စိမ်းလန်းရေးဆုတောင်း။
ငှက်တွေက အုပ်ဖွဲ့ ပျံသန်းနိုင်ပြီး
ငါတို့က ဘာလို့ တယောက်ကျောကို
တယောက်ခုတ်ဖြတ် စားသောက်ချင်တာလဲ။
ရောင်နီတွေ ပြိုကျလာမဲ့ လမ်းလေးမှာ
တယောက်လက်ကို တယောက်တင်းတင်းဆုတ်
ကိုယ့်အစာကို သူ့ကျွေး ကိုယ့်အနာကို သူက ဖေး
စမ်းချောင်းလေးတွေ ပိုအေးပါစေတော့။
မီးလောင်ပြင်ထဲမှာ အနာတရတွေကို မေ့နိုင်စွမ်းပေးတော်မူပါသခင်။
အာမင်။
မိုးစဲနေ
(၁၁.၀၅.၂၀၁၂)
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
-
ပထမဆုံးဝတ္ထုတိုစုစည်းမှုလေး ထွက်ပါပြီ။ နှစ်ကာလများစာပေက ထုတ်ဝေဖြန့်ချိပါသည်။
1 week ago

0 comments:
Post a Comment