Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Sunday, January 17, 2010

ကျီးကန်းကြီးရဲ့ မေတ္တာရွှေပေလွှာ

ကျီးကန်းကြီးရဲ့ မေတ္တာရွှေပေလွှာ

မြန်မာတွေပျော်စရာ ရေလာမီးလာသော် ပျော်ကြရမည် ကုန်ဈေးနှုန်းများ တက်၍ လခစားများ
(စစ်သားများ) မလောက်ငှသော် ပိုက်ဆံတိုးထုတ်၍ လခတိုးပေးမည်။ ခုရက်ပိုင်းအတွင်း အ
သားငါးဈေးများ တွင်တွင်တက်သော် သက်သတ်လွတ်စားသော် ဈေးမကျသလော။ ဥပုဒ်
စောင့်ကြသော် ပိုဈေးမကျပေလော ဥာဏ်နှင့်ယှဉ်၍ အသက်မွေးကြရမည်။ ထင်းဈေးမီးသွေး
ဈေးပါ တက်လာပါက မီးလွတ်စားကြသင့်သည်။ (လူတိုင်းဝယ်မစားနိုင်သော စားအုန်းဆီသည်
ကျန်းမာရေးကိုထိခိုက်နိုင်သည် ရောဂါကင်းစေရန် ဘာဆီမှ မစားသုံးသင့်ပေ)။

ကုသိုလ်ရရာရကြောင်း ကျီးကန်းကြီးမှ မေတ္တာရှေ့ထားပြောပေးချင်းဖြစ်သည်။ ရွေးကောက်ပွဲ
ကြီးမှာလဲ မြန်မာအများ ကိုယ်နှစ်သက်ရာ ဖေါ်လံဖားများ သာကူးများ တကိုယ်ကောင်းသမား
များ ဓမြများ သူခိုးများ လူမိုက်များ စစ်အရာရှိကြီးများ အား ကိုယ်စားလှယ်လောင်းအဖြစ် မ
ဖြစ်မနေ ရွေးကောက်တင်မြှောက်ခွင့်ရကြပေဦးမည်။

အကျယ်အကျယ် မငြင်းပဲ ထုံးစံအတိုင်း ခိုင်းတာလုပ် ခံမပြောနဲ့ ခါးဖုသွားမည်။ တိုင်းပြည်အ
ပြင်ဖက်ထွက်သွားသူတွေ သူတို့အချင်းချင်း ငြင်းကြလိမ့်မည် ရွေးကောက်ပွဲ အကြောင်းပြပြီး ဒို
နာရှာကြလိမ့်မည် ဆရာတပည့် မသိမသာရော သိသိသာသာရောမွေးကြလိမ့်မည်။

တိုင်းပြည်အ၀ှမ်း ငြိမ်းချမ်းသာယာ ဖွံဖြိုးတိုးတက်နေသဖြင့် ဘုန်းကြီးကျောင်းများမှတပါး ကင်း
ချစောင့်ကြည့် စရာလဲ မလိုတော့ပြီ မဟုတ်လော။ တိုင်းပြည်အတွင်း အလုပ်လုပ်နိုင်သူအ
ပေါင်း ပညာတတ်သူများပါမကျန် အိမ်နီးချင်းနိုင်ငံများ ပို၍လည်ဝယ်သောသူများ နိုင်ငံကြီးများ
၌ ရရာအလုပ်များလုပ် နိုင်ငံခြားငွေ ရှာဖွေ၍ တိုင်းပြည်အတွက် တဖက်တလမ်းမှ ကူညီပံပိုး
သော် မကောင်းကြပေသလော အကောင်းမြင်ကြစေလိုသည်။

တခါလာလဲ အဆိုးမြင် တခါလာလဲ အဆိုးမြင် မမြင်ကြကုန်လင့် ဤကား မော်ဒန်မဖြစ်တော့ ပိုစ့် မော်ဒန်ခေတ်ရောက်ပေပြီ လူအများ လိုချင်တောင်းတနေသောရွေးကောက်ပွဲ ပြီးလျှင်ပြီး
ချင်း မြန်မာပြည်အတွင်း ရွတ်ရွတ်ချွန်ချွန် တိုင်းပြည်တာဝန်ထမ်းဆောင်နေသူတပ်မတော်သား
များ ပြည်သူ့ရဲများ ကြံဖွတ်များ စွမ်းအားရှင်များ အားလုံးကို ရိုးရိုးသာမာန်ပြည်သူများက ကျေး
ဇူးအထူးတင်သောအားဖြင့် တအိမ်တယောက်နူန်း အိမ်ဦးခန်း၌ တင်၍ မရှိမဲ့ရှိမဲ့ဖြင့်ကျွေးမွေးပြု
စုသင့်ပေသည်။ အာဃာတ တရား မလိုမုန်းတီးခြင်းများ မထားသင့်ပေ။ ပြီးတာတွေ အားလုံး
ပြီးသင့်ပေသည်။ သို့မှာသာ သာယာသော စည်းလုံးညီညွတ်သော ခေတ်မှီ စက်မှုနိုင်ငံတော်
ကြီး ထူထောင်နိုင်ပေလိမ့်မည်။

ဤမေတ္တာစာကို အီးမေးက ရရှိပါက တရက်အတွင်း မြန်မာစာ ဖတ်တတ်သူများ ကိုဖြန့်ဝေနိုင်
သလောက်ဖြန့်ဝေရမည်။ မဖြန့်ဝေနိုင်ပါက စစ်ကျွန်အဖြစ် တသက်လုံးခံစားရပေမည်။ စစ်ကျွန်
အဖြစ်က လွတ်မြောက်လိုသူတိုင်း မီးနစ်မဆိုင်း ဖြန့်ဝေနိုင်ကြပါစေကြောင်း ကြီးကန်းကြီးမှ အဲ
ဟုတ်ပါဘူး.ကျီးကန်းကြီးမှ မေတ္တာရှေ့ထား ကုသိုလ်ပွား အများပြည်သူ အတူတူ ခံစားရစေ
ကြောင်း မေတ္တာရွှေမောင်း ထပ်လောင်း ခပ်လိုက်ရပါကြောင်း……..။

နတ်လူ သာဓုခေါ်စေသောင်..




Type the rest of your post here.

Read more...

Monday, January 4, 2010

ကိုချစ်ဖေ ရဲ့ လွတ်လပ်ရေး

ကိုချစ်ဖေ ရဲ့ လွတ်လပ်ရေး

ကိုချစ်ဖေ လွတ်လပ်ရေးနေ့ရယ်လို့ စစချင်းသိလာတာတော့ ပထမတန်းလောက်ကဖြစ်မယ်
ထင်ပါတယ် ဒုတိယအစမ်းစာမေးပွဲတွေဖြေအပြီး ဒီဇင်ဘာကျောင်းပိတ်ရက် ကုန်ခါနီးအချိန်
တွေမှာ ကျနော်တို့မြို့ မြို့မဘောလုံးကွင်းထဲမှာ ကျင်းပတာ အဲ့ဒီတုန်းကတော့ ဘာရယ်လို့မသိ
လူတွေအများကြီးတောထဲ အမေတွေ အမတွေ ဦးလေးတွေ အကိုတွေနဲ့ ဘေးကနေလက်တွဲ
ပြီးလိုက်သွားတာပါပဲ ။

လိုချင်စရာကစားစရာလေးတွေ နောက်ပြခန်းတွေ အမျိုးမျိုးနဲ့ ဇာတ်တခုခု လမ်းဘေးနားက
ရုံသေးသွင်းမျက်လှည့်ပွဲ မျောက်တွေကတဲ့ပွဲ ရုပ်သေးပွဲ အကြော်ဆိုင် အသုတ်စုံဆိုင် ရံပုံငွေ
ရှာဖွေရေးပွဲ စားသောက်ဆိုင်တွေထဲ လိုက်သွားပြီး မုန့်စားမယ် လိုချင်တဲ့ကစားစရာလေးတွေ
ဝယ်ခိုင်းမယ် လမ်းဘေးက ပွဲတခုခုဝင်ကြည့်မယ်ပေါ့ လိုက်ပို့တဲ့ လူကြီးတွေကိုပူဆာပြီးလူကြီး
တွေ လိုက်လျှောပေးသလို ကျနော်တို့ ကလေးတွေအတွက်ပျော်စရာပါ.အဲ့ဒီတုန်းကတော့ သေသေချာချာ အဓိပ္ပါယ်ရယ်လဲမသိ ပဲနဲ့ လွတ်လပ်ရေးနေ့ ခဏခဏရောက်စေချင်တာပါပဲ
ပျော်ရတာကိုး။


ကိုချစ်ဖေတို့ တတန်းနှစ်ဆိုတော့ လွန်ခဲ့တဲ့ ၃၈ နှစ် ၃၉ နှစ်လောက်ကပေါ့ ကိုချစ်ဖေကလဲစာ
စဖတ်တတ်ကာစ လမ်းဘေးဆိုင်းဘုတ်ကအစ တငေးငေးနဲ့ ဖတ်သွားချင်တာ ကိုချစ်ဖေ ကို ထိမ်းတဲ့အမကြီးဝမ်းကွဲရဲ့ ထမီစကိုကိုင်ပြီးလိုက်ငေးဖတ်နေတာပဲ အမကြီးက ကြာလို့တဲ့ ခဏ
ခဏအဆူခံရ ခေါင်းခေါက်ခံရ တခါတလေ အမကြီးနဲ့စိတ်ကောက်ပြီး ရန်ဖြစ်ပြီးငိုပြီး အိမ်ပြန်ရ
တာ ကိုချစ်ဖေက တောင်တောင်အီအီ သိချင်တာက များတာကိုး။ အဲ့ဒီတုန်းက အမကြီးကလဲ
အသက် (၁၃) (၁၄) အရွယ် အပျိုပေါက်လေးကိုး ခုတော့ အမကြီးလဲ အသက်(၅၀) ကျော်
သွားတွေ တချို့တောင် ကျိုးလို့တဲ့။

အဲ့ဒီလိုလွတ်လပ်ရေးပွဲတွေဆို တကယ်ပဲ ချိန့်ချိန့်သဲ ကျင်းပကြတာပါ လူတွေကလဲ စီးပွားရေး
မဆိုးကြသေး စားနိုင်သောက်နိုင်ကြတယ်ဆိုတော့ ပွဲလမ်းသဘင်တွေက စည်ကားတာပေါ့.
လွတ်လပ်ရေးပွဲပြီးလို့မှ မကြာသေး ပြည်ထောင်စုပွဲ ဒေသဆိုင်ရာဘုရားပွဲတွေမှာ စားကြ
သောက်ကြ ၀ယ်လိုရာဝယ်ကြ ပျော်စရာကြီးနေမှာပါ ။

ကိုချစ်ဖေတို့က ကလေးဆိုတော့ ဘယ်သိပ်သိမလဲ (၂၃)ကြိမ်မြောက်လွတ်လပ်ရေးနေ့ ဆိုတဲ့
စာတန်းလေးတောင် အကုန်လုံးအဓိပ္ပါယ်မသိလို့ မေမေ့ကိုမေးရတာပဲ ကြိမ်မြောက်ဆိုတာ
ဘာလဲ လွတ်လပ်ရေးနေ့ဆိုတာဘာလဲ အဲ့လိုမျိုးပေါ့.မေမေကတော့ အင်္ဂလိပ်ဆိုတဲ့ လူမျိုး
တွေ ဟိုအဝေးကြီးကလာပြီး မေမေတို့နေတဲ့ နေရာကိုလာတိုက်ခိုက်ပြီး အုပ်ချူပ်တာတဲ့ အဲ့ဒီ
တုန်းက နာမည်ကြီးနေတဲ့ ခေါင်းဖြတ်ကုလားဆိုသူတွေနဲ့ တူတယ်တဲ့ အသားဖြူသလိုလို နီသ
လိုလို မျက်နှာဖြူဖြူလူတွေဆိုတော့ ကိုချစ်ဖေလဲ မမြင်ဘူးပဲနဲ့ကို ကြောက်တာပေါ့။

နောက်အဲ့ဒီလိုကြောက်စရာကောင်းတဲ့သူတွေကို သားတို့အဖိုးတွေ အဖွားတွေက ပြန်ပြီးတွန်း
လှန်ခုခံကြပီး တိုက်ထုတ်ပြီး လွတ်လပ်ရေးကိုရအောင်ယူရတာတဲ့ အဲ့ဒီမျက်နှာဖြူကုလားတွေ
ကအဝေးကြီးကို ပြန်ပြေးသွားရတာပေါ့ ဆိုတော့ ၀မ်းသာရတယ် အကြောက်လဲပြေရတယ် အဲ့
ဒီ ကုလားဖြူတွေက ကျနော်တို့ရှုံးပါပြီဆိုပြီး ကျေငြာပြီး ခင်ဗျားတို့ပြန်အုပ်ချူပ်ကြပါ ဆိုပြီးပြန်
ပေးရတဲ့နေ့ကို လွတ်လပ်ရေးနေ့လို့ ခေါ်တာတဲ့။

ကိုချစ်ဖေကတော့ ခေါင်းဖြတ်ကုလားလို လူတွေကို အဝေးကြီးကို မောင်းထုတ်လိုက်တယ်ဆို
တဲ့ အဖိုးတွေအဖွားတွေကို ချစ်သွားတာပါပဲ အကြောက်လဲပြေသွားတာကိုး ဒါပေမဲ့လဲ တကယ့်
သဘောကျတာက အဲ့လိုနေ့မျိုးတွေ များများရှိချင်ခဲ့တာပါပဲ။

ကိုချစ်ဖေသိချင်တာတွေကို မေမေက မဖြေတတ်တဲ့အခါ ဘယ်သူ့ကိုမေး လို့ပြောတတ်သလို
အတန်းထဲမှာ ဆရာ ဆရာမတွေကို မေးဖို့လဲပြောတတ်ပါတယ် သူချက်ပြုတ်လျှော်ဖွတ်နေ
တုန်း အမေးအမြန်းထူတဲ့ ကိုချစ်ဖေက မေးမိတဲ့အခါဆိုရင်တော့ မေမေက ကိုချစ်ဖေနားလည်
နိုင်မဲ့ အဖြေမျိုးလွယ်လွယ်ပေးလိုက်တာပါပဲ။ ကိုချစ်ဖေငယ်ငယ်က ခဏခဏကြားရတဲ့ ဗိုလ်
ချူပ်အောင်ဆန်း ဗိုလ်ချူပ်နေ၀င်းတို့ကို ဘာတော်လဲလို့ မေးမိလို့ မေမေက လွယ်လွယ်ပဲ ညီ
အကိုတော်တယ် လို့ ပြောလိုက်လို့ တတိယတန်းရောက်တဲ့အထိ ညီအကိုပဲမှတ်နေတာ ကျောင်းမှာ ငါ့အမေပြောတယ်ဆိုပြီး ငြင်းလိုက်ရတာ နောက်ကျနော်ရှုံးသွားတယ်။ နောက်မေ
မေက သူ့ကိုမေးရင် သားသိချင်တာတွေ စာအုပ်တွေထဲမှာရှိတယ် သားဖြေးဖြေးဖတ်သွား သိ
လာလိမ့်မယ် လို့ပြောတာကို ကိုချစ်ဖေမှတ်ထားပြီးထဲက စာအုပ်တွေဖတ်ချင်တော့တာပါပဲ။

တဖြေးဖြေးကြီးလာတော့ ကိုချစ်ဖေသိချင်တာလေးတွေလဲ သိလာရပါတယ် မသိတာလေးတွေ
လဲ ဆရာတွေလမ်းညွှန်လို့ ပြောပြလို့ ဖတ်ရင်းသိလာတာလဲ ပါပါတယ်။ လွတ်လပ်ရေးနေ့ဆို
တာ နောက်တနေ့ရှိခဲ့သေးတယ်တဲ့ အင်္ဂလိပ်ကိုတိုက်တဲ့နေရာမှာ ကူတိုက်ပေးခဲ့တဲ့ ဂျပန်တွေ
က ပေးခဲ့တာတဲ့ ၁၉၄၃ ခုနှစ် သြဂုတ်လ (၁)ရက်နေ့မှာ ပေးခဲ့တာပါတဲ့ အဲ့ဒီလွတ်လပ်ရေးကို ရခဲ့ပေမဲ့ တကယ်မလွတ်လပ်လို့ ရွှေရည်စိမ်လွတ်လပ်ရေးလို့လဲ ခေါ်တယ်ဆိုတာလဲ ဖတ်ရ
သိရတော့ အံ့သြရသေးတယ် လွတ်လပ်ရေးအတုပေါ့။

ခုတော့ ကလေးတွေက လွတ်လပ်ရေးနေ့ကို ဘယ်လိုနားလည်တော့မလဲ မသိပါဘူး။ ၁၉၄၈ ခု
နှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ ရခဲ့တဲ့ လွတ်လပ်ရေးနေ့ကကော စစ်ရဲ့လား ဂျပန်ကပေးတဲ့
လွတ်လပ်ရေးက အတု၊ အင်္ဂလိပ်ကပေးတဲ့ လွတ်လပ်ရေးကကော ခုစစ်တယ်ပြောလို့ ရပါ့မ
လား တကယ်ကောလွတ်လပ်ရဲ့လား စကားပြောတဲ့အခါ စာရေးတဲ့အခါ ခရီးသွားတဲ့အခါ ရပ်
ကွက်လူကြီးရွေးတဲ့အခါ ကိုယ်ဝါသနာပါတာလေးလုပ်တဲ့အခါ ပညာသင်ကြားရတဲ့အခါ သီချင်း
ဆိုကြတဲ့အခါ အင်တာနက်သုံးကြတဲ့အခါ တကယ်ကောလွတ်လပ်တယ်လို့ပြောလို့ရပါ့မလား
တကယ်ကောလွတ်လပ်ပြီလား လူတွေနဲ့တူတဲ့လွတ်လပ်မှုကို ရောရရဲ့လား။

ဂျပန်ကပေးတဲ့လွတ်လပ်ရေး အင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေး နဲ့ ဗမာကပေးတဲ့လွတ်လပ်ရေး
နေ့ရယ်လို့များ တိုင်းရင်းသားတွေစိတ်ထဲ မှတ်လာတော့မလား။ ရုပ်သေးအစိုးရတဲ့ နယ်ချဲ့အစိုး
ရတဲ့ဖေါက်ပြန်သောဓနရှင်ကိုယ်စားပြုအစိုးရတဲ့ အိမ်စောင့်အစိုးရတဲ့ မဆလအစိုးရတဲ့ စစ်အစိုး
ရတဲ့ စစ်အစိုးရတွေက ကကော တကယ့်လွတ်လပ်ရေးပေးပါ့မလား လွတ်လပ်ရေးကို မြတ်နိုး
တဲ့တဲ့သူတွေကို ဖမ်းဆီးထောင်ချနှိပ်စက်နေသရွေ့ကော လွတ်လပ်ရေးဆိုတာရှိပါ့မလား လွတ်
လပ်ရေးနေ့ ဆိုတာကော ထပ်ပေါ်လာရဦးမလား ကိုချစ်ဖေတို့ နောက်လာနောက်သား ကလေး
တွေ မေးရင် ဘယ်လိုပြောရတော့မလဲ မသိ။






Read more...

Saturday, January 2, 2010

ဒင်း..ငဦး..ငဦး.

ဒင်း…ငဦး..ငဦး


သြ..ကိုချစ်ဖေရယ်.နှစ်သစ်ဦးမှာ မနက်စောစော ဒေါသတွေထွက်နေတာ ဒေါသတွေထွက်နေ
တာ ဒေါသတွေထွက်နေတာကို ဒေါသတွေထွက်နေတယ်လို့ပြန်မှတ်နေရတယ်။ တောက်..ဒေါ
သဆိုတာလဲ ပြန်တွေးမိတိုင်းထွက်နေတတ်တာမျိုး…ဒေါသထွက်ခဲ့ရတာလဲကြာပါပြီ..



ကိုယ်လုပ်ချင်ရင်တောင်မှ အမိရယ် အဖရယ်မှ ဂုဏ်သိက္ခာမထောက်…
တောက်.မိဘတွေလဲမရှိတော့ဘူး ဒီညီမလေးတယောက်ရှိတာ..
ညီမလေးမှာ မိသားစုလေးလေးယောက်ရှိတာ လင်ယောက်ကျားနဲ့သေကွဲ အသုဘရှုတောင်
နောက်ဆုံးခရီးကိုတောင် လိုက်ပါပို့ဆောင်ဖို့ အခွင်မသာခဲ့ရ သားလေးနှစ်ယောက်နဲ့လဲ နှစ်
၂၀ နီးပါးရှင်ကွဲကွဲ။ နောက်လူယုတ်မာတွေ သတ်တာ ကံသီလို့မသေခဲ့တဲ့ညီမ။

အဲ့ဒီညီမကလဲ ဖေတော့မောင်တော့ ဂုဏ်သိက္ခာမဲ့ မိန်းမမျိုးမဟုတ် တကမ္ဘာလုံးက ချစ်ခင်
လေးစားကြသူ ထားပါတော့ တကမ္ဘာလုံးကပဲ အားအားယားယား ဆုတွေပေးကြတယ်ပဲထား
ပါတော့.ဒီညီမလေးမှာ ဒီအိမ်လေးရှိလို့ ဒီအိမ်လေးကို အကြောင်းပြပြီး နေအိမ်အကျယ်ချူပ်ချ
ထားတာမှလား ဒီအိမ်မှမရှိရင် သူမှာနေစရာမရှိလို့ အင်းစိန်ထောင်ထဲမှာ အဆင်သင့်ကြို
ဆောက်ထားရတဲ့ အိမ်မှာထားပေးရပါတယ်ဖြစ်ဦးမယ်.

သြ…အရပ်တကာမှ ကြားလို့မတော် ယိုသူမရှက်မြင်သူရှက်.
ဒင်းနာမည်ကြားတိုင်း မိုးနတ်မင်းကြီးက အဖေနာမည်ဖျက်ဖို့ လွှတ်လိုက်တယ်လို့ ခံစားနေရ
တယ်..မကောင်းပါဘူး.ခုမှ ၂၀၁၀ နှစ်ကူးယုံရှိသေး ကိုချစ်ဖေ ဒေါသတွေထွက်နေရတာ
မင်္ဂလာမရှိပါဘူး ပြောလဲမပြောချင်ပါဘူး မပြောပဲလဲ မနေနိုင်ပါဘူး ဒါ့ကြောင့်ပြောဖြစ်သွား
တာ.

ဘယ်သူသေသေ ငရွှေမာရင်ပြီးရော နိုင်ငံမှာ ငဦးက နှမအိမ်လေး ၀င်ဝင်လု သူမှာလဲစည်းစိမ်
အပြည့်နဲ့ ဟာ..မပြောချင်ပါဘူး..စောစောစီးစီး..

လူမှုရေးလုပ်ငန်းတွေကိုတောင် ထောင်နခမ်းနင်းပြီးလုပ်နေရတဲ့ နိုင်ငံမှာ.ဒီမိုကရေစီ သုံးမတ်
သား ပေးဦးမတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေလုပ်ပေးဦးမယ်တဲ့..


တောက်..ဒေါသထွက်တယ်..ဒေါသထွက်တယ် ဒေါသထွက်တာကို ဒေါသထွက်နေတယ်လို့
ပြန်မှတ်နေရတိုင်း ဒေါသထွက်နေတယ်..

သြ…ကိုချစ်ဖေ..ကိုချစ်ဖေ.တစ်ရာနဲ့သာဖြေနေရတယ်..ပြောပါတယ်..

Read more...

Saturday, December 12, 2009

ကျမ်းမာရေး

ကျမ်းမာရေး

ဒီလိုပါပဲဗျာ.ခင်ဗျားက ခင်ဗျားမဟုတ်သလို တိမ်းစောင်းခဲ့မှတော့ မျက်ခင်းစိမ်းစိမ်းတွေလည်း
သိပ်မလန်းတော့ပါဘူး ကလေးလေးတွေလက်ထဲက လွတ်ထွက်သွားတဲ့ ရောင်စုံဗူးဗေါင်းလေး
တွေကိုငေးရီရင်း ဘ၀မှာဘာမှ မယ်မယ်ရရမဖြစ်ချင်တော့တာကြာပါပြီ.အမေကျမ်းမာရေး မ
ကောင်းဘူးတဲ့ ဗိုက်တွေရောင်တယ်တဲ့ ခြေထောက်တွေဖေါတယ်တဲ့ သားကဆယ်စုနှစ် ၂ ခု
စာအိမ်က ထွက်သွားတယ်တဲ့


ဒီလိုပါပဲညီမလေးရာ.နင်ထောင်ဝင်စာထုတ်ကလေးကိုင်လို့ ငါ့ကိုကြည့်နေတုန်းက အကြည့်ကို
ငါသတိရလိုက်တာ.ငါကတော့ တသက်စာထိုင်ကြည့်နေရတဲ့ကောင်ပါ ဘဲဥတလုံး ၂၀၀ လက်
ဖက်ရည်တခွက် ၃၀၀ ထက် ဆန်တပြည်ဖိုးတိုးတိုးလာနေ တယ်တဲ့.အောက်တိုဘာ မြောက်
ပြန်လေဖျော့ဖျော့ကို ခိုစီးလာတဲ့ ရွှေဝါရောင် စပါးခင်းကြီးတွေလဲ မလန်းတော့ပါဘူးကွယ်.
ငါတို့တွေကကော ဖေါင်စီးရင်းဘာလို့ ရေငတ်နေကြရတာလဲ.တို့ဇာတိမှာ မှ ရေတိုင်းငံသလား
ဟာ.ငတ်တယ်ငတ်တယ် ငါငတ်တယ်.ငါကတော့အကြိမ်ကြိမ်ငတ်ကြီးကျနေတဲ့ကောင်ပါ.

နင့်လက်လေးတွေရဲ့ ကျမ်းမာရေးကို ငါဆုတောင်းပေးပါတယ် ငါဘာမှမလုပ်နိုင်တဲ့အခါမှ ဆု
တောင်းခြင်းကို မလုပ်ချင်ပါဘူးဟာ.ငါအဝေးက ပြန်ရောက်စ နင်လက်လေးတွေရောင်လို့ နင်
ငိုတော့အနာဂါတ်ကို နင် တွက်ငိုခဲ့တာ ငါမသိခဲ့ဘူး ငါဟာ ထုံထုံအအကောင်ပါ နုံ့နုံ့ချာချာ
ကောင်ပါ ပိုက်ဆံတပြားမှ မရှိလည်း သိက္ခာရှိချင်သေးသတဲ့.ဘာမှန်းမသိတဲ့ကောင်ပါ မိုက်
မိုက်မဲမဲကောင်ပါ.ကောင်းကင်ကိုဖူးချင်လို ထွက်ခဲ့တဲ့ခရီး မှာ နေကြာတခင်းထဲမှာ ဆိုက်ပရပ်
လမ်းကအပြန်မှာ အာလူးစားသူတွေရဲ့မျက်လုံးတွေထဲမှာ အမှန်တရားကို ထည့်ထားဖို့ ပန်းချီ
ဆွဲခဲ့တယ်ဆိုရင် ငါက ဘာဆွဲရမှာလဲဟာ.နင့်အတွက်က အားလူးဆိုတာ ဟင်းဦး.ဟင်းဖျား.

နိုင်ငံရေးတွေ မပါချင်ပါဘူးဟာ..နိုင်ငံရေးတွေက ငါတို့မျိုးဆက်တွေကို ဆွဲထည့်တာပါ တော
ကျောင်းဆရာလေးကို ဆွဲထည့်တာပါ ရုံးစာရေးမလေးရဲ့ သားအကြီးကောင်လေးကို ဆွဲခေါ်
သွားတာပါ စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေးရဲ့ ကောင်လေးကို ဆွဲခေါ်သွားတာပါ အရက်
ဆိုင်အိုလေးကို ဆွဲထည့်သွားတာပါ စာသင်ခန်းခေါင်မိုးလေးကို ဆွဲထည့်သွားတာပါ ကလေး
တွေကို စစ်ထဲ ထားခဲ့တာပါ အမေ့ကို ငါကထားခဲ့တာပါ

မငိုပါနဲ့ဟာ. ဥာဏ်အားနဲ့ လုပ်မစားနိုင်တဲ့ကောင် ကျမ်းမာရေးမကောင်းတဲ့ အခါအများသူငါလို
ရောင်းမကောင်းတဲ့ ၀က်သားတုတ်ထိုးသည်လေးလို အထည်ချူပ်စက်ရုံက ကောင်မလေးလို
ပင်စင်စားစာရေးကြီးတယောက်ရဲ့ ချို့ငဲ့ငဲ့ ရှိမှုတွေလို နာကျင်အသားမာ တက်နေတဲ့ နင့်လက်
ကလေးလို လို………လို..

Read more...

Wednesday, December 9, 2009

ငါလွမ်းတယ် ဒီဇင်ဘာ

ငါလွမ်းတယ် ဒီဇင်ဘာ.

ဒီဇင်ဘာခဲ့ပေါ့ ဒီဇင်ဘာပေမဲ့ နှင်းကိုဝေးနေတုန်း ဒီဇင်ဘာဆို နှင်းတဖွဲဖွဲနဲ့ တတွဲထဲ မှတ်ထား
ဖြစ်တာဒီဇင်ဘာ ဒီဇင်ဘာကလည်း ကမ္ဘာကြီးပူနွေးတယ် ဘာညာအကြောင်းပြပြီး ဒီဇင်ဘာက
ဒီဇင်ဘာလိုပဲကျင့်တာပေါ့ ဒီဇင်ဘာကျင့် ဒီဇင်ဘာကြံနဲ့ ဒီနေ့မှ နှင်းကိုခေါ်လာတယ်


ဒီဇင်ဘာဆို ကျနော်လဲဒီဇင်ဘာ ချမ်းလဲချမ်းတယ် လွမ်းလဲလွမ်းတယ်သီချင်းလို

အလွမ်းသီချင်းမရေးတဲ့ ကျနော့်သူငယ်ချင်း ကိုကျော်ဇောကတော့ ဒီဇင်ဘာမှမဟုတ်ပါဘူး.တ
ဘ၀စာလုံးချမ်းနေခဲ့ရတာပါတဲ့.လွမ်းတာတွေထည့်မပြောချင်တော့ပါဘူးတဲ့ ထညက်အရက်မီး
တောက်ပူပူလေးမှုတ်သောက် ကန်ဇင်းရိုးကိုခေါင်းအုံး ကောက်ရိုးစောင်လေးခြုံရင်း ဒီဇင်ဘာ
နတ်တော်မှာသာတဲ့ ဒီဇင်ဘာလကို ငေးချင်တယ်တဲ့.

ချင်ခြင်းဆိုပေမဲ့ ဘာရယ်ညာရယ်လဲ မဟုတ်ပါဘူး သူလိုငါလို သူလိုငါလိုပါပဲ ဒီချိန်ဆိုငါးဒန်
ဝမ်းတွင်းသားနဲ့ ငါးများများရစေကြောင်း ဆုတောင်း အဘိုးမြှောက်ထားပြီးသား အဘိုးသောက်
ထားပြီးသား လန်ဒန်စီးကရက်လေးဖွါရင်း ဒီဇင်ဘာကိုကြိုခဲ့တာပါပဲ..၀ဲတားပိုက်ဘေးမှာ ပေါ့
ဒီဇင်ဘာ.

သောက်ဖေါ်စားဖက် ပိုက်သမားလဲဖြစ် တောကျောင်းဆရာလဲဖြစ် ဆရာလေးကိုအောင်နိုင်
က လာမဲ့ဒီဇင်ဘာမှာ ဒီအလုပ်တွေစုပေါင်း ကပြားအလုပ်သမား ပိုက်သမားနဲ့ ကျောင်းဆရာ
ပေါင်းထားတဲ့ ဘ၀ကနေ့ ပိုက်သမားစစ်စစ်ဖြစ်ဖို့ အချိန်ပေးတဲ့အနေနဲ့ မြေဖြူနဲ့ ဘောဖျက်
ကို ပိုက်တဖောင်လှေတစင်းနဲ့ လဲလှယ်ရတော့မယ်တဲ့ ခြေခင်းလက်ခင်းသာသာ မသာသာ ဒီ
ဇင်ဘာ။ စုန်ဆင်းစရာ ပင်လယ်ရယ်တော့ရှိသေး ငါးမရရင်တော့ ဘီကီနီမလေးတွေကို ငေးလို့
မရတဲ့ ဒီပင်လယ်ကမ်းခြေမှာ အဖေမဖြစ်ရတဲ့ ဘ၀ကိုကျိန်ဆဲ ဒီဇင်ဘာကို လှုံ ဒီဇင်ဘာလိုနွေး
ပြီး ဒီဇင်ဘာလိုပဲ အချိန်တန်တော့ အိမ်ပြန်ရတော့မှာပေါ့. ဒီဇင်ဘာ

ကိုချစ်ဖေကတော့..

ကျောချလို့ဓမြရယ်လို့ မတွေးအားတဲ့ ဘ၀ထူထူကြီးနဲ့မျက်နှာသစ် အလုပ်သစ်ရှာထွက်သွားရသူ
တွေရဲ့ အိမ်အပြန်လမ်းကို ဒီ ဒီဇင်ဘာ ဒီရေအတက်မှာ သူစောင့်နေမယ်တဲ့..ဒီဇင်ဘာ

ကိုချစ်ဖေက အလုပ်သစ်ရယ်မှ မယ်မယ်ရရမရှာတတ်တာဒီဇင်ဘာ သူသူငါငါသောက်ရတဲ့ မိုးခါး
ရေလေးတောင် သူမသောက်ခဲ့ရရှာဘူး ဒီဇင်ဘာ.ဒီဇင်ဘာကတော့ တချိန်က ဒီဇင်ဘာတွေလို
ဒီဇင်ဘာလို နှုတ်ဆက်ပြီး ဒီဇင်ဘာလို ထွက်ခွာသွားတော့ မှာပေါ့ ဒီဇင်ဘာ။

ဘာဘာညာညာမပြောပါနဲ့တော့ ဒီဇင်ဘာ ဒီလူကို ဒီကွင်းနဲ့ ဒီအလင်းနဲ့ ထားခဲ့တာက ထားခဲ့
တာပါပဲဗျာ ဒီဇင်ဘာ။


Read more...

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP