စစ်အစိုးရအကျဉ်းထောင်တွင်း ကျနော်ကြုံခဲ့ရသမျှတစိတ်တဒေသ(၁)
စစ်အစိုးရအကျဉ်းထောင်အတွင်းကျနော်ကြုံခဲ့ရသမျှတစိတ်တဒေသ(၁)
ခုပြန်တွေးကြည့်တဲ့အခါတော့ ပေါ့ပါးစွာတွေးနိုင်လာသည်။ ထိုအဖြစ်အပျက်တို့ဖြစ်နေစဉ်ကာ
လ တုန်းကတော့ ခက်ခဲသည်။ကြမ်းတမ်းစွာဖြတ်ကျော်ခဲ့ရသည်။ မည်သို့သောအခြေအနေတို့
ဖြစ်ခဲ့ပါစေ ခုတော့အတိတ်ဖြစ်ကျန်ခဲ့ပြီ။ အတိတ်ကိုအရိပ်ရယ်လို့ထားခဲ့နိုင်ခြင်းတွေရှိနေခဲ့သ
လို မထားခဲ့နိုင်ခြင်းတွေသည်လည်း တွေးမိလေတိုင်းပြန်ပေါ်လာခဲ့သည်။တခါတရံ အခန်း
ဆက်ရုပ်ရှင်ကားတခုလို။
ထိုကာလများအတွင်းကျနော်တရက်ခြင်းခက်ခဲစွာကျော်လွန်ခဲ့ရသည် တလခြင်းပင်ပမ်းစွာ
ဖြတ်ခဲ့ကြရသည်။ထိုမှသည် တနှစ်ခြင်း ကျနော်မမေ့နိုင်သောအတိတ်တို့သည် တချို့မှုန်ဝါး
သွားခဲ့ပြီတချို့ မျက်ဝါးထင်ထင်ပကတိရှိနေဆဲ။
ပုသိမ် အနောက်တောင်တိုင်းစစ်ဌါနချူပ် တိုင်းထောက်လှမ်းရေးအမှတ်(၄) မှ စစ်ကြောရေး
လုပ်ပြီးနောက် ကျနော့်ကိုပုသိမ်ထောင်သို့ ပို့လိုက်သည်။(၁၁.၅.၈၉)ရက်နေ့။စစ်ကြောရေးမှ
အကျဉ်းသားသီးသန့်တိုက်သို့ ကျနော်တို့ပြောင်းရွေ့ခဲ့ရသည်။ စစ်ကြောရေးမှလွတ်လာသည်
ဆိုတော့ ထောင်သည် တကယ့်မွေ့လျှော်ဖွယ်။ ညစဉ်နှိပ်စက်ညှင်းပမ်းခံရခြင်းက လတ်တ
လောလွတ်မြောက်လာခဲ့သည်။
ကျနော်က အခန်းနံပါတ်(၁၅) အခန်းနံပါတ်(၁၄)က ထောင်တွင်းပြစ်ဒါဏ်ကျနေသူများကိုထား
ရှိရာအခန်း ကျနော်ကမသိ အခန်းတခန်းအတွင်းလူငါးယောက်စုပြုံထည့်ထားပြီးနေရောင်ခြည်
ထိတွေ့ခွင့်မရသဖြင့် အသားအရေတို့မှာဖြူရော်ရော် ရေချိုးခွင့်မရသဖြင့် အနံ့အသက်ပေါင်းစုံ
ကျနော် တိုက်ရှေ့ကွက်လပ်ငယ်သို့ဝင်လာတော့ သူတို့အားလုံးအခန်းတခါးဝမှာ ပြူကြည့်ကြ
သည်။ အထူးအဆန်းကဲ့သို့ ကျနော်ကလည်းထူးဆန်းနေသည်။ တလခန့် နည်းအမျိုးမျိုးနဲ့စမ်း
သပ်ခံခဲ့ရလို့ လူကလူနှင့်မတူတော့ ကြောင်စီစီ မုတ်ဆိတ်မွေးနူတ်ခမ်းမွေးတွေထိုးထိုးထောင်
ထောင်။ခြေထောက်တွေက တုံဆိုင်းဆိုင်းဘဲသွား။ သူတို့ကထူးဆန်းနေသလို ကျနော်တို့က
လည်း သံကြိုးတွေ ခြေခြင်းတွေဖြင့် အခန်းတခန်းထဲစုပြုံပိတ်လှောင်ထားသောလူစုကို ကျနော်
ကလည်း ထူးဆန်းနေပါသည်။
အစောင့်ထောင်ဝါဒါပါလာတော့ သူတို့ကလည်းမမေးရဲ ကျနော်ကလည်း မနူတ်ဆက်ရဲ နူတ်
ဆက်ရင် အခန့်မသင့်ရင် အဆဲခံရမည် အရိုက်အနက်ခံရမည် ထို့ကြောင့်အနေအထိုင်တတ်ဖို့
လိုသည်။ အစောင့်ထောင်ဝါဒါတွေ ကျနော်တို့ကို တိုက်ခန်းတွင်းသွင်းပြီးအပြင်သံတံကားကို
ပိတ် အဆောင်ရှေ့ကွက်လပ်မှ ပျောက်ကွယ်သွားပြီးပြီးခြင်း တဖက်ခန်းမှ စကားစလာသည်။
“ဗျို့ဆရာ ခင်ဗျား ဘာမှုလဲဗျ” ဟုမေးလာသည်။ကျနော်ကလည်း သေချာမသိသေး သို့သော်
ရဲသတင်းတပ်ဖွဲ့ကပြောသော ၁၇(၁)ပုဒ်မ။ ထိုပုဒ်မက ဘာပုဒ်မဆိုတာလည်းမသိ။နိုင်ငံရေးနှင့်
ပတ်သက်သည်ဟုသာသိသည်။ နောက်မှ မတရားအသင်းအဖွဲ့အက်ဥပဒေပုဒ်မ ၁၇(၁)ဖြစ်
ကြောင်းသိရသည်။ အစိုးရမှ မတရားအသင်းအဖွဲ့ဟု ကြေငြာထားသော အစိုးရကိုလက်နက်
ကိုင်ပုန်ကန်နေသော အဖွဲ့အစည်းတခုခုနှင့် တရားမ၀င်ဆက်သွယ်ခြင်း အဖွဲ့ဝင်ဖြစ်ခြင်း လူ
သစ်စုဆောင်းပေးခြင်း ဆက်ကြေးကောက်ခံခြင်း တနည်းနည်းဖြင့် အားပေးကူညီကြောင်းပြစ်
မှုထင်ရှားလျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုစွဲရုံးတင်စစ်ဆေးသည့်အမှု့ဖြစ်သည်။
ဂုဏ်ယူဖွယ်ကောင်းလေစွ။
ကျနော်က ပြန်အော်ရသည်။ “ကျနော် ၁၇(၁)မှုပါ ခင်ဗျားတို့ကရော” ကျနော်တို့က ခိုးမှု့ပါ
နောက်တယောက်က ကျနော်က ဖဲသုံးချပ်စကားလို့ပါ နောက်တဦးက ကျနော်ကခိုးရာပါပ
စ္စည်းလက်ခံလို့ပါ လို့အသီးသီးပြန်ပြောကြသည် ထိုသို့ပြန်ပြောရင်းလည်း ရယ်နေကြသည်။ကျ
နော်စိတ်ထဲထူးတော့ထူးဆန်းနေသည်။ သူတို့သည်သူတို့လုပ်ခဲ့သောပြစ်မှုများကို ပျက်ရယ်ပြု
သည်လား မည်သို့နည်း။
ထိုကာလက ထောင်တွင်းတွင်ဆေးလိပ်သောက်ခွင့်မပေး ရှစ်လေးလုံးအရေးတော်ပုံကာလ အ
တွင်း အကျဉ်းသားများက ထောင်ဆူ၍ အဆောင်များကို မီးရှို့လိုက်သောကြောင့် ပြစ်ဒါဏ်ပေး
သည့်သဘော ဆေးလိပ်သောက်ခွင့်ပိတ်ထားခြင်းဖြစ်သည်။ ကျနော်တို့ရောက်ရှိသွားချိန်တွင်
လည်းသောက်ခွင့်မရှိ။ ဆေးလိပ်မသောက်ရလေ ခံတွင်းချဉ်လေ သို့သော်မတတ်နိုင် ကိုယ့်ကို
ဆေးလိပ်ထောင်ဝင်စာလည်း ပေးလို့မရ ထောင်ဝင်စာပေးရအောင်လည်း အိမ်ကကျနော့်ကို
ဘယ်ရောက်နေမှန်းတောင်မသိ။ ထို့ကြောင့်ပဲကျိတ်မှိတ်နေရသည်။ ထိုအချိန်ကဆေးလိပ်သည်
ထောင်တွင်းမှောင်ခိုပစ္စည်း ဖြစ်သည်။
ထိုအချိန် တဖက်တိုက်ပိတ်ထားသောအခန်းဆီမှ ဆေးလိပ်နံ့လေထဲသို့လွင့်လာသည်။နောက်
အသံတသံ “ဗျို့ဆရာ ခင်ဗျားဆေးလိပ်သောက်တတ်လားဗျ ဆေးလိပ်သောက်တတ်ရင် ကျ
နော်တို့ဆေးလိပ်ပေးမယ်” ဟုလှမ်းပြောပါသည်။ကျနော်ကလည်းဝမ်းသာအားရ “ကျေးဇူးပါပဲ
ဗျာ ကျနော် ဆေးလိပ်သောက်ချင်နေတာ ခင်ဗျားတို့ဘယ်လိုပေးမလဲ” လို့ပြန်ပြောရပါသည်။
သို့သော်မည်သို့မည်ပုံ ဆေးလိပ်ကိုပေးမည်လည်း သူတို့နှင့်ကိုယ်နှင့်အခန်းခြင်းကပ်လျှက် သူ
လည်းပိတ်ထား ကိုယ်လည်းပိတ်ထားသည် ယူပေးမည့်သူလည်းမရှိ ကျနော်သိချင်လာသည်။
ကျနော်မနေနိုင်တော့ “ဘေးခန်းကအကိုတို့ဘယ်လိုပေးမှာလဲဗျာ” လို့ ကျနော်မေးလိုက်သည်။
သူတို့က ခဏလေးစောင့်ရန်လှမ်းပြောသည်။ နောက်ကျနော် အခန်းရှေ့သို့ ကျောက်ခဲအသေး
နှင့်ပူးချီထားသော ပုံစံပုဆိုးကို ဖြဲ၍ကြိုးကျစ်ထားသော ကြိုးငယ်ဖြင့် ဘေးတိုက်လှမ်းပစ်ပေး
သည်။ ပစ်မယ်လို့အပြော ကျနော်တို့အခန်းရှေ့အရောက် အချိန်အဆမှန်စွာဖြင့်ပစ်နိုင်လေ
သည်။ နောက်မီးကိုလည်း သပ်သပ်ပစ်ပေးသည်။ ထိုညကသောက်ရသောဆေးလိပ်တလိပ်
သည်အလွန်ပဲသောက်ကောင်းသောဆေးလိပ်လည်းဖြစ်သည်။ဆေးလိပ်ကတော့ ပုသိမ်သား
တို့သောက်သော ယုန်စန္ဒာဆေးပေါ့လိပ်။
ကျနော့်မှာ အ၀တ်တထည်ကိုယ်တခု အခန်းထဲမှာကတမံတလင်းပေါ်မှာ ဖျာကြမ်းအစုတ်လေး
(၁)ချပ် နောက်မိလ္လာ ဂံဖလားအိုး ဒါပဲရှိသည်။ အခန်းရှေ့မှာ ပလပ်စတစ်သောက်ရေခွက်နှင့်
သောက်ရေအိုး ရေကိုလိုသလောက်သောက်နိုင်ပေပြီ။ စစ်ထောက်လှမ်းရေး စစ်ကြောရေး(၁၀)
ပေပတ်လည် အခန်းလေးမှာ အချို့နေ့များ၌ရေလုံးဝမသောက်ရ။ ညမအိပ်ရ ထမင်းမစားရ မြန်
မာစကား နှိပ်စက်ညင်းပမ်းကို အစတုန်းကအတူတူဟုသာထင်ထားခဲ့သည်။ ထိုရောက်မှ နှိပ်
စက်တာက သပ်သပ် ညင်းပမ်းတာကသပ်သပ်ကွဲပြားသွားသည် တခါတခါ နှစ်ခုလုံးပြိုင်တူ
လုပ်တာလည်းရှိသည်။ ဝေါဟာရတခုကိုတော့ ကျနော်ကျေညက်သွားသည်။
ကျနော်တို့ရောက်သည့်အချိန်က မိုးဦးကျ ခြင်များက အုပ်ဖွဲ့၍ကိုက်သည့်ကာလ ခြုံစရာလည်း
မရှိ ပုဆိုးခြုံပြီးကွေးရတော့သည်။ သို့သော်စစ်ကြောရေး ငရဲခန်းမှာထက် အများကြီးနေပျော်
သည်။ မိုးလင်းတော့ကျနော့်ကို တံခါးဖွင့်ပေးသည်။ ညနေတန်းပိတ်ချိန်အထိတန်းဖွင့်ထားသ
ဖြင့်ကျနော်တိုက်ရှေ့ကွက်လပ်လေးတွင်လမ်းလျှောက်နိုင်သည်။ တိုက်ပိတ်ထားသောမနေ့က
တွေ့ခွင့်နှုတ်ဆက်ခွင့်မသာခဲ့သူများကို နှုတ်ဆက်ရသည်။ စုစုပေါင်း(၅)ယောက်သူတို့ကလည်း
ကျနော်ရှိနေ၍ ၀မ်းသာသည် ကျနော်ကရေချိုးခွင့်ရသည်။သူတို့ကမရ ထို့ကြောင့်ကျနော်ကသူ
တို့ပေးသောပုံစံရေလှဲပုဆိုးကို ရေဆွတ်ပေးရသည် သူတို့ကရေပတ်တိုက်သည်။ ကျနော်က
ယောက်ချင်းစီအတွက် လုပ်ပေးသည်။သို့သော်တရားဝင်မဟုတ် ရေပတ်တိုက်ခွင့်မရ ပူလောင်
အိုက်စပ်သော မိုးဦးကျကာလတွင် ချွေးလုံးလုံးနေရခြင်းမှ သူတို့အနည်းငယ် သက်သာသွား
သည်။
ထိုနေ့က ကျနော်တို့သီးခြားတိုက်ထဲသို့ အထက်တန်းကျောင်းသားလေး(၃)ယောက်အထုပ်အ
ပိုးတွေနှင့်ရောက်လာသည်။အဆောင်မှပြောင်းလာခြင်းဖြစ်သည်ဟုပြောသည်။ အထုပ်အပိုးဆို
သော်လည်း ကျွတ်ကျွတ်လေးတယောက်တလုံးစီနှင့်သာဖြစ်သည်။ သူတို့ရောက်လာချိန်မှာ
တန်းပိတ်ခါနီးအချိန်ဖြစ်၍ ၀န်ထမ်းဝါဒါလည်းပါလာသေးသောကြောင့် စကားပြောခွင့်မရခဲ့။
နောက်နေ့မနက် တန်းဖွင့်သည့်အချိန်မှ စကားပြောရသည် ညကတော့အနည်းအကျဉ်းလှမ်း
ပြောနိုင်သည်။ ထိုည သူတို့သည် ငယ်သော်လည်း တက်ကြွသည် သီချင်းတွေဆိုကြသည်။
သူတို့ဆိုသောသီချင်းသည် ကျောင်းသားသမဂ္ဂသီချင်း တေးရေးဆရာနိုင်မြန်မာစပ်ဆိုသော
ကမ္ဘာမကြေဘူးသီချင်းနှင့် အခြားသူတို့စပ်ထားသော သို့မဟုတ် သူတို့ပြောင်းလာသောအ
ဆောင်မှလူကြီးများစပ်ထားသော နိုင်ငံရေးသီချင်းများဆိုကြသည်။
တန်းပိတ်ချိန်(၉)နာရီထိုးသည်အထိဆိုကြသည်။ သူတို့နောက်နေ့လွတ်သွားသည်။ သူတို့မှာ
ပါလာသော ပစ္စည်းများအားလုံးကျနော်နှင့် တိုက်ပိတ်အကျဉ်းသား(၅)ယောက်ကိုခွဲဝေပေးခဲ့
သည်။ ကျနော်က စောင်တထည်ရသည်။ ထိုစောင်တထည်သည် ကျနော်ကိုသေချာစွာနွေး
ထွေးစေရုံမက ခြင်ဘေးရန်မှလည်းအတန်အသင့်အကာအကွယ်ပေးသည်။ ခြင်ရန်ကိုကာ
ကွယ်နိုင်သော်လည်း မိုးဦးကျ မီးလုံးရှိရာသို့စုပြုံတိုးလာသော ပိုးကောင်များစောင်ထဲတရွရွ
ဝင်ခြင်းဘေးကပြေးမလွတ်။
ထိုနေ့အတွက်ဆေးလိပ်ရရှိပုံကိုပြောပြပါဦးမည် ကျနော်တို့ဘေးခန်းကတိုက်ပိတ်ပြစ်ဒါဏ်ကျ
အကျဉ်းသားများတွင်လည်းဆေးလိပ်မရှိတော့ ကျနော်တွင်လည်းမရှိတော့ ဆေးလိပ်သည်မ
သောက်တတ်သောသူများအတွက် ကိစ္စငြိမ်းသည် သောက်တတ်သူများအတွက် အမြဲဆောင်
ထားရသည်။ မရှိမဖြစ်ပစ္စည်း။ ထိုအချိန်တွင်တိုက်တန်းစီးဝင်းမောင် ရောက်လာသည် သူက
ကျနော်နှင့်အသက်ရွယ်တူ သူ့ရုပ်ကမှုန်တေတေလူသတ်မှု(၂)မှုအတွက် ထောင်ကျထားသော
သူ ပြစ်ဒါဏ်က(၃၅)နှစ် ထောင်တွင်းနေထိုင်သော သက်တမ်းသည်ပင်လျှင်(၆)နှစ်နီးပါး။
သူထောင်ထဲတွင်နေထိုင်သည်ဆိုသော်လည်း တကယ်တော့ပြစ်ဒါဏ်တိုက်ထဲတွင် နေရသည်
ကများသည်။ ထောင်ထဲတွင်သူက ဘာကိုမှသိပ်ဂရုမစိုက် ထောင်ထဲတွင်သူ့ကိုအားလုံးကအ
ရေးပေးထားသည်။ သူက တကယ်လုပ်မည်ဆိုလုပ်သည့်သူ သူပြောသည့်အတိုင်းလည်းလုပ်
သူ ပထမထောင်ကျလာစဉ်က (၆)လသာ အိမ်နီးချင်းရပ်ကွက်လူကြီးက သူ့ရေဒီယိုခိုးသည့်ဟု
အမှုဖွင့်၍ သူထောင်ကျလာသည်။ရဲကိုရပ်ကွက်လူကြီးကငွေပေး၍ ရိုက်ခိုင်းဝန်ခံခိုင်းစေသည်။
ထောင်ကလွတ်သည့်နေ့မှာပင် ထိုရပ်ကွက်လူကြီးကို အိမ်ပေါ်တက်၍ ဒါးဖြင့်လေးငါးချက်မ
သေမချင်းထိုးသတ်ပစ်လိုက်သည်။ သူထိုအမှုဖြင့်ထောင်(၁၀)နှစ်ကျသွားသည်။ သူထောင်
တွင်းမှ ရဲဘက်အကျဉ်းစခန်းသို့ ပါသွားသည်။ရဲဘက်စခန်းမှ ထွက်ပြေးလာသည်။သို့သော်သူ
ဘယ်ကိုမှမသွားတတ် သူနေထိုင်ရာ ဟင်္သတမြို့ကိုပြန်လာသည်။ ဖြစ်ချင်တော့သူပထမဦးဆုံး
ခိုးမှုဖြင့် အဖမ်းခံရစဉ်က သူ့ကိုနှိပ်စက်၍ မတရားဝန်ခံစေခဲ့သော ဒုရဲအုပ်နှင့်သူ လမ်းမှာတိုး
သည် ဒုရဲအုပ်က သူ့ကိုမမြင် မြင်သည့်အခါမှာတော့ သူကဒါးဖြင့်နံကြားထဲသို့မိမိရရထိုးသွင်းခဲ့
ပြီးပြီသူလည်းပြေးသည်။ ခက်သည်ကသူက ဝေးဝေးလံလံမသွားတတ် ငယ်ငယ်ထဲက မိဘ
များကဆင်းရဲ၍ မူလတန်းလောက်သာကျောင်းနေခဲ့ရဘူးသည်။
သူအခြားမြို့နေရာများတွင် သူမနေတတ် ထို့ကြောင့်တ၀ဲလည်လည်ပြန်လာခဲ့ခြင်းဖြစ်သည်။
ထိုအခါသူမလွတ်နိုင်တော့ သူနောက်မှုဖြစ်သော ဒုရဲအုပ်သတ်သည့်အမှုဖြင့် ထောင်နှစ်(၂၅)
ကျသည်။ ထောင်ထဲတွင်လည်း သူအေးအေးနေသည် သူ့ပင်ကိုစရိုက်က စကားနည်းသည်။
သူ့ကိုအနိုင်တော့အကျင့်မခံ ခံလျှင်လည်းခဏ ထိုအနိုင်ကျင့်သူကိုပြန် ကလဲ့စားချေနေကြ မ
နိုင်လျှင်နိုင်ရာနှင့် ခုခံနေကြ ထို့ကြောင့်နှစ်ကြီးသမားအချင်းချင်း အထာထားကြသည် ၀င်း
မောင်ဆိုလျှင်မထိရဲကြ။
ထိုဝင်းမောင်သည် ကျနော်တို့တိုက်တန်းစီး တိုက်အဆောင်မှုး သူကကျနော့်ကို တွေ့တွေ့ချင်း
ဘာမှုလဲလို့မေးသည် သူကစကားကတော့သိပ်မပီ လူကအနေတည်လွန်းသည် ကျနော်က ပုဒ်
မ ၁၇(၁)ဟုပြောသောအခါ သူပြုံးသည်။မင်းက သူပုန်နဲ့ဆက်သွယ်လို့ပဲ သူပုန်ပေါ့ဟုပြော
သည် ကျနော်ကသူ့ကိုဘာမှန်းမသိသေးသောကြောင့်မယုံ “အေးဟုတ်တယ်ငါကတော့သူပုန်မ
ဟုတ်ဘူးကွာ အစိုးရက သူပုန်နဲ့ဆက်တယ်ဆိုပြီးဖမ်းတာပဲကွာ” သူကကျနော့်ကို မင်းငါပြော၍
ကျနော်ကလည်း မင်းငါပဲပြန်ပြောဖြစ်ခြင်းဖြစ်သည်။
သူက “အေးပါ ဘာဖြစ်ဖြစ်ကွာ မင်းအမှုက သူပုန်နဲ့ဆက်တာမို့ ငါသူပုန်ပဲခေါ်မယ်ကွာ မင်းက
လည်း ဟို အမှုကမှန်ပါတယ် ရဲညစ်ပတ်လို့ အဖမ်းခံရတာပါဆိုတာလိုဖြစ်နေပြီကွာ ဒီမှာတော့
တို့တွေ အဖမ်းခံရတာခြင်းအတူတူပဲ” ကျနော်ကလည်းကျနော့်အဓိပါယ်နှင့်ကျနော်ကျေနပ်
သည် မတရားတဲ့အစိုးရကို ပြည်သူတွေဖက်ကရပ်တည်၍ ပုန်ကန်ခွင့် ပြည်သူတိုင်းမှာရှိသည်။
ထို့ကြောင့်ကျနော်က သူပုန်လို့ခေါ်တာကျေနပ်သည်။
သူညနေဖက်ဖြစ်ဖြစ် မနက်ဖက်ဖြစ်ဖြစ် သူဟင်းချက်ပြီးကျနော့်အတွက်ယူလာပေးတတ်သည်။
ဆေးလိပ်ရှာလာပေးတတ်သည်။ ကျနော်ဘာလဲ ကျနော့်အိမ်ကဘာလဲ ဘယ်တော့လာမှာလဲ
သူမမေး သူ့မှာရှိတာကိုရက်ရက်ရောရောပေးသည်။ ဆေးလိပ်တခါလာပေးလျှင် (၁၀)လိပ် အ
နည်းဆုံး ဆေးလိပ်ပြတ်သွားလို့ ဆေးရွက်ကြီးကိုပါးပါးလှီး သတင်းစာစက္ကူနှင့်လိပ်၍ပွတ်ချွန်း
လိပ်သောက်ရလျှင်လည်း ဆေးရွက်ကြီးတထုတ်ကြီး သတင်းစာတပုံကြီးကျနော်က ဘယ်နား
မှာဖွက်ရမှန်းတောင် မသိ။
ဖွက်ထားတာမိသွားလျှင်မလွယ်။ သူကတော့ခပ်အေးအေးပဲ မင်းမမိအောင်သောက်ကွာ တဲ့
တကယ်လို့မိသွားရင်လည်း ငါပေးတာလို့သာပြောတဲ့ ကျနော်ကလည်းသူပေးတဲ့ ဆေးလိပ်အ
ကုန် တိုက်ပိတ်ခံ အကျဉ်းသားသူငယ်ချင်းများနှင့် ခွဲဝေသောက်လိုက်သည်။ ရေပတ်တိုက်ဖို့
ကျနော်ရေဆွတ်ပေးသည်။ သူကျနော့်ကို (၂)ရက်(၃)ရက်တခါတော့ ဟင်းပေးတတ်သည်။
ထိုသို့ဟင်းပေးလျှင်လည်း အများကြီး ကျနော်စားမကုန်။ ကျနော်ကသူ့ကိုမေးသည် “၀င်း
မောင် မင်းအိမ်ကထောင်ဝင်စာမလာပဲနဲ့ မင်းဆေးလိပ်တွေ ဟင်းတွေဘယ်လိုရလဲကွာ”လို့
မေးတော့“ငါတချို့ဟာကတောင်းလာတာကွာ တချို့ဟာက ရင့်လာတာ ငါ့လိုချင်တယ်ပေး
ဆိုပြီးယူလာတာပဲကွာ” “ မင်းအဲ့လိုယူတာတော့ မကောင်းပါဘူးကွာ မင်းဟာကိုအဲ့လိုရင့်ယ
ူရင် မင်းကြိုက်မလား”ဆိုတော့ သူရယ်နေသည် “ငါအဲ့လိုရင့်တာလူကြည့်ရင့်တာပါကွာ ငါ
ကြည့်မရတဲ့ကောင်တွေဆီကရင့်တာ မင်းနဲ့မဆိုင်ပါဘူးကွာ မင်းထောင်အကြောင်းမသိ သေး
ပါဘူး” တဲ့။
(ဆက်ပါဦးမည်)
4 comments:
ဟုတ်ကဲ့ ဦးချစ်ဖေ ကြီးဆက်ရေးပါ စောင့်ဖတ်နေပါ့မယ်
စိတ်ဝင်စားတယ် အကိုကြီးချစ်
ဆက်ရေးပါ...
ကိုဝင်းမောင်ကြီးအကြောင်းလဲစိတ်ဝင်စားတယ်
မြန်မြန်ရေးပါ..
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်
လာဖတ်ပါတယ်
အဆက်ကိုမျှော်နေတယ်
ဗျို့ ကိုချစ်ဖေကြီး...
တစိတ်တဒေသတော့မလုပ်နဲ့ဗျာ...
ရေးမယ့်ရေးမှတော့အကုန်ရေး...
Post a Comment