်တို့ အခန်းကကျသော
ဘုန်းတော်ကြီးကျောင်းမှာ တူပါသည်။ ကျမတို့ နှစ်ခန်း ပေါင်း ဘုန်းကြီးကျောင်း တခုထဲ ကျ
ခြင်းပါ အိုးစည်ဒိုးပတ်များ မတီးတတ် တီးတတ်နှင့် တီးကြသည်။ မောင်ကလည်း သူတို့ အ
ခန်း အတွက် သူ့အခန်းဖေါ်များ နှင့် အတူ ကျမကလည်း ကျမသူငယ်ချင်းများ နှင့်အတူ နေ
ကြပါသည်။ မောင့်ကို လည်း ကျမက သတိမထားမိပါ။ ကျမက သူငယ်ချင်းများနှင့် ပျော်ပျော်
ပါးပါး နောက်ပြောင် နေတတ်သော်လည်း မောင်က အေးအေးဆေးဆေး သာနေတတ်သူ ဖြစ်
၍ မောင်ဘာလုပ်နေသည် မောင်ဘယ်ရောက်နေသည် ကျမ မသိပါ။

ကျမတို့ ပဒေသာပင် လှုဒါန်းပြီး ဘုန်းတော်ကြီးကျောင်းမှ စီစဉ်ထားသော ထမင်းဟင်းများကို
စားသောက်ပြီး ပြန်လာကြပါသည်။ ကျမတို့ အခန်းမှ ယောက်ကျားလေး သူငယ်ချင်းများနှင့်
အတူပြန်လာကြပါသည်။ ထိုအချိန်မှာ ဆရာမများ မှ အပြန်ကို သေချာလိုက် မကြီးကြပ်တော့
ပါ။ ကျမတို့ သူငယ်ချင်းတွေလည်း သုံးယောက်တတွဲ လေးယောက်တတွဲ ပြန်လာကြပါသည်
စိတ်ထဲမှာလည်း လွတ်လပ်ပေါ့ပါးနေသည်။

ထိုအချိန် ကျမဘေးသို့ ယောက်ကျားလေး တယောက် ရောက်လာပါသည် ကျမတို့ နှင့်တခန်း
ထဲ အတူ ယောက်ကျားလေး သူငယ်ချင်း သူက“ နှင်းနှင်း ခဏ ငါ့စာလေး ယူသွားပါဟာ.”တဲ့
ကျမကိုပြောသည်။ သူအခန်းထဲမှာ ကျမကို ခဏခဏ စိုက်ကြည့်တာကိုလည်း ကျမသိသည်
သို့သော် ကျမ စိတ်ထဲ သူငယ်ချင်းတယောက်လို မြင်တာက လွဲလို့ ဘာမှမဖြစ်ပါ။ သူက အဲ့လို
စာပေးတော့လည်း ကျမ ဘာမှ မခံစားရပါ တနေ့နေ့ သူ တခုခု ပြောလာမည်ကိုလည်း ကျမက
ထင်ထားပါသည်။ သူကတော့ ကျမအဲ့ဒီစာပါသော စာအုပ်ကို လှမ်းမယူမီ အထိ မျက်နှာတခု
လုံးနီရဲနေပါသည်။ ကျမကတော့ မယူသေးပါ “ဘာစာလဲဟာ” “ နင့်ဖတ်ကြည့်လေဟာ” တဲ့ ဒါ
ပါပဲ “ အေး ငါဖတ်ကြည့်မယ်” ပေးဟု ယူထားလိုက်သည်။ သူက လိုက်လာပြီးပြောသေးသည်။
“နင်ငါ့ကို စဉ်းစားပေးနော်” တဲ့ ကျမက တော့ ကျမ မယူလျှင် စာအုပ်ကြီး အတင်းထိုးပေး နေ
သော သူနှင့် မယူသောကျမကြား အခြားသူတွေက ထူးဆန်းနေတော့မှာမို့ သာမာန် သဘော
နှင့် ယူထားလိုက်ခြင်းသာ။ သူက ထိုသို့ စဉ်စာပေးပ်ါပြောတော့လည်း စိတ်ထဲ အေးပေါ့ စဉ်း
စားရင်လဲ စဉ်းစားတာပေါ့လို့သာ သဘောထားလိုက်သည်။

ကျမ စိတ်ထဲ ရည်းစားထားဖို့ စိတ်ကူးမရှိသေး ရည်းစားထားလျှင်လဲ ကျမတို့ မြို့လေးက ကျဉ်း
တော့ အကုန်သိမည် နောက် စိတ်ရှုပ်စရာ စိတ်ညစ်စရာတွေ ပေါ်လာဦးမည် ကျမက ထိုသို့ သဘောထားသည်။ ထို့ကြောင့် ကျမ စာကိုယူလာလိုက်ခြင်းသည် ကျမအတွက် ဘာမှ မထူး
ခြား သူတို့က စဉ်းစားပါပြောသော်လည်း ကိုယ်က မစဉ်းစားနိုင် သူတို့ အဖြေလိုက်တောင်းတဲ့
အခါမှာလဲ မစဉ်းစားသေးပါဘူး ပြောရင် ပိုပေရှည်တော့မည်။ ထို့ကြောင့် ငါ ဆယ်တန်းအောင်
မှပဲ အဲ့ဒါတွေ စဉ်းစားတော့မယ် ငါကျောင်းစာပဲ စိတ်ဝင်စားတယ် ဘယ်လိုမှ သဘောမထားပါ
နဲ့ စောင့်လည်း မစောင့်နေပါနဲ့ လို့ပဲပြောလိုက်သည်။

မောင့်အမ များသည် လည်း ထိုသို့ အခြားသူများ ပေးလာသော စာကို ကျမရှေ့တွင် ဖတ်၍ စာ
ထဲက စာသားများကို နောက်နေကြ။ ရည်းစားစာသည် အခြားသော စာများနှင့်မတူ ရယ်စရာ
ကောင်းသည် ဟုသာ ကျမထင်သည်။ ရိုးရိုးပြောနိုင်သော စကားလုံးများကို ကွေ့ဝိုက်ပြီးရေး
သွယ်ဝိုက်ပြီးရေးနေသောကြောင့် ရယ်စရာကောင်းသည်ဟု ထင်သည်။

ထို့အချိန် မောင် ကျမဘေးကို ရောက်လာသည်။ “နှင်းနှင်း ဟိုကောင် ဘာပေးသွားတာလဲ”
“ စာလို့ပြောတယ်ဟ ဘာဖြစ်လို့လဲ“ မောင်က တော်တော် စိတ်အိုက်နေသော မျက်နှာနှင့်
“ ဘာလို့ယူတာလဲ ဟာ နင်အဲ့လိုယူထားတော့ ဟိုကောင်က နင်သူ့ကို ကြိုက်နေပြီထင်မှာပေါ့
တဲ့” ကျမကလည်း ရှင်းပြပါသည်။ ထိုစာကို ဘာကြောင့်ယူလာပြီး ဘယ်လိုသဘောထား
ကြောင်း မောင်ကတော့ မကျေနပ်ပါ။ မယူစေချင်။ ကျမကလည်း အရေးကြီးတယ် မထင်
နောက်တော့ သူ့ထုံးစံအတိုင်း ဘာမှ ဆက်မပြောတော့။

ကျမကိုလည်း ခပ်စိမ်းစိမ်းဖြစ်သွားသည် နောက်ပိုင်း ကျမကို သဘောကျသော ယောက်ကျား
လေး ကောင်လေးတွေကို လည်း ကျမ ထိုသဘောထားနှင့်ဆက်ဆံသည် တခါတလေ လွယ်
လွယ်ကူကူ မရသော ပစ္စည်းသည် အချို့သူတွေ အတွက် အလွန်အဖိုးတန် ပစ္စည်းဖြစ်နေတာ
လည်း ဖြစ်နိုင်ပါသည်။ ကျမက သိပ်ပြီးချောမောလှပသူလဲ မဟုတ်ပါ ဒါပေမဲ့ ကျမက ပျော်
ပျော်ပါးပါးနေတယ် နောက်ကျမမှာ ထူးခြားတဲ့ ပါးချိုင့်လေးတွေနဲ့ မျက်ခုံးထူထူနက်နက်လေး
တော့ ရှိတယ်။ ကိုယ်လုံးလေးကတော့ လှသည်ဟု ပြောရမည် ကာယအလှကစားသော ဖေ
ဖေနှင့် မြို့နယ် ကျွမ်းဘားမယ် မေမေ တို့ရဲ့သမီးလေ။

ယောက်ကျားလေးတွေ က သူတို့ ဘာသာ ပိုးပမ်းခြင်းအလုပ်ကို လုပ်ကြပြီး ကျမကလည်း ကျမ မူနှင့် ကျမနေခြင်းသာ။ သို့သော် မောင်နှင့်တော့ စိမ်းသွားသည် မောင်က ကျမကို စာ
ပေး သော ရည်းစားစကားပြောသော ယောက်ကျားလေးများနှင့် ကျမ ရယ်ရယ်မောမော စ
ကား ပြောတာကို မကြိုက်။

ကျမကလည်း ကျမကိုယ်ကျမယုံသည် တခါက ကျမကို စကားလိုက်ပြောသော အကိုကြီးတ
ယောက်နှင့် ကျမစကားပြောပြီးအပြန်မှာ မောင်နှင့် ကျမတွေ့သည်။ မောင်ကကျမကို “နှင်းနှင်း
လာဦး နင်ငါနဲ့ အိမ်လိုက်ခဲ့” တဲ့ သူစက်ဘီးနောက်က လိုက်ခိုင်းသည်။ ကျမကလည်း တခါတ
လေ သူ့ကို အနီးအနားပို့ ခိုင်းတတ်သည်။ ထို့ကြောင့် တက်စီးလိုက်လာခဲ့သည်။

ကျမကို စကားလိုက်ပြောသော အကိုကတော့ မကြည်လင် မောင့်ကို ခပ်စိမ်းစိမ်း ခပ်ရင့်ရင့်
ကြည့်သည်။ ကျမက မောင်နှင့်ရန်ဖြစ်မှာ စိုးရိမ်သည်။ ကျမကိစ္စကို ကျမရှင်းနိုင်သည်။ ထိုသို့
ရှင်းခဲ့သူလည်း မနည်းတော့ ဒီတခါတော့ မောင်က ဘာဖြစ်သည် မသိ ကျမကိုလည်း ဆူလာ
သည်။ ကျမကလည်း ထိုကဲ့သို့ သူ ကျမကို ဟောက်တာကို မကြိုက် ဆူတာကို မကြိုက် သူက
အကိုကြီးလို ကျမကို လာသင်နေသည် ဆရာကြီးလာလုပ်နေသည်ဟု ထင်သည်။

ထို့ကြောင့် အိမ်ရှေ့အရောက် စက်ဘီးပေါ်က အဆင်း မောင့်ကို ပြောလိုက်သည်။ “ ထွန်းနင်ငါ့
ကိစ္စမှာ ဆရာမလုပ်နဲ့ နင်ဝင်ဝင်မပါနဲ့ ငါ့ဘာသာရှင်းနိုင်တယ် ငါ့ အကြောင်းကို ငါမိဘတွေက
သိလို့ စိတ်ချတယ် ဘာမှမပြောဘူး နင်သာ ငါ့ကို လာဆရာမလုပ်နဲ့” လို့ ကျမ ပြောလိုက်မိ
သည် ထိုသို့ ကျမ ဘာလို့ ပြောဖြစ် သွားသည်ကိုတော့ ကျမ မသိ။ မောင်က ကျမကို အကြာ
ကြီးကြည့်နေသည်။ နောက်ဘာမှ မပြော စက်ဘီးကို ဆက်နင်းသွားသည်။ ထိုနေ့က စပြီး ကျ
မကို စကားမပြောတော့ ကျမကလည်း အဲ့လို စကားမပြောတာကို ဂရုမစိုက် ကျမကို နိုင်ထက်
စီးနင်းလုပ်နေသည် ဟုခံစားမိသောကြောင့် ပြောလိုက်သည်။

ကျမတို့ ၂ ယောက်သိသိသာသာ ဝေးသွားသည်။ နောက်ပိုင်း မောင် သူငယ်ချင်းတွေ နဲ့ပို တွဲ
လာတာ တခါတလေ သောက်တတ်လာတာ ဂီတာတီးတတ်လာတာ ရန်ဖြစ်တာတွေ ကျမ သိ
နေရသည်။ ကျမ တို့ နှစ်ယောက် ဆက်ဆံရေးကို သိသော မောင့်အမများက မေးသော်လည်း
ကျမက မဖြေ သူကလည်းမဖြေ ။ နောက်မောင် (၁၀)တန်း ကျသည်။ ကျမက ဂုဏ်ထူးတခုနှင့်
အောင်သည်။ ကျမက ကျမတို့ တိုင်းမြို့တော် တွင်ရှိသော ဒီဂရီကောလိပ် တခုကို ဓါတုဗေဒ အဓိက ဖြင့်ကျောင်းဆက်တက်သည်။

မောင်က နောက်နှစ် ကျမ ရှိရာ ဒီဂရီကောလိပ်သို့ ရူပဗေဒ အဓိကဖြင့် ကျောင်းဝင်ခွင့် ရသည်။
သို့သော် ကျမ တို့ နှစ်ယောက် လမ်းမှာတွေ့သော်လည်း တယောက်ကို တယောက် နှုတ်မ
ဆက် ကျမက လည်း သူက ယောက်ကျားလေးဖြစ်ပြီး ထိုကဲ့သို့ သူနေသောအခါ ကျမ တွေးမိ
သည် က မောင်သည် ငယ်ငယ်တုန်းက လိုမဟုတ် ကြီးလာတော့ ကျမကို မခင်တွယ် ခပ်စိမ်း
စိမ်း ဖြစ်နေရာကနေ ကျမကို လွှမ်းမိုး ချင်လွန်းသည် အခြားကောင်လေးတွေ ကျမကို စိတ်ဝင်
စား ချစ်ကြသော်လည်း မောင်က စိမ်းကားလွန်းသည် ဟု ကျမထင်နေသည်။

ထို ကဲ့သို့သော နှစ်များအတွင်း ကျမတို့ ၂ ယောက်ထိုသို့ ဆက်ဆံရေး ကျဲသွားကြသော်လည်း
မောင့်အမများက တော့ ကျမတို့ နှစ်ယောက်စိမ်း နေကြခြင်းကို စိတ်မကောင်းကြပါ ကျမ တို့
ငယ်ငယ်က တယောက်နှင့် တယောက်သိပ်ချစ်ကြ ကြောင်းတွေ ပြန်ပြောပြကြသည်။ ကျမကို
လည်း ငယ်ငယ်တုန်းကလိုပင် အစမပျက် တခါတလေ မောင်နှင့် ကျမ အဆင်ပြေ ကြလျှင်
ကောင်းမည် လို့လဲ စိတ်ကူးယဉ်မိသည်။ သို့သော် လက်တွေ့မှာတော့ မောင်က ခေါင်းမာလွန်း
သည်။ မောင်တခုခု ကျမကို ချော့လာလျှင် ကျမက ကျေအေးဖို့ အဆင်သင့်ပါ ဒါပေမဲ့ မောင်
က ကျမကို မုန်းနေသယောင်ယောင်ရှိသည်။

ကျမက လည်း မောင် ထိုကဲ့သို့ နေလေ သူ့ရှေ့တွင် မခံချင်ဖြစ်အောင် လုပ်ပြချင်လေဖြစ်သည်။
မောင့်သူငယ်ချင်းများပင် ကျမကို အမြင်မကြည် သို့သော် ကျမ ကံကောင်းသည် ထင်ပါသည်။
မောင့် နှင့်ကျမ ခုလို ဝေးနေသည်ကို နီးစေလိုတဲ့ မောင့်အမ များက အကြောင်းရှာ၍ ကျမအိမ်
က ကျောင်းကို ပစ္စည်းတခုခု ထည့်ပေးလိုပါက ထည့်ပေးရန် မောင်ပြန်လာတိုင်း ကျမအိမ်ကို အမြဲမေးသည်။ ကျမကို သယ်ခိုင်းလျှင်တော့ ကျမက သယ်မပေး။ ကျမ မောင့်ကို အောက်ကျ
မပေးချင်။ မောင်လည်း ထိုသို့ပဲ ဖြစ်မည်ထင်သည်။

စနေတနင်္ဂနွေ ကျောင်းပိတ်ရက်ကို ကျမရော မောင်ရော ဇာတိမြို့လေးသို့ အလည်ပြန်တတ်
သည်။ တခုသော ပိတ်ရက်မှာ ကျမက မပြန်ဖြစ်ပေမဲ့ မောင်က ပြန်သွားသည့် အခေါက်လည်း
ဖြစ်မည် မောင်ကို လည်း ကျမ မေမေ နဲ့ မောင့်အမများက ကျမအတွက် စားစာရာတချို့ အ
တင်း ထည့်ပေးလိုက်ကြသည်။ မောင့်ကိုလည်း ပြောကြသည် ကျမ နေမကောင်းနေကြောင်း
တကယ်လည်း ကျမက နေမကောင်းလို့ မပြန်ဖြစ်ခဲ့ပြီး ဖုန်းဆက်၍ ပြောသောကြောင့် အိမ်က
သိနေခြင်းလည်း ဖြစ်သည်။

မောင်က ကျမနှင့် စကားမပြော နှုတ်မဆက်သော်လည်း ကျမကို ချည်းကပ်လာသော ယောက်
ကျားလေးများ နှင့်တော့ တွဲသွားတွဲလာ တခါမှ မတွေ့ပါ ကျမကလည်း ကျမကို သူအဲ့လို မ
ဆက်ဆံလေ သူ့မြင်လောက်သည့် အခါတိုင်း အနားက ကျမကို ချစ်သည်ဟု ပြောခဲ့သည့် ယောက်ကျားလေးများနှင့် ရင်းရင်းနှီးနှီးနေပြသည်။ ကျမ ထိုသို့ နေပြနေခြင်းကို ဘာလို့ လုပ်မိ
နေ ခဲ့တာကိုတော့ ကျမသေချာမသိ။ မောင့်ကို တော့ မခံချင် ဖြစ်စေချင်တာ သက်သက်လို့ပဲ
ထင်သည်။

ထိုအခြေအနေ ထိုဆက်ဆံရေး အနေအထားတွင် မောင်က ကျမအတွက် အိမ်က ထည့်ပေး
လိုက်သော စားစရာ အထုတ်များကို ဆွဲ၍ ကျမတို့ အဆောင်သို့ တနေ့ ညနေဖက်တွင်ရောက်
ချလာသည်။ မောင် ၀င်လာသည်ကို လည်း ကျမမြင်သည်ဒါမေမဲ့ ကျမ အခန်းထဲ ၀င်နေလိုက်
သည် မောင့်အသံကို ကျမကြားနေရသည်။“ ကျနော် နှင်းနှင်းနဲ့ တွေ့ချင်လို့ပါ ” လို့ပြောနေ
သော မောင့်အသံကိုလည်း ကြားရသည်။

အဆောင်က အခြားသော မိန်းကလေးများက မောင့်ကို စ နေ ကြပ်နေကြတာလည်း ကြားနေ
ရသည်။ ဘယ်ကနှင်းနှင်းလဲ နှင်းနှင်းဆိုတာ အများကြီး မြို့နာမည်ပြော ခိုင်းသည်။ မိန်းကလေး
အများရှေ့တွင် မောင်အသက်ရှုကြပ်နေမှာ ကျမမြင်နေသည်။ တချို့က “စားစရာလာ ရောင်း
တာလားဟင်” ဟု လည်း မကြားတကြားနောက်နေကြသည်။ နောက် ကျမ ထွက်တွေ့လိုက်ပါ
သည်။

မောင်နှင့်ကျမ မျက်နှာခြင်းဆိုင် စကားမပြော ဖြစ်ကြသည်မှာ နှစ်တော်တော်ကြာသွား ပြီ
မောင်က ဧည့်သည်ဖြစ်၍ ကျမက အိမ်ရှင်ဖြစ်သော်လည်း ကျမက သာမာန်ဆက်ဆံရေး
ပုံစံဖြင့်သာ ဆက်ဆံသည်။ မောင်က ဘာမှလည်းမပြော ကျမအိမ်က လူကြုံထည့်ပေးလိုက်
ကြောင်း စပြောပါသည်။ နောက်အတော်ကြာငြိမ်သွား သည် ပြီးမှ ကျမကို နေကောင်းသွား
ပြီလားဟု မေးသည်။ စာတွေလိုက်နိုင်လားဟုမေးသည်။ အခြားဘာမှမပြော။ နောက် မောင်
ပြန်သွားသည်။

ထိုအချိန်မှာ ကျမတို့ ဘ၀ ကျမတို့ရည်မှန်းချက်ကို တဆစ်ချိုးပြောင်းလဲ သွားစေမဲ့ ရှစ်လေး
လုံး အရေးအခင်းကြီး ဖြစ်လာခဲ့သည်။ ကျောင်းတွေပိတ်သွားသည်။ မောင်နှင့်ကျမ ထိုရက်များ
အတွင်း မဆုံဖြစ်ခဲ့ နောက် ကျမတို့ မြို့နယ်ကိုလည်း ထိုအရေးတော်ပုံမီးကြီးကူးစက်လာသည်။
ဘယ်သောအခါကမှ စကားများများ မပြောခဲ့သော မောင့်ကို ကျောင်းသားသမဂ္ဂ တရားဟော
စင်ပေါ်တွင် တက်တက်ကြွကြွ တရားဟောနေတာတွေ့ ရတော့ မောင့်ကို အံ့သြရသည်။

မောင်နှင့် ကျမဝေးနေကြ သောနှစ်များအတွင်း မောင် စာအုပ်တွေ အများကြီးဖတ်နေခဲ့တာကို
တော့သိသည်။ မောင်ဖတ်သော စာအုပ်များကို ကျမစိတ်မ၀င်စားပါ။ ကျမတို့ မြို့တွင် ဖြစ်ပွား
သော ဆန္ဒပြသမားများကို ပစ်ခတ်နှိမ်နင်း မှုများ၌ မောင့်ကို ထိမှန်မှု မရှိခဲ့တာကို ၀မ်းသာနေရ
သည်။ ဒါဏ်ရာရ ကျောင်းသား လူငယ်များကို ဆွဲပြေးရင်း မောင်က ကံသီလို့ လွတ်သွားသည်။

ထိုရက်များအတွင်း မောင်အိမ်ကိုပြန် မလာတော့ အရေးအခင်းကြီးကို နှိမ်နင်းခံခဲ့ရအပြီး ၆ လ
လောက် အကြာမှာ မောင်အဖမ်းခံရသည်။ မောင်ဘာကြောင့် အဖမ်းခံရသည်ကိုတော့ ကျမ မ
သိပါ။ နိုင်ငံရေးလုပ်လို့ ဟုသာ သိထားသည်။ နောက်မောင် တို့ အမတွေ မောင်မိဘတွေမောင့်
ထောင်ဝင် စာကိုသွားတွေ ကြသည်။ ကျမမောင့်ကို လိုက်တွေ့လိုသော်လည်း မိသားစုမှ လွဲ၍
လိုက်တွေ့ ခွင့် မရ။ မိသားစုတောင် တခါတလေ လူကိုတွေ့ခွင့်မရ ထောင်ဝင်စာထုတ်ကို ထား
ခဲ့ရသည်။

ကျမစိတ်ထဲမှာတော့ မောင့်လို နိုင်ငံရေးမှာ မတက်ကြွခဲ့သော်လည်း မောင်တို့ လုပ်နေတာတွေ
ကို ထောက်ခံသည်။ မောင်တို့ တရားသည် ဟုထင်နေမိသည်။ ထောင်ဝင်စာလိုက်တွေ့လို့ မရ
ပေမဲ့လည်း မောင်စားဖို့ တခုခုတော့ ကျမ အမြဲထည့်ပေးဖြစ်ပါသည်။ မောင့်အမတွေက မောင့်
ကိုပြောပြကြပါလိမ့်မည် မောင်လည်း ၀မ်းသာနေသည် လို့သာသိရသည်။ မောင့်ကိုနောက်ပိုင်း
မြန်မာပြည် မြေလတ်ပိုင်းက မြို့လေးတမြို့ရဲ့ အကျဉ်းထောင်ကို ပြောင်းရွေ့ လိုက်ကြသည်။ ထို
ရက်များအတွင်း ကျမရဲ့ အဒေါ်တွေရှိရာ နိုင်ငံလေးတခုကို ထွက်ခွါဖို့ ပြင်ဆင်ထားမှုများ က
လည်း ထွက်ခွါဖို့နီးကပ်လာနေပါတယ် ကျမလည်း မအားလပ်တော့ ကျမမြို့လေးကိုပြန်ရောက်
တဲ့ အခါများမှာတော့ ကျမ မောင့်သတင်းကို အရင်စုံစမ်းမိသည်။

ကျမတို့ ၂ ယောက်ကြားက ဖြူစင်တဲ့ သံယောစဉ်လေး က ပိုခိုင်မာလာသည်။ မောင် နေ
ကောင်းစေရန် အမြန်လွတ်မြောက်လာစေရန် ကျမ ကောင်းမှုပြုလုပ်တဲ့ အခါတိုင်း ဆုတောင်း
ပေးမိသည်။ ကျမ ကိုယ်တိုင်လည်း တွေ့ချင်နေမိသည်။ ကျမပြည်ပ မထွက်ခွါမီ မောင်ကိုတွေ့
သွားချင်သည်။ မောင်အမကြီးတွေက တခုစီစဉ်ပေးသည်။ သူတို့ အိမ်ထောင်စု ဇယားထဲမှာ ကျမကို ထည့်ပေးထားပြီး မောင့်ကိုမိသားစု ၀င်တဦးအနေဖြင့် တွေ့ခွင့်ရဖို့ ကြိုးစားခဲ့ခြင်းပင် ကျမ တွေ့ခွင့်ရဖို့ က ထိုတနည်းသာရှိတော့သည်။

ကျမပြည်ပ မထွက်ခွါမှီ တလလောက်အလိုမှာ ကျမ မောင့်အမနှင့် အတူ မောင်ရှိရာ အကျဉ်း
ထောင်သို့ လိုက်ပါလာခဲ့သည်။ ကျမရင်ထဲမှာ မောင်ကျမ အပေါ် အမြဲ အလိုလိုက်ခဲ့တဲ့ ငယ်
ဘ၀ ပုံရိပ်လေးတွေ ပေါ်လာသည်။ ကျမတို့ ၂ ယောက် တကယ်တော့ မဝေး တယောက်နဲ့ တ
ယောက် အပြင်မှာ ခပ်ဝေးဝေးဖြစ်နေခဲ့ကြခြင်းသာ မောင့်ကို ကျမတွေ့တော့ မောင် အတော်
ဝမ်း သာသွားတာသိသာသည်။ မောင့် ကိုကျမ ကျမ်းမာစွာဖြင့်တွေ့ ရပါ့မလား ကျမ ထင်နေမိ
သည်။

ကျမထင်ထားသည် ထက် မောင်က ပိုကြံ့ခိုင်နေသည်။ မောင်မျက်နှာက ပိုပြီးရင့်ကျက် လာ
သည်။ လူကြီးတယောက်လို ဖြစ်သွားသည်။ ဘာပဲဖြစ်ဖြစ် မောင့် ကို ထိုကဲ့သို့ မြင်ရခြင်း ကို
ကျမ၀မ်းသာနေခဲ့သည်။ မောင့်မျက်နှာက ငြိမ်းချမ်းပြီး ကြံ့ခိုင်နေသည်။ မောင်ကို ကျမ က
“ ထွန်း နင်နေကောင်းတယ်နော် နင်အရမ်းပြောင်းလဲသွားတယ်ဟာ နင့်ကိုကြည့်ရတာ စိတ်မ
ကောင်းစရာနေရာမှာတောင် နင် အရမ်းကျက်သရေ ရှိနေတာပဲဟာ” လို့ပြောတော့ မောင်က
သူ့ ထုံးစံအတိုင်း ဘာမှပြန်မပြော ပြုံးနေခဲ့သည်။ မောင်က “ ငါခု ထောင်ထဲမှာ ပုံမှန် အားက
စားလုပ်တယ် နောက်ပုံမှန် တရား ထိုင်တယ်လေ” လို့ပြောပြသည်။

နောက် “ နင်ဘယ်တော့ နိုင်ငံခြားထွက်မှာ လည်း”လို့ မေးသည်။ “နင် နိုင်ငံခြားမထွက်ခင် ငါ
နင့်ကို ငါကိုယ်တိုင် လုပ်ထားတဲ့ လက်ဆောင်တခုခု ပေးမယ်ဟာ” လို့ပြောသည်။ ကျမ က
မောင် ပေးမဲ့လက်ဆောင်က သိပ်အဖိုး တန်ကြီး ဖြစ်မနေဘူး ဆိုတာတော့ သိပါတယ် သို့ပေမဲ့
ကျမ လိုလားသည်။ “နင်ပြန်လာဦး မှာ ဟုတ်လား တို့တွေ တွေ့မယ်လေ” တဲ့ တကယ်တော့
ကျမ မောင်နှင့် ထပ်မတွေ့တော့ သည်မှာ ခုဆို ဆယ်စုနှစ် ၂ ခုနီးပါး။

ကျမ နိုင်ငံခြားမထွက်မီ ကျမအိမ်သို့ ပါဆယ်ထုတ်လေး စာတစောင်နှင့် ရောက်လာသည်
မောင့်တို့ နိုင်ငံရေးသမားများ ထဲက လွတ်လာသောသူကို မောင်ကိုယ်တိုင်ထိုးထားသော သိုး
မွှေး ချည်သဘက်စောင်အ၀ါရောင်လေးနှင့် စာတစောင်ထည့်ပေးပြီး ကျမလိပ်စာနှင့် ပို့ခိုင်းခဲ့
ခြင်းဖြစ်သည်။ ကျမ အ၀ါရောင်ကို ငယ်ငယ်လေးထဲက နှစ်သက်တာ မောင်သတိယနေသေး
သည်။ အောက်ခြေမှာ မင်းကို အမြဲလွမ်းနေပါတယ် အဓိပါယ်ရတဲ့ အင်္ဂလိပ်စာတန်းလေး၊ ထို
ချည်သဘက်လေးမှာ ငါးရုပ်လေးတွေ ဖေါက်ထားသည်။

ထိုငါးရုပ်လေးများကလည်း ကျမတို့ ၂ယောက် ငယ်ငယ်က ငါးလေးတွေကို ခဲနဲ့ ပေါက်ခဲ့ကြ
တာ ကျမက ငါးရုပ်လေးများ ဆွဲပြီး ကပ်ကြေးနဲ့ကိုက် ငါးဟင်းချက်တန်း ကစားခဲ့ကြတာကို
မောင်သတိတရ နှင့် ထည့်ထားခြင်းဖြစ်သည်။ မောင့် သဘက်စောင်လေးနှင့် အတူပါလာ
သောစာလေးမှာ တိုတိုလေး “ နှင်းနှင်း ငါနင့်ကို အရမ်းချစ်တယ် နင်ငါ့ကို ချစ်ချစ်မချစ်ချစ်တဲ့”
ကျမရဲ့ သဘောထား ဘယ်လိုရှိတယ်ဆိုတာတော့ မမေး မောင့်ကို ကျမ စိတ်ဆိုးချင်သည်။

ဘာပဲဖြစ်ဖြစ် မောင်ကျမကို ချစ်တယ်ဆိုတာတော့ ယုံပါသည်။ မောင်လွတ်လာလျှင် ကျမပြန်
လာမည် ကျမတို့ လက်ထပ်ပြီး မောင့်ကို ကျမနဲ့ အတူခေါ်သွားမည်။ မောင့်ကို နိုင်ငံရေး ဆက်
မလုပ်စေချင်တော့ ကျမနဲ့ အတူ ဘ၀လေးတခုထူထောင်စေမည် မောင့်ကို မြန်မာပြည်မှာ ထားလျှင်စိတ်မချ မောင့်ကို ထပ်ဖမ်း ထပ်ညှင်းဆဲနေမှာ စိုးသည်။ မောင်ခံနိုင်ရည်ရှိတာက တ
ပိုင်း ကျမစိတ်ကူးလေးထဲမှာ ကျမ သူ့ကို မောင်လို့ ထိုအချိန်က စ ခေါ်ထားခဲ့သည်။

မောင်နှင့် အဆက်သွယ် ပြန်ရတဲ့နေ့ “ မောင် နှင်းလည်း မောင့်ကိုချစ်တယ်” လို့ ပြောမည်။
မောင် ထောင်က ၁၉၉၄ ခုအောက်တိုဘာလမှာ ပြန်လွတ်လာသည်။ မောင်ထောင်က လွတ်
လာခဲ့စဉ်က မောင်ကို ကျမဖုန်းရတော့ ကျမစိတ်ကူးလေးထဲက အတိုင်း“မောင်.နှင်းလည်း
မောင့်ကိုချစ်တယ်” လို့ ပြောလိုက်သည်။ မောင်က ထိုသို့ပြောမည် ဟုမထင် “ငါအရမ်းဝမ်းသာ
တာပဲ နှင်းနှင်းရာ” တဲ့ ကျမက မြန်မာပြည်ကို ပြန်လာမည် မောင်နှင့် လက်ထပ်ပြီး မောင့်ကို
ကျမရှိရာ နိုင်ငံကို ခေါ်သွားမည့် အကြောင်းပြောတော့ မောင် တော် တော်ကြီး တိတ်ဆိပ်သွား
သည်။

တို့တွေ တိုင်ပင်ကြတာပေါ့ ဟုသာပြောသည်။ မောင်အသံကို ကျမ နားမလည် ၀မ်းသာသည်
လည်းမဟုတ် ၀မ်းနည်းသည်လည်း မဟုတ် ချိန်ချိန်ဆဆ ပြောနေသည်ကိုတော့ ကျမသိသည်
ကျမ က ကျမကို ငယ်ငယ်တုန်းကလို မောင်အလိုလိုက်ပေးမည်ဟု သာထင်နေခဲ့သည်။

ကျမမြန်မာပြည် ကိုပြန်လာဖို့ ပြင်ဆင်နေချိန် မောင်နှင့် ဖုန်း ခဏခဏ ရပါသည်။ မောင် က
မြန်မာပြည်ကနေ ထွက်ခွာဖို့ပြောတိုင်း စကားကို ပြောင်းပစ်သည်။ ကျမကလည်းမောင့်ကို စိတ်မချ နောက် ကျမရှိရာ တိုင်းပြည်မှာဆို ကျမစိတ်ချသည် ကျမနှင့်အတူ ရှိနေမည် ပြောပြ
တိုင်း မောင့်အသံတွေ တိုးညှင်းဖျော့ကျ သွားတတ်သည်။

ကျမ မြန်မာပြည်ကို အရင်ပြန်လာပြီး သူနှင့်တွေ့ဖို့ရန်သာ ပြောသည်။ ကျမကလည်း မောင်ပို့
ပေးသော မောင့်လက်ရာ သိုးမွှေးချည် သဘက်စောင်လေးကို မောင့်ကိုသတိယတိုင်း ထုတ်
ကြည့်ရကြောင်း မောင်က ထိုသဘက်လေးကို ကျမလက်ခံရရှိကြောင်း သူ့ထောင်ဝင်စာမှာ သိ
သွားထဲက ၀မ်းသာနေကြောင်း သူ့ကို ပြန်ချစ်လိမ့်မည်လို့လည်း သူမထင်ကြောင်း ထို့ကြောင့်
သူ ထိုကဲ့သို့ ရေးထားခဲ့ကြောင်းပြောပါသည်။

ဘာပဲဖြစ်ဖြစ် ၁၉၉၆ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ကျမပြန်ရောက်အောင်လာမည် နှစ်သစ်ကူးပွဲ
တော်ကို မောင်နှင့်အတူ ၂ ယောက်ထဲကျင်းပမည် ပင်လယ်ကမ်းခြေတခုခုကို ခရီးထွက်ကြ
မယ် လို့ တိုင်ပင်ထားခဲ့သည်။ ကျမ တကယ်ပဲ ဒီဇင်ဘာနောက်ဆုံးပတ်မှာ မြန်မာပြည်ကို ပြန်
ရောက်လာခဲ့ပါသည်။

သို့သော် မောင်မရှိတော့ မောင်တို့ကို ၁၃.၁၂.၁၉၉၆ ရက်နေ့ ညမှာ ဖမ်းဆီးသွားခဲ့သည်။ ၁၉၉၆ ခုနှစ် ကျောင်းသားလှုပ်ရှားမှုကို နောက်ကွယ်မှ အားပေးကူညီ ထိမ်းချူပ် စီစဉ်ပေးမှု
ဖြင့် မောင် အဖမ်းခံရသည်။ မောင့်အိမ်မှ ကျမကို ဖုန်းဆက်ပြောပြတော့ ကျမ အံ့သြလွန်းလို့ စကားတောင်ပြန်မပြောနိုင် သို့သော် မောင့်ကိုတွေ့လို့ တွေ့ရငြား ကျမ ပြန်လာခဲ့ပါသည်။

မောင့်ကိုလည်း အရမ်းစိတ်ဆိုးသည်။ မောင်က ကျမထက် အခြားသူတွေကို ပိုချစ်လို့သာ ဒီ
အလုပ်တွေကို လုပ်နေချင်းဖြစ်သည် ဟုထင်သည် မောင့်ကို နှစ်ကာလကြာစွာ စောင့်နေခဲ့ရ ခြင်းကို မောင့် မငှဲ့ညာ မောင်လုပ်ချင်ရာ မောင် ၀ါသနာပါရာကိုသာ လုပ်နေခဲ့သည် လို့လည်း အကြိမ်ကြိမ် စွတ်စွဲရင်း ကြေကွဲနေခဲ့သည်။

ဒီတခါတော့ မောင့်ကို ကျမ တွေ့ခွင့်မရတော့ မောင့်မိသားစုပင် အဖမ်းခံရကြောင်း သိပြီး
မောင့်ကို ဘယ်နေရာမှာ ချူပ်နှောင်ထားကြောင်း မသိ။ ကျမရဲ့ ခွင့်ရက်များသာ ကုန်ဆုံးသွား
ပြီး မြန်မာပြည်က နေပြန်သွားရသည်။ ကျမရဲ့ စိတ်ကူးအိပ်မက်တွေ အကုန်ပြိုလဲသွားသည်။

တခါတလေ မောင့်ကို သနားသော်လည်း ကျမအပေါ် တကယ်ချစ်ခဲ့တာ ဟုတ်ပါ့မလား သံ
သယ၀င်သည်။ မောင်သည် ကျမထက် မြန်မာပြည်ကို ချစ်သည် ကျမထက် ဇာတိမြေကို ခင်
တွယ်သည်။ ကျမထက် လူအများအကျိုးကို ပိုမိုဆောင်ရွက်ချင်သည်။ ကျမထက် ပိုချစ်စရာ
တွေ မောင့်မှာက အပြည့် ကျမကတော့ မောင့်ကို ဆုံးရူံးရသည်ထက် မောင့် အချစ်များကို ထပ်မံ ဆုံးရှုံးခံလိုက်ရ သည်လို့ မြင်မိသည်။

နောက် မောင် နှစ်ရှည်ထောင်ဒါဏ်ကျ သွားကြောင်း သိရ မောင့်ဖေဖေ ဆုံးသွားကြောင်းသိရ
ပြီး မောင်အမ များလည်း အိမ်ထောင် အကုန်ကျကုန်ကြပါသည်။ မောင့်အိမ်နှင့် ဖုန်းရတိုင်း
မောင့်သတင်းကို မေးရတိုင်း မောင်က သူ့ကို မေ့လိုက်ဖို့ သူ့ကို စောင့်မနေဖို့ သူစိတ်မကောင်း
ကြောင်း သူ့ကို နားလည်ပေးပါ ရန်နှင့် ကျမကို အိမ်ထောင်ပြုလိုက်ဖို့သာ တိုက်တွန်းကြောင်း
သိရပါသည်။

မောင် ထပ်အဖမ်းခံရပြီး ၃ နှစ်အကြာမှာတော့ ကျမကို ချစ်သော ကျမပြောင်းရွှေ့သွားသော နိုင်ငံ အထိပါ လိုက်ပါလာပြီး ကျမက ငြင်းသော်လည်း စိတ်ရှည်စွာ ချစ်ခဲ့သောသူကို ကျမ လက်ထပ်လိုက်ပါသည်။ မောင့်ကို ကျမ စောင့်ချင်ပါသည်။ တကယ်တော့ မောင်နှင့် ကျမ
သည် နီးမလိုလိုနှင့် ဝေးကွာလွန်းခဲ့ပြီး ဝေးကွာမလိုနှင့် နီးခဲ့ကြသော သူများသာဖြစ်သည်။

ကျမ လက်ထပ်သွားတဲ့ သတင်းကို မောင့်အမေနှင့် မောင့်အမများက မောင်စိတ်ဆင်းရဲမှာစိုး
လို့မပြော မောင်က လွတ်လာပြီးမှ သိသည်။ သို့သော် မောင်နှင့်ဖုန်းရတော့ ကျမက မောင့်ကို
မောင်လို့ပဲ ခေါ် မိနေသည်။ မောင်ကတော့ မခေါ်စေချင် တော့ မောင့် အသံ ရွှင်ရွှင်လန်းလန်း
ကို ကြားရတော့ စိတ်ချမ်းသာ သည် မောင်အတော်ကြီးကို ခံနိုင်ရည်ရှိသွားနေပြီ ။ ကျမတို့
ထပ်မတွေ့ဖြစ်တော့ပါ။ ခုဆို နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျမ မောင်နှင့်ထပ်ဆုံ လိုပါ သေး
သည်။မောင့်မျက်လုံးတွေကို ကျမဖတ်ကြည့်ချင်ပါသေးသည်။ သို့သော် မောင် ခုတခေါက်ပြစ်
ဒါဏ်ထပ် ကျခံရခြင်းက မကြားဝံ့ မနာသာ ၆၅ နှစ် မောင့်အမေ သည်ပင် ကွယ်လွန်သွားခဲ့ပါ
ပြီ။ မောင်ကတော့ မောင်ယုံကြည်ရာ လမ်းကို လျှောက်နေဆဲ။ မြန်မာပြည်သူတို့ လွတ်မြောက်
ရေးအတွက် သူ့ ဘ၀ကို စတေးနေဆဲ။

မောင် ကျမ ဘာမှ ပြောခွင့်လည်း မရတော့ပါ ပြောခွင့်ရရင်တော့ ကျမ တခုပြောလိုပါသေး သည် “မောင်သိပ်ချစ် တဲ့ မောင့်တိုင်းပြည် ကျမရဲ့ ဇာတိမွေးရပ်မြေကို မောင်ချစ်သလို ကျမ
မချစ်ခဲ့ခြင်းက ကျမ မှားယွင်းသွား ခဲ့ပြီ ထင်တယ် မောင်” ဟု သာ။


ကိုချစ်ဖေ

(မှတ်ချက်။ ။ချစ်ကိုယ်တွေ့ မဟုတ်ပါ တကယ်ဖြစ်ရပ်မှန် တခုကို ဆီလျှော်အောင်ပြန်ရေး
သားပါသည်။ ကိုချစ်ဖေလည်း တ မောင် မောင် နှင့်..ဟီး..)

9 comments:

Nge Naing November 24, 2009 at 1:44 AM  

ကျွန်မက ကိုချစ်ဖေ ဇာတ်လမ်းထင်ပြီး ဖတ်လာခဲ့တာ အဆုံးကျမှ သူများဇာတ်လမ်းမှန်း သိရတယ်။ ဒီမိုကရေစီ တော်လှန်ရေးအတွက် အချစ်ရေးအပါအ၀င် အရာအားလုံးကို စွန့်လွှတ်သွားသူတွေ အများကြီး ရှိပါတယ်။ သူတို့နှစ်ဦး လက်တွဲဖို့ မဖြစ်နိုင်တော့ပေမယ့် ပြန်ဆုံရပါစေလို့တော့ ဆုတာင်းပါတယ်။

မြစ်ကျိုးအင်း November 24, 2009 at 4:06 AM  

နိင်ငံအတွက် စတေးခံသွားရတဲ့ သွေးတွေ ချွေးတွေ အသက်တွေ နှလုံးသားတွေ မရေမတွက်နိင်အောင်ပါပဲ

ဒါလည်း စတေးလိုက်ရတဲ့ နှလုံးသားတခု အကြောင်းပါပဲ။

အခါခါကြားနေခဲ့ရပေမယ့် ထပ်ဖတ်ရတိုင်း ထပ်ကြားရတိုင်း စိတ်မကောင်းခြင်းက အမြဲလိုလို ဖြစ်နေရတာပါပဲ။

လွတ်မြောက်ငြိမ်းချမ်းကြပါစေ..။

Ko Toe Gyi ( Multiply Boo Boo Gyi ) November 24, 2009 at 7:06 AM  

ဖတ်သွားခဲ့ပါတယ်

ရွှေရတုမှတ်တမ်း November 24, 2009 at 4:16 PM  

ကိုချစ်ဖေကြီးလဲ..အချစ်အကြောင်းတွေရေးနေပြီ..
သူလဲ..တခုခုတော့..တခုခုပဲ...

Ko Toe Gyi ( Multiply Boo Boo Gyi ) November 24, 2009 at 4:26 PM  

အဆင့် ၅ ကနေ အဆင့် ၁၀ အတွင်း ရတာကို မတော်ပါဘူး လို့ ပြောရအောင် ဦးချစ်ဖေကြီး ဘယ်လောက်မှတော်တယ်ပြောမှာတုန်းဗျ ကျတော်လူ၇၀ မှာ အဆင့် ၃၂ ရတာ တော်တယ်ဘဲထင်နေခဲ့တာလေ
ထောင် သုံးခါ ကျဘူးတဲ့ကျောင်းသားတယောက်သူကြိုက်တဲ့ ကောင်မလေးက နိုင်ငံခြားတိုင်းပြည်မှာ-----???????
ကျတော် မသိတာ တော်တော်ညံ့တာဘဲ

ဆောင်းယွန်းလ November 24, 2009 at 4:33 PM  

ကိုချစ်ဖေရဲ့ဝတ္ထုထဲမှာ ကျနော်လည်းမျောသွားခဲ့တယ်ဗျာ....
ပို့စ်မတင်ခင်နေ့က ပေးဖတ်ခဲ့တဲ့အတွက် ကျေးဇူးတင်တယ်ဗျာ...မနေ့ကဖတ်မလို့လုပ်ပြီးနှ သူငယ်ချင်းတယောက်နဲ့ဖုန်းပြောနေတာကြာသွားလို့ မဖတ်ဖြစ်ခဲ့ဘူး...အခုမှ လာဖတ်ဖြစ်တယ်ဗျာ....
ချစ်ကိုယ်တွေ့မဟုတ်တောင်မှ အနီးစပ်ဆုံး ခင်မင်ရတဲ့သူငယ်ချင်းတယောက်ရဲ့ ကိုယ်တွေ့တောင်ဖြစ်နိုင်တယ်လို့ စဉ်းစားနေမိတယ်..
ဒီလိုဖြစ်သွားခဲ့ကြတဲ့ ဘဝတွေ ကျနော်တို့နိုင်ငံမှာ တော်တော်များများရှိခဲ့မှာပဲလို့လည်း စဉ်းစားနေမိတယ်ဗျာ...
ကိုချစ်ဖေရဲ့ အရေးအသားတွေတကယ်ကောင်းတယ်ဗျ..
စိတ်ထဲမှာ နှစ်ရှည်လများ မြိုသိပ်ထားခဲ့သမျှကို အခုမှ ဖွင့်ထုတ်ခွင့်ရတယ်ဆိုတော့ သွက်လည်းသွက် ထက်လည်းထက်တယ်ဗျာ.....

ကိုချစ်ဖေ November 24, 2009 at 5:50 PM  

ကော်မန့်တွေဖတ်ရတော့ ရေးရတာအားရှိပါတယ်ဗျာ.ကျနော့်အရင်းနှီးဆုံးသူငယ်ချင်း ၂ ယောက်ဇာတ်လမ်းပါ.
အဓိက ပြောပြသူက ကောင်မလေးမို့ ကောင်မလေးနေရာက ၀င်ရေးတာပါ.ကောင်လေးနေရာကဆို ဘာမှမသိရပါဘူး.ဘာမှလည်းမပြောပါဘူး..ဗျာ.သူကကြိတ်ပုန်းခံစား သူ.
ကိုချစ်ဖေကြီးလည်း ထောင်အကြောင်းတွေရေးရင်း မောင် အကြောင်းပါရေးချင်လာလို့ပါ. ကိုချစ်ဖေလည်း အသည်းနဲ့ပဲလေဗျာ ကိုကျောက်ရယ်.ဟဲဟဲ.(အဖေတို့ခေတ်ကသီချင်းလို)နောက်သူငယ်ချင်းတွေကလည်း ကျနော့် အရေးအသား အရုပ်ဆိုးဆိုးသမီးလေးကို ကွန်းတောင်ကိုင် မြှောက်နေတော့ သိသိကြီးနဲ့ သဘောတွေကြ ပီတိတွေဖြစ်နေတာ..အဲ့ဒါနဲ့ ရေးဖြစ်နေတော့တာ.လာဖတ်တဲ့ သူငယ်ချင်းတွေကို အပြင်မှာဆို လက်ဖက်ရည်လိုက်တိုက်ရင်း ကိုချစ်ဖေကြီးပြုံးပြုံး ပြုံးပြုံးနဲ့နေချင် သဗျာ..

yannaung November 24, 2009 at 6:33 PM  

ကိုချစ်ဖေ နဲ့  မသောင်းညွန့် အကြောင်းလေးက ဖတ် လို့ကောင်းသားဗျ။

Ko Oo November 25, 2009 at 1:42 AM  

ရဲဘော်ကြီးရေ ...
ရောက်ပါတယ်ဗျို့ ။ ရေးစရာ နေရာမရှိလို့ ဒီနေရမှာပဲ ပွားသွားတယ်။ စာတွေလည်း တော်တော်များများ ဖတ်သွားဖြစ်ပါတယ်။ နောက်လည်းလာလည်အုံးမယ်ဗျာ။ အောင်မြင်ပါစေ။

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP