ကျနော်နဲ့ ခင်ဗျား ကြားက ၀ှက်ဓါးတွေ အကြောင်း
ကျနော်နဲ့ ခင်ဗျား ကြားက ၀ှက်ဓါးတွေ အကြောင်း
ဝင်ကစွပ်တကောင်လို
ဟိုထဲဝင် ဒီကထွက်နဲ့
ကမ်းခြေမဲ့ရတဲ့ သူပါ။
ဆီသည်မ လက်သုပ်လို
အများသူငှါ ပြောပြောနေတဲ့
လှပတဲ့ တရားမျှတခြင်းဆိုတာ..
ခင်ဗျားက
တသက်လုံးဝှက်ထားတဲ့ ဖဲတွေကိုချပြပြီးမှ
ထပ်မံလုယှက်သွားသလိုမျိုး
ကျနော်ကရော
ကျနော့် မျက်လုံးတွေကို
အံဝှက်တွေထဲ ထည့်ထားခဲ့တာပဲ မဟုတ်လား.
သင်းကွဲတို့ရဲ့ အရပ်မှာ ဘ၀ပြိုချိန်
ခင်ဗျားက
ကျနော့်ကျောပေါ် ဖြတ်လျှောက်သွားခဲ့ပြီး
ကျနော်က ခင်ဗျားရင်ကို
မချစ်မနှစ်သက်ပဲ နမ်းရှုံ့ခဲ့တာမျိုး
သိက္ခာတရားဟာ
ဆိပ်ကွယ်ရာမှာ
ဝတ်လစ်စလစ် ဆံလွန်းတယ်..
ခင်ဗျားနဲ့ ကျနော်ကြား မှာတော့
ခေတ်ကြီးတခေတ်လုံးလိုလို
ယဉ်ကျေးခဲ့တယ်.
မိုးစဲနေ
7 comments:
ကံကြမ္မာကို ရိုးမယ်ဖွဲ့ပြီး
မတရားတမှု ခင်ဗျား ပြုလို့ရသလား...။
သံသရာ မျက်လှည့် ရက်တွက်မစေ့သလို
တရားမျှတခြင်းတွေ ညစ်နွမ်းနေရင်
ပန်းတွေ ခြွေပါတယ်ဆိုတဲ့ ခင်ဗျားလက်က
ညစ်နွမ်းရာ ကျတော့မပေါ့...။
ခင်ဗျားနှင်ရာ.. နှင်လို့..
ကျနော်ပြေးရာ ခရီးလမ်းမှာ...။
အသိဗလာတော့ မဟုတ်
အရှိကို ဗလာလုပ်ပြခဲ့တဲ့ပါ...။
သိက္ခာတရားကို အချိုးချတော့
ရိုးမယ်ဖွဲ့လိုက်တဲ့ ခင်ဗျားနဲ့
ခဏာတာညှိုးငယ်ခဲ့ရတဲ့ ကျနော့်အတွက်
ဒီခေတ် ဒီအခါမှာတော့
ဘယ်အရာ ဘယ်အကြောင်းက
ပြိုပျက်စေခဲ့တာလဲဗျားးးးး
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
ခင်ဗျားနဲ့ ကျနော်ကြား မှာတော့
ခေတ်ကြီးတခေတ်လုံးလိုလို
ယဉ်ကျေးခဲ့တယ်.
တွေးစရာတွေတပွေ့တပိုက်လာယူသွားတယ်ဗျာ.....
ကိုချစ်ဖေရေ
စာတွေလာဖတ်သွားပါတယ်နော်...
ဝှက်ဓါးတွေအကြောင်းကိုလဲ ခံစားသွားပါတယ်..
နှင်းနဲ့မာယာ
လာလည်ပါတယ်ရှင့်
ဝှက်ဓါး ကဗျာရော ကျန်တဲ့ စာတချို့ပါ ဖတ်သွားပါတယ်
အဆင်ပြေပါစေ ရှင်
လာဖတ်တယ်ဆရာ
ခောတ်ကြီးတခောတ်လုံး ယဉ်ကျေးခဲ့သတဲ့လား
မုသာဝါဒ တွေကြားမှာ
ရိုးသားခြင်းကို ရှာခဲ့ဘူးတယ်
ဒါပေမယ့်
မေခလာ ကိုမတွေ့ ခဲ့ဘူး
မင်္ဂလာပါ။ ကဗျာလာဖတ်သွားပါတယ်။ ကျွန်မက တိုက်ရိုက်မရေးတဲ့ စာပေတွေ သိပ်နားမလည်လို့ အရင်က တခါမှ ကဗျာကို မဖတ်တတ်ဘူး။ ငယ်ငယ်က ကျောင်းမှာတုန်းကလည်း ၈၅ ခုနှစ် စနစ်သစ်ပြောင်းပြီးတာနဲ့ ကဗျာကို သီးသန့်ကျက်စရာမလိုတဲ့ ခေတ်ကို ရောက်လာတော့ စကားပြေကိုပဲ နားလည်အောင်လုပ်ပြီး ကဗျာကို လှည့်မကြည့်တော့ဘူး။ ကဗျာတွေကို အခု ဘလော့ဂ်ရေးပြီးမှ ဖတ်လို့တတ်သွားတယ်။
ကျွန်တော်
ခင်ဗျား
ဝှက်ဓါး
ကိုမိုးစဲနေ ရဲ့ ကဗျာလေးကို ပထမဆုံးအကြိမ် လာရောက် ဖတ်ဖြစ်ပါတယ်။
နောက် မကြာခဏ လာလည်နိုင်ဖို့ အတွက် လင့်ခ်လေး ယူထားခွင့် ပြုပါခင်ဗျာ။
မိုးကုတ်သား
Post a Comment