ကိုယ်ထူကိုယ်ထ
ကိုယ်ထူကိုယ်ထ
ကိုချစ်ဖေ ငယ်ငယ်ထဲက ကိုယ်ထူကိုယ်ထ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး အများစု
ပေါင်း စကားလုံးကို ကြားဖူးလာတာခဲ့တာပါ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ(စစ်တပ်ပါတီ)
ခေတ်မှာ မွေးလာခဲ့သကိုး အစိုးရက လုပ်ပေးရမဲ့အလုပ်တွေကို မလုပ်ပေးနိုင်တဲ့အခါ ကိုယ်
ပြည်သူပြည်သားတွေသာ စုပေါင်းပြီးအမြဲလုပ်ရသကိုးဗျာ။
ခုတော့ ကိုချစ်ဖေတို့လဲ ကိုယ်အားကိုယ်ကိုး စကားလုံးအဓိပါယ်ကို တော်တော်သဘော
ပေါက်နေကြပီလေ။ အဲ့ဒီတော့တွေးကြည့်မိတာပါ အစစကိုယ့်အားကိုယ်ကိုးနေကြရတဲ့
သူတွေဆိုတော့ အားလုံးကိုယ့်အားကိုယ်ကိုးကြရင်ဘယ်လိုနေမလဲလို့ပါ ကိုချစ်ဖေ ဥာဏ်
မှီသလောက်လေးနဲ့တွေးကြည့်တာပါ မြန်မာပြည်သူပြည်သားတွေအနေနဲ့ အလုပ်အကိုင် ခက်
ခဲလာတဲ့အခါ အလုပ်အကိုင်တည်ရှိရာကို ကိုယ်ထူကိုယ်ထပဲ သွားလုပ်ကြရတာပဲ လမ်းပမ်း
ဆက်သွယ်ရေးမကောင်းတဲ့အခါလဲ ကိုယ်ထူကိုယ်ထပဲ လမ်းဖေါက်ကြရတာပဲ စာသင်ကျောင်း
တွေမှာလဲ ကိုယ်ထူကိုယ်ထပဲ အစိုးရဆေးရုံတွေမှာလဲ ကိုယ့်ဆေးနဲ့ကိုယ်ပဲ ဆေးရုံဆရာ ဆ
ရာမတွေ ကိုယ်ထူကိုယ်ထ မလုပ်ရတာပဲကျေးဇူးတင်ရသေး။
ဟော ဟိုတလောက ပြည်ပရောက် အဝေးရောက်မြန်မာပြည်သားတွေက အများစုပေါင်းပြီး
ကိုယ်ထူကိုယ်ထ မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့သူတွေကို “ပြည်သူဂုဏ်ရည်”
ဆိုပြီး ဆုပေးကြ ဂုဏ်ပြုကြရသေး အစိုးရက အသိအမှတ်မှမပြုတာကိုး ဒီတော့လဲ မြန်မာပြည်
သားတွေထဲက စုပေါင်းပြီးအသိအမှတ်ပြု အားပေးကြရတာကိုးဗျာ။ ဒီတော့ အစစ အစိုးရနဲ့အ
ပြိုင်လုပ်ကြရတာမဟုတ်လား ဟို အဝေးရောက်ညွန့်ပေါင်းအစိုးရ ဆိုပြီး အစိုးရတောင် အပြိုင်
ရှိသေး အဝေးရောက်ညွန့်ပေါင်းအစိုးရက လဲ ကိုချစ်ဖေတို့ ပြည်သူပြည်သားတွေကို ဘာမှထိ
ထိရောက်ရောက် အကူအညီပေးနိုင်တာမျိုးမရှိတော့လဲ မထူးခြားလှပါဘူး မနေနိုင်တဲ့သူတွေ
က အစိုးရလုပ်ရမဲ့အလုပ်တွေကို လိုက်လုပ်ကြရတာပေါ့ဗျာ။
ဒီကြားထဲ မြို့ထဲမှာတမျိုး နယ်စပ်တွေမှာတသွယ် အမျိုးမျိုးနှိပ်စက်နေတဲ့ တပ်မတော်ဆိုတာ
ကြီးကိုလဲ အပြိုင်ကိုယ်ထူကိုယ်ထ စစ်တပ်တခုလုပ်ပြီး နှိပ်စက်မှုတွေလျှော့သွားအောင် နှိပ်
စက်မှုတွေရပ်သွားအောင် ကိုယ်ထူကိုယ်ထပဲ အံတုကြ လုပ်ကြရတော့မလိုပါပဲဗျာ (ပြောသာ
ပြောရတာကိုချစ်ဖေကိုလဲ ကိုယ်ထူကိုယ်ထအကြမ်းဖက်သမား စာရင်းသွင်းလိုက်ရင်ဒုက္ခ)
ကိုချစ်ဖေကတွေးကြည့်တာပါ ခုတော့ လက်ခံခံမခံခံ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုယ်ထူ
ကိုယ်ထပဲလုပ်နေကြရတာဆိုတော့ ဆက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ပဲ ကိုယ့်အားပဲကိုယ်ကိုး
ရတော့မှာပဲထင်ပါတယ် အစိုးရဆိုတာတွေကိုမှ အားကိုးလို့မရပဲနော။
ဒီတော့ အစိုးရမလုပ်နိုင်တာတွေကို ကိုယ့်ဘာသာ ကိုယ်ထူကိုယ်ထလုပ်ကြရတော့ ပြည်သူ
ပြည်သားတွေအနေနဲ့ အစိုးရဆိုတာကြီးတောင် တကယ်ဆိုသိပ်မလိုတော့သလိုပဲ သူတို့မလုပ်
ပေးရင်လဲ ကိုယ်ထူကိုယ်ထ ရဲတို့ မီးသတ်တို့ လုပ်ကြရတော့မဲ့ပုံပါပဲ ဘယ်တတ်နိုင်မလဲပေါ့
အားလုံးလုပ်နေကြရမှပဲ ခုတလော ရေရှားတော့လဲ မနေနိုင်တဲ့သူတွေကပဲ လုပ်ကြရတာပဲမ
ဟုတ်လား အသုဘစရိတ်စက ကြီးမားလာတော့လဲ ကိုကျော်သူတို့ပဲ ကိုယ်ထူကိုယ်ထ အလှု
ငွေတွေနဲ့ သင်္ဂြိုလ်ကြရတာပဲမဟုတ်လား။ တချို့ကတော့ ဒါတွေက လူမှုရေးလုပ်ငန်းတွေပါ ဘာညာပြောကြတာပဲ ပြည်ပမှာလဲ အလုပ်သမားအခွင့်အရေးအတွက် အခြင်းခြင်းကိုယ်ထူ
ကိုယ်ထရိုင်းပင်းကြတော့လဲ အဝေးရောက်အစိုးရမင်းများက ဘာများကူညီလို့လဲဗျာ အလုပ်
သမားဝန်ကြီးဆိုတာကြီးတော့ရှိတာပေါ့။
သြ.ကိုချစ်ဖေလဲ ပြောချင်တာတွေ ဘယ်ရောက်သွားပါလိမ့် ဒီလို အားလုံးကိုယ့်ဘာသာကိုယ်
လုပ်ကြရတဲ့အတူတူ ဟိုမျှော်ဒီမျှော်မမျှော်ပဲ အစစအရာရာ ကိုယ်အားကိုယ်ကိုးကြမှပဲ အောင်
မြင်တော့မယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတော့ ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ရေး ဒို့အရေး လုပ်ကြရပြန်ကော ဒေါ်အောင်ဆန်းစုကြည်မလွတ်သော်လဲ ဒေါ်
အောင်ဆန်းစုကြည်လုပ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှစ်သက်တဲ့ အရာတွေ ဆက်လုပ်ကြ
ရင်ပိုကောင်းမလားလို့ပါ။ အဘဦးဝင်းတင်တို့လို ဆရာကြီးလူထုစိန်ဝင်းတို့လို လမ်းပြကြယ်ဦး
အေးမြင့်တို့လို ကိုမင်းကိုနိုင်တို့ ၈၈ကျောင်းသားတွေလို မစုစုနွေးလို မဖြူဖြူသင်းတို့လို ပြည်
တွင်းမှာလုပ်နိုင်သူတွေ များလာရင် ပိုကောင်းသွားမယ် တဖက်ကလဲ ကိုယ်ထူကိုယ်ထ တပ်မ
တော်တခုလဲတည်ထောင်ကြ မြန်မာပြည်သူတွေကို ဒုက္ခပေးတဲ့သူတွေကို ပညာပေးကြရင် တ
နေ့နေ့တော့ ကိုချစ်ဖေတို့ ပြည်သူပြည်သားတွေ အတွက် ပိုမိုကောင်းမွန်တဲ့ ပိုမိုလွတ်လပ်တဲ့
ပိုမိုတရားမျှတတဲ့ လူ့အဖွဲ့စည်းတခုတော့ဖြစ်လာမလားလို့ တွေးမိတာပါ။
ဒါနဲ့ ကိုချစ်ဖေလဲ သူငယ်ချင်းတယောက်ကို ပြောပြတော့ သူက အင်တာနက်ကြီးကိုကောတဲ့
မြန်မာမှာဘယ်လိုလုပ်မလဲတဲ့ ကိုယ်ထူကိုယ်ထ ဂြိုလ်တုတခုငှါးကြရမလား ဘာလား ကိုချစ်
ဖေလဲ လက်လှမ်းမမှီတော့ သိတဲ့သူတွေလဲ ပြောပြပါဦး တဖက်က နည်းပညာကို သူတို့တွေ
လဲ အကုန်မပိတ်နိုင်တော့ သတင်းတွေဘာတွေဆို ခုတော်တော်များများ မြန်မာပြည်သူတွေက
သိနိုင်လာကြတာတော့အမှန်ပါပဲ။ အဲ့ဒီလို သူတို့ အစိုးရမင်းများ မပိတ်ပင်နိုင်တဲ့ အံတုနိုင်တဲ့ အလုပ်တွေ သူတို့ အမိန့်နဲ့ အာဏာနဲ့ ဖိအားနဲ့ လုပ်လို့မရတဲ့အလုပ်တွေများလာရင်တော့ တ
နေ့နေ့မှာ သူတို့ထက်အားကောင်းတဲ့ ကိုယ်ထူကိုယ်ထ အစိုးရတခု ဖြစ်လာမလားပဲဗျာ။ တွေး
ကြည့်တာပါ။ ကိုချစ်ဖေဥာဏ်တထွာတမိုက်ကယ်ရယ်နဲ့ပေါ့ဗျာ။
8 comments:
ကိုယ့်ထူကိုယ်မထတော့ ဘူးဗျာ...
မင်းကုသ ထုံးနှလုံးမူလို့..ပပ ထူမှ ထမယ်..အဟဲ..
တချို့ကိစ္စမှာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုး လုပ်လိုက်ရင် မလိုအပ်ပဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးနေရတာတွေ ပျောက်သွားမယ်ထင်တယ်။
ဪ..ခက်လိုက်တာ ကိုချစ်ဖေရယ် ။။
အစိုးရက ပြည်သူတွေ တင်မြှောက်ထားတာ မဟုတ်လေတော့ ၊ သူတို့ တတွေလည်း ပြည်သူတွေအတွက် ဘာလုပ်ပေးစရာ လို လို့  လည်း နော် ။ သူ့ ဟာသူ ထူပြီး ထ နေမှ တော့ ၊ ပြည်သူတွေလည်း ကိုယ့်ဟာကိုယ်ထူပြီး ထကြမှပေါ့ ။ ဒါမှပဲ လုပ်စရာလေးတွေ တမျိုးပြီးတမျိုး ရှိလာမှာပေါ့ ။ နို့ မို့ ဆို ပျင်းစရာ ကြီး လေ ။
ခုတောင် ကိုချစ်ဖေ ရေးစရာ တွေးစရာ တွေ ရှိနေပြီ မဟုတ်လား..း))
ကိုယ်ထူကိုယ်ထ နျူကလီယား စက်ရုံကြီး တည်ကြရရင် ကောင်းမယ် နော်။
ဟား ဟ
အနံလေး တခု ရလာသလိုဘဲ
ကိုယ်ထူသူလဲတွေအတွက်ကတော့ ခက်သဗျို့
ကိုချစ်ဖေ
မအယ်လည်း စဉ်းစားမိတယ်။ မွေးတာကနေ မြေကျတဲ့ထိ အစစအရာရာ ကိုယ်ထူကိုယ်ထ လုပ်နေရမှတော့ အစိုးရဆိုတာ ဘာလုပ်ဖို့ လိုသေးလဲလို့။
ဘာဆို ဘာမှ ကာကွယ်တာလည်း မရှိ စောင့်ရှောက်တာလည်း မရှိမို့ ပြည်သူတွေအတွက် တကယ့်ကို မလိုအပ်တဲ့ အစိုးရပဲ။
ဒီလို အသုံးမကျတဲ့ ဆန်ကုန်မြေလေး အစိုးရကို လေယာဉ်တစီးထဲ ထည့်ပြီး တိုင်းပြည်က ထွက်သွားပါတော့လို့ မောင်းထုတ်လိုက်ချင်တာပဲ။
ကိုချစ်ဖေ ရဲ့ အတွေးကောင်းပါ့ဗျာ။ ကိုယ့်အားကို ကိုးပြီးလုပ်မှ တနေ့ ကိုယ်လိုချင်တဲ့ အစိုးရ ရရမှပေါ့ဗျာ။ ကိုယ့်အားကို ကိုးစိတ်ဓာတ် ကျယ်ပြန့်လာပါစေ။
ဟုတ်ပါတယ်... စဉ်းစားစရာတွေပဲဗျ....
အမြင်တွေကို ထောက်ခံပါတယ်။
Post a Comment