Saturday, October 31, 2009

အခုတလော အမူးပြေမြန်တယ်

အခုတလော အမူးပြေမြန်တယ်

၂၀၁၀ တောကြောင်တွေ
လက်ခမောင်းခတ်ဖို့ပြင်ဆင်ချိန်
ကမ္ဘာကြီးက ခဏခဏပျက်တယ်
ကျနော်က ခံတွင်းပျက်တယ်။

နိုင်ငံရေးမှာဆေးခါးကြီး
မသောက်ရဲသူတွေက
ပြစရာအကြောင်းတွေများလာတယ်။
ညီညွတ်ရေးစကားပြောကြသူချင်း
တယောက်လိပ်ပြာတယောက် မကြည်ညိုဘူး
သွေးစည်းညီညွတ်ရေး အလံတင်အခန်းအနားမှာ
တယောက်နားရွက်တယောက်
တံတွေးဆွတ်ခဲ့ကြတယ်။

ဆန်တပြည်ငါးကျပ်တုန်းက
မဖြတ်ဖြစ်လိုက်တဲ့ဦးခေါင်းတွေ
ခေါင်းပေါင်းစတလူလူလွှင့်တယ်
စကားကြီးစကားကျယ်တွေပြောတယ်။
ကမ္ဘာဦးဥပဒေသမှာ
သေနတ်တွေကလွှတ်တော်ခေါ်ခဲ့တယ်။

ဆင်းရဲကိုဒုက္ခနဲ့
အပေါင်ခံထားရတဲ့မြို့ကြီးမှာ မီးပျက်တုန်း
ဝန်ကြီးတွေကပြည်တန်ဆာရုံတွေဖွင့်တယ်။

လောကပါလတရားကိုစောင့်တဲ့နတ်တွေ
ဖဲသွားရိုက်နေတုန်း
အနှစ်နှစ်ဆယ်မှာ ဆယ်လေးနှစ်အဖမ်းခံထားရတဲ့
ညီမလေးနေတဲ့အိမ်လေးကို
အကိုလုပ်တဲ့သူက တရားစွဲပြီးဝင်လုတယ်။
(မိဘမျက်နှာမှ မထောက်)

တောကျောင်း ဆရာမလေးရဲ့အိပ်မက်မှာ
ကလေးလေးတွေ ဘွဲ့ရပညာတတ်တယ်။
မျက်နှာချိုချိုနဲ့ ကဗျာဆိုခဲ့တယ်။

ကျနော်ခံတွင်းပျက်လို့သောက်တဲ့အရက်ဝိုင်းမှာ
ခေတ်ကြီးက ကျနော့်ကိုခံတွင်းပြန်ပျက်တယ်
အခုတလော အမူးပြေမြန်တယ်ဗျာ။ ။

မိုးစဲနေ
၁၀။၃၁။၂၀၀၉ နေ့လည် ၁၂း၃၀ နာရီ(အမူးပြေချိန်)

6 comments:

Ko Toe Gyi ( Multiply Boo Boo Gyi ) October 31, 2009 at 10:06 AM  

အမူးပြေမြန်တာက
အရက် မစစ်လို့ ဖြစ်မှာပါ
ညိညွတ်ရေး ပြောတာ
မညီညွတ်ချင်တဲ့သူတွေပြောနေကျ
နားလည်လိုက်စမ်းပါ ဦးချစ်ဖေ----။
ဆန်တပြည်ငါးကျပ် မှာ
ခေါင်းမဖြတ်လိုက်ရလို့ စိတ်ညစ်နေသလား
စိတ်သာချ
မကြာခင် အချောင်သမားတွေကိုဖြတ်ရတော့မှာပါ----း
ခင်ဗျား ခံတွင်း ပျက်နေရင်တော့
အင်း
အမြည်းများမကောင်းလို့လားဗျာ----။
အမြီးကောင်းကောင်းလုပ်ပေးဘို့
အိနြာကျော်ဇင်လောက်ဆို အဆင်ပြေမယ်ထင်ပါတယ် ဦးချစ်ဖေ------။

ဆောင်းယွန်းလ October 31, 2009 at 11:25 AM  

ကမ္ဘာဦးဥပဒေသမှာ
သေနတ်တွေကလွှတ်တော်ခေါ်ခဲ့တယ်။
ကြိုက်တယ်ဗျာ...
အမူးပြေမြန်တာက အတုတွေပေါလာလို့ဇြစ်မယ်ဗျ..

ကဗျာဦး October 31, 2009 at 6:26 PM  

အမူးပြေပြီလား
ထပ်သောက်
ပွဲမပြီးသေးဘူး

သူရ October 31, 2009 at 8:16 PM  

ကဗျာလေးကောင်းတယ်ဗျို့...
ဒီတစ်ခါ သူရိယ စာစောင်မှာ ပါလာရင် သူရ
စာမူခ သွားထုတ်ပြီး အမူး သောက်ပစ်လိုက်
ဦးမှပဲ....

k2tmaung November 1, 2009 at 2:49 AM  

အမ်... ပြောတော့... အရက်မသောက်တော့ဘူးဆို...
မသောက်မကဲ... ကိုမိုးစဲဆို...
ဒီ... ဘကြီး တော်တော်ဆိုးနေပြီ...
ဟို ဦးသူရကလည်း ရေအေးအေး တိုက်တယ်... တိုက်တယ်ဆိုပြီး သူကျ ဘာရေတွေ သောက်နေလဲမသိ... :P
ဟီး... ဘာရယ်မဟုတ်... အကျင့်ပါနေလို့ လာဟောက်စားလုပ်သွားပါတယ်... :P

ကဗျာဦး November 1, 2009 at 7:43 AM  

ကိုကြီးချစ်ဖေ ထပ်လာလည်တယ်

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP