သရေလုံးပွဲ
သရေလုံးပွဲ
ညီလေး ကိုအောင်(ပျူနိုင်ငံ)က ကမ္ဘာ့ဖလားဘောလုံးပွဲနဲ့ပတ်သက်ပြီး ဘောလုံးစကားဝိုင်းထဲ
ခေါ်လာပါတယ် တကယ်တော့ ကိုအောင်က ကိုချစ်ဖေကို ကမ္ဘာ့ဖလားပွဲနဲ့ ပတ်သက်ပြီး ဒီနှစ်
မှာ ဘယ်နိုင်ငံ ဘယ်အသင်းကနေ ဗိုလ်စွဲမယ် ကန်ကြတဲ့အခါ ဘယ်အသင်းနဲ့ ဘယ်အသင်း
ဖက်ကဘယ်သူတွေပါတယ် ဒါ့ကြောင့် ဘယ်လိုအားသာတယ် ဘယ်လိုအားနည်းတယ် ဘာ
ညာပြောကြဖို့ ၀ိုင်းစကားပြောဖို့စလိုက်တာပါပဲ။
ကိုချစ်ဖေကို ဘောလုံးစကားဝိုင်းထဲခေါ်လိုက်တော့ ၀မ်းသာပါတယ်ညီလေးကိုအောင် တ
ကယ်ဆို အပြင်မှာ ဟိုစပ်စပ် ဒီစပ်စပ် နိုင်ငံရေးလိုလို ရပ်ရေးရွာရေးလိုလို ဟိုလိုလိုဒီလိုလိုနဲ့
တိတိကျကျမသိသော်လဲ ကိုချစ်ဖေစိတ်ဝင်စားရာကိုတော့ မှတ်မှတ်ထားပြီး ကလေးတွေဝိုင်း
မှာဆို အသံအော်ကျယ်အော်ကျယ်နဲ့ ကိုချစ်ဖေ တတ်သမျှမှတ်သမျှ ၀င်ဝင်ပြီးပြောနေကျ နိုင်
ငံရေးရာနဲ့ပတ်သက်လို့ အစ္စရေးနဲ့ ပါလက်စတိုင်းအရေးဆို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဆီးရီး
ယားတို့ အီတလီတို့ တောင်အာဖရိကတို့ အီဂျစ်တို့ကလဲ ပါလက်စတိုင်းဘက်ကရှိတယ်လို့
ရောချတာမျိုးပေါ့ဗျာ။ နည်းပညာနဲ့ပတ်သက်ရင်လဲ ဂြိုလ်တုကနေ ရွာထဲက ဒိုးထိုးတာကို လှမ်း
ကြည့်ရင်တောင်မြင်ရတယ် အကုန်မဟုတ်တရုပ်တော့မလုပ်ကြနဲ့ ရွာနောက်ဖက်မှာ တောတိုး
တာ ကြည့်တိုးကြသင့်တယ် ဘာညာပေါ့ဗျာ။
ကျမ်းမာရေးနဲ့ပတ်သက်ရင်လဲ ငရုတ်သီထောင်းရင်း မျက်စေ့ထဲ ငရုတ်သီးဝင်ရင်ခြေမကို ရေ
လောင်းရင် မပျောက်သလော ငါးရိုးစူးရင် ရေတခွက်ကို ဥုံ ၃၇ ခါ ရွတ်ပြီး ဖနောင့်ဆောက်ပြီး
တိုက်ရင်မပျောက်သလော ဆိုတာမျိုးပေါ့ဗျာ။ အသံကျယ်ကျယ် အငြင်းသန်သန်နဲ့ဆိုတော့
တော်ရုံလူလဲ ကိုချစ်ဖေကို ပြိုင်မငြင်းပါဘူး။ ဒါလဲအခွင့်ကောင်းတခုဖြစ်နေတာပေါ့။ ဒါပေမဲ့ ကို
ချစ်ဖေရှေ့မှာ ဘောလုံးနဲ့ပတ်သက်ပြီးလာပြောဝိုင်းဖွဲ့ကြရင်တော့ ကိုချစ်ဖေလဲ မျက်စေ့သူငယ်
နားသူငယ်နဲ့ ဖြစ်နေရောဗျ ဘောလုံးဆို ကိုချစ်ဖေစိတ်ထဲမှာ သရေလုံးလေးတလုံးကို ဟိုဖက်
ကန်လိုက် ဒီဖက်ကန်လိုက် လူတွေက လိုက်လုလိုက် နဲ့ ကြည့်ရတာအရသာကို မပါတာဗျာ ဘောလုံးဝါသနာအိုးတွေနဲ့ တွေ့ရင် အသာလေးငြိမ်နေရတယ် ကိုချစ်ဖေက စိတ်မပါတဲ့အ
ကြောင်းကို ၀င်ပြောလို့မိတ်ပျက်တာတွေလဲ မနည်းပေါ့ဗျာ။
တကယ်ပါ တခါတုန်းက တွတ်ပီကာတွန်းထဲမှာ ပါတဲ့ဟာသလိုပါပဲ ဘောလုံးလေးတလုံးကို လိုက်လုမကန်ကြပဲ တယောက်တလုံးစီကန်နိုင်အောင် လုပ်ပေးသွားပါမယ် ဆိုတဲ့ဟာသလို
ပါပဲ ကိုချစ်ဖေစိတ်ထဲမှာ အဲ့လိုပဲဖြစ်ဖြစ်နေတယ် ဒေးဘစ်ဘက်ခမ်း နာမည်ကြီးတော့ နာမည်
သာမှတ်မိတာ ဘယ်အသင်းက ဘယ်နိုင်ငံကမှန်းမသိ ရုပ်ပုံမြင်တော့လဲ မမှတ်မိ။ အခြားနာ
မည်ကြီးတွေဆိုလဲ ဒီလိုပါပဲဗျာ။ တခါတခါတော့အထီးကျန်သား တကယ်ပဲ ယောက်ကျားလေး
အများစု အမျိုးသားအများစုက စိတ်ဝင်တစားနဲ့ ကိုယ်တိုင်မကန်ရင်တောင် ဘောလုံးပွဲသွား
ကြည့်ကြ အားပေးကြရှိကြတာမဟုတ်လား။
လူပြောသူပြောတွေသိပ်များတော့ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားပွဲ နောက်ဆုံးဖိုင်နယ်လ်ပွဲနေ့ပေါ့
ကိုချစ်ဖေတို့ရွာမှာက ခုလို ဂြိုလ်တုစလောင်းတွေဘာတွေက မရှိသေးတော့ ဂြိုလ်တုစလောင်း
ရှိတဲ့ ဈေးမြို့လေးကို စက်လှေနဲ့အပြည့် တစီးပြီးတစီးသွားသွားကြည့်ကြတာဗျာ။ ကိုချစ်ဖေလဲ
စဉ်းစားပါတယ် ဒီလောက်တရွာလုံးက ယောက်ကျားတွေနဲ့ မိန်းမတချို့တောင်အားပေးကြ
ကြည့်ကြသေးတာ ငါလဲသွားကြည့်ဦးမယ်ဆိုပြီး စက်လှေနဲ့တက်လိုက်သွားတာပေါ့ဗျာ သွားပြီ
ဆိုထဲက ဘယ် အေးအေးလူလူသွားကြမလဲ လူတိုင်းနီးပါး တောအရက်လေးရေသန့်ဘူးထဲ
ထည့်လာကြပြီး အာစွတ်ရုံသောက်သောက်နေတာလေ ဘောလုံးပွဲပြတဲ့ဗွီဒီယိုရုံလေးထဲဝင်
တော့ နေရာမရတော့ဘူး အခြားရုံတွေလဲပြည့်နေပြီဆိုတော့ တိုးတိုးခွေ့ခွေ့ပဲ ကြည့်ရတော့တာ
ပေါ့။
လူက သာမာန်ချိန်ထက်များတော့ ဗွီဒီယိုရုံလေးထဲလှောင်ပိတ်နေတာပေါ့ဗျာဘောလုံးပွဲစတဲ့အ
ထိတော့ သည်းခံပြီးကြည့်ပါသေးတယ် နောက်တော့လဲ ဘောလုံးလေးတလုံး ကိုဝိုင်းလုနေကြ
တာပဲ ကိုယ်အားပေးတဲ့ဘက်က ရသွားရင် ၀မ်းသာလိုက် မရရင်ဝိုင်းဆဲလိုက် အားမလိုအားမရ
ဖြစ်လိုက် အံ့အားသင့်သွားလိုက် ဒိုင်လူကြီးကိုဆဲလိုက်နဲ့ လူတွေအားလုံးက ရသအပြည့်နဲ့
ကြည့်ကြတာဗျ။ ကိုချစ်ဖေစိတ်ထဲမှာတော့ အဲ့ဒီလို သရေလုံးလေးကို လိုက်လုနေတာကိုပဲ မ
ကြိုက်တာဆိုတော့ ရုံကလဲအိုက်နေတော့ ပွဲစပြီး ၁၅ မီးနစ်ထက်ကို ပို မကြည့်နိုင်တော့ပါဘူး
ဗျာ။ ကိုချစ်ဖေလဲ ဗွီဒီယိုရုံထဲကနေထွက်လာခဲ့ရော တကယ်။
ကိုယ်ထိုင်နေကျ လက်ဖက်ရည်ဆိုင်လေးသွားထိုင်တော့လဲ အဖျော်ဆရာတောင် ဘောလုံးပွဲ
သွားကြည့်နေလို့ စားပွဲထိုးကောင်လေးကပဲ ကိုချစ်ဖေကိုဖျော်ပေးရသေး ပွဲမပြီးမချင်းထိုင်
စောင့်နေရတော့တာပေါ့ဗျာ။ စောင့်ပါတယ်ဆိုမှ ဘောလုံးပွဲကလဲ မပြီးနိုင်ဘူးဗျာ ကြာနေလိုက်
တာ။ ပြီးသွားလို့ပြန်လာကြတော့ မြို့က အရက်ဆိုင်လေးထဲ ဆက်ဝိုင်းကြ သောက်ကြ ဟိုအ
သင်း ဒီအသင်း ဟိုအသင်းက တကယ်ဆို နိုင်မှာ ဟိုအသင်းအချောင်နိုင်သွားတာ ဘာညာ
ဆက်ပြောကြတာပေါ့ဗျာ အဲ့ဒီလိုနေ့မျိုးဆို ကိုချစ်ဖေ ဘောသမားတွေကြားထဲမှာ ကလေး
လေးလိုဖြစ်နေတာပေါ့ဗျာ။ မေးရအောင် မေးခွန်းတောင်မထုတ်တတ် မေးမိပြန်ရင်လဲ ဒါလေး
တောင်မသိဘူးလား လို့ အားလုံးကပြောဦးမယ် ဟိုတုန်းက အငြင်းသန်သန်နဲ့ ငြင်းခဲ့တာတွေ
ကို အဲ့ဒီအချိန်မှာ ဂလဲ့စားဝိုင်းချေကြဦးမှာမို့ ငြိမ်ငြိမ်လေးထိုင်နေရတာပေါ့ဗျာ။
ကိုအောင်(ပျူနိုင်ငံ) က တော့ ကိုချစ်ဖေကြီးလဲ ဘောလုံးဝါသနာအိုးကြီးလားဆိုပြီး ဘောလုံး
စကားဝိုင်းထဲကို ခေါ်တာပါပဲ တကယ်တော့ ကိုချစ်ဖေက အားကစားဆို ကျားတိုးတာကလွဲလို့
ဘာမှ မကစားတတ်ပါဘူးဗျာ အခြားသူတွေ ဘောလုံးပွဲအကြောင်းပြောတာကိုပဲ မျက်စေ့သူ
ငယ်နဲ့ နားထောင်ရတာပေါ့ဗျာ။
5 comments:
အခုလို အမှတ်တရ tag ရေးပေးတာ ကျေးဇူးအများ
ကြီး တင်ပါတယ် အကိုကြီး၊ ကျနော်လည် ဘောလုံး
လုံးဝ မကန်တတ်ဘူး၊ နိုင်မယ်ထင်တဲ့ အသင်းကို
လျှောက်ပြီး အားပေးတဲ့ ပရိတ်သတ် တစ်ဦးပါ။
ခင်မင်လျက် ...
ဝေးဝေးနေမှ...ကျားထိုးတာဝါသနာပါသတဲ့...
တော်ကြာ..ကျား.........လို့အော်ပြီးတက်ထိုးနေရင်..
ဒီကလဲ....မ.............လို့အော်ပြီး ပုဆိုး မ ပြီးပြေးရမဲ့သဘောရှိတယ်..
ဘာလို့ ဒီလောက် ၀ါသနာကြီးရတာလဲဗျာ။ မကြီးမငယ်နဲ့။
ဘောလုံးပွဲ အကြောင်း နဲနဲ လေးမှ မသိရင်လည်း မဲလိပ် နှိုက်ပြီး နံကြားထောက် အရှုံးအနိုင်လေး ပြောလိုက်ပေါ့ဗျာ.. အဟီး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အေးဗျ...ကိုချစ်ဖေပြောသလိုပဲ...
ဘောလုံးပွဲကြည့်တဲ့သူအများစုက ဘောလုံးမကန်တတ်ကြဘူးလို့ပြောရမယ်ထင်ရဲ့...
ဘာကြောင့်လဲဆိုတော့ ကျွန်တော်လည်း ဘောလုံးပွဲသာ အရူးအမူးကြည့်ဖြစ်တာ ဘောလုံးကျတော့ ဖြစ်မြောက်အောင် ကန်တတ်တာမဟုတ်ဘူးလေ...
Post a Comment