သောင်းညွန့်အေးဆီ ရေးတဲ့စာ
ထောင်မှာ ငါးဝါ
ဘုန်းကြီး တ၀ါ
ပြည်ပြေး ကိုးဝါ
အချစ်ရေးမှာ တသံသရာ
အ၀ိဇ္ဇာ ပစ္စယာ တဏှာ
တဏှာ ပစ္စယာ ဝေဒနာ
ဝေဒနာ ပစ္စယာ ဘာညာဘာညာ
ကဲ..
နှစ်သံသရာပဲ ဖြစ်ဖြစ်
မင်းကို ချစ်တယ်..
သောင်းညွန့်အေးကို ချစ်တယ်
သားကြီး ကြည်လင်အေးကို ချစ်တယ်..
ဟောဟို ပင်လယ်တကြောကို
ပိုက်မျှောပြီး ပြန်ခဲ့မယ်။ ။
မိုးစဲနေ
လုပ်အားရဲ့အကျိုး၊ အလုပ်သမားရဲ့တန်ခိုး
-
လူသည် အလုပ်လုပ်သောသတ္တဝါဖြစ်သည်။ နွားတွေ ဆင်တွေလည်း အလုပ်လုပ်သည်။
ပုရွတ်ဆိတ်တွေ ပျားတွေလည်း အလုပ်လုပ်သည်။ လူက သူတို့ထက်သာသည်မှာ အလုပ်ကရသော
အသိဉာဏ်ကို သိမ်း...
5 weeks ago

0 comments:
Post a Comment