ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်
ကျနော်တို့ရပ်ကွက်ထဲမှာ ဒီလိုပဲရှိတယ်
ကိုယ့်ဘလော့ရပ်ကွက်လေးထဲမှာ ကိုယ့်အစုလေးနဲ့ကိုယ် ကိုယ်အပေါင်းအသင်းတွေနဲ့ကို ပျော်
ပျော်ပါးပါး ဟိုအိမ်ဒီအိမ် ၀င်ထွက်စားသောက်စကားစမြည်ပြော နောက်ကြပြောင်ကြနဲ့ပေါ့ ဘ
လော့ဆိုတာကလဲ လုပ်တတ်လို့ကိုယ့်ဘာသာလုပ် မလုပ်တတ်တဲ့သူကိုလဲ လုပ်တတ်တဲ့သူက
လုပ်ပေး ပြီးတော့ သူ့ခံစားချက်လေးကိုယ်ဖတ် ကိုယ့်ခံစားချက်လေးသူဖတ် ဗဟုသုတလဲရ
ပျော်စရာလဲကောင်း အားလုံးလဲ ပျော်ပျော်ရွှင်ရွှင် အဲ.ရန်ဖြစ်ကြတဲ့အခါလဲဖြစ်ပေါ့ဗျာ ဒါမှလဲလူ
ပီသတော့မှာပေါ့ ဗမာပီသတော့မှာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်အားတဲ့အချိန်လေး စာရေးနိုင်
တဲ့အခါရေး မရေးနိုင်တဲ့အခါ ၀င်ဖတ်ပေါ့။
တချို့ကလဲ မကြိုက်ဘူးပေါ့ ဘလော့ဆိုတာ ရေးချင်ရာတွေ ရေးထားတာတဲ့ အချိန်ကုန်ပြီးသွား
မဖတ်ဖြစ်ပါဘူးတဲ့ ဒါလဲဟုတ်တာပဲ သူကမှ ဘလော့ရွာလေးထဲ မရောက်ဖြစ်တဲ့ဟာပဲလို့ တွေး
လို့ရသေး ဒါပေမဲ့ဗျာ.တနေ့တော့ ကိုချစ်ဖေလဲ ရပ်ကွက်ထဲက သူငယ်ချင်းနှစ်ယောက်နဲ့ လက်
ဖက်ရည်လေးသောက် ဆေးလိပ်လေးဖွါ စာအကြောင်းပေအကြောင်း နိုင်ငံတော်ဂျီးတိုးတက်
ပြီးဖွံ့ဖြိုးတဲ့အကြောင်း မီးပွိုင့်တွေ မီးလာတာသတင်း ဖြစ်နေကြောင်း ဘာကြောင်းညာကြောင်း
ပေါ့ဗျာ။
အဲ့ဒီလိုတွေပြောနေတုန်း ဖြုန်းဆို ရပ်ကွက်ထဲကိုလူတယောက်ဝင်လာသဗျ.သူကမျက်နှာသေ
ကြီးနဲ့ပဲ ဘယ်သူတွေနဲ့လဲဘာမှမပြောဘူးဗျ။ ဂရုလဲသိပ်မစိုက်ဘူးဆိုတာမျိုးပေါ့။ ဒါပေမဲ့သူက
စကားသာမပြောတာဗျ သူဝတ်လာတဲ့ တီရှပ်ပေါ်မှာ ကျနော့်နာမည် “ အသစ် ပါတဲ့ ကျနော်လဲ
ဘလော့ရပ်ကွက်ထဲမှာပဲနေပါတယ်။ ခင်ဗျားတို့က ကျနော့်ကို စိတ်မ၀င်စားလို့ ဒါမှမဟုတ်လို့ မသိကြလို့ သိရအောင်ခုရပ်ကွက်ထဲကိုဝင်လာတာပါတယ်။ အုန်းအုန်းကျွက်ကျွက်ဖြစ်တော့လဲ
ကျနော်နာမည်ကြီးတာပေါ့ဗျာ” တဲ့။
ဒီလိုနဲ့ အဲ့ဒီလူက မပြီးသေးဘူးဗျ ကိုချစ်ဖေတို့နဲ့ အခြားသူတွေက လွတ်လွတ်လပ်လပ် လူအ
ခွင့်ရေး စာပေ သတင်းစာလွတ်လပ်ခွင့်တို့ ဘာတို့လဲ တခါတလေကြီးကြီးကျယ်ကျယ်ဆွေးနွေး
ကြသေးတော့ သူကလဲ သူ့သရုပ်ဖေါ်သဘောနဲ့ ကိုချစ်ဖေတို့ အားလုံးကြားမှာ သူလဲလွတ်လပ်
စွာ ရေးပိုင်ခွင့် ပြပိုင်ခွင့်ရှိပါတယ် ဆိုတဲ့သဘောထားလဲရှိပုံရတယ်ဗျ။
ဒီလူအကြောင်းကိုပြောရတာကိုက တကယ်တော့ စကားဝိုင်းပျက်တယ်ဗျ ဒါပေမဲ့လဲ အားလုံး
သိထားရတော့လဲ သိရတာပေါ့ဗျာဆိုပြီး ကိုချစ်ဖေလဲပြောတာပါ ပူညံ့ပူညံ့လုပ်တယ်လဲမထင်ပါ
နဲ့ဗျာ။ အဲ့ဒီလူက ကျနော်တို့ ထိုင်နေတဲ့လက်ဖက်ရည်ဝိုင်းလေးလဲကျော်ရော သူ့ တီရှပ်ကျော
မှာ သူရေးချင်လို့ရေးထားတဲ့စာတွေကိုဖတ်မိသွားတယ်ဗျ။ တကယ်ဆို ကျနော်တို့ကလဲ မ
ကြည့်ပဲနေရမှာဗျ။ သူငယ်ချင်းတွေက ကိုချစ်ဖေကိုပြတော့ ကိုချစ်ဖေလဲတော်တော် စိတ်ဆိုး
သွားတယ် (ကိုချစ်ဖေကလဲ အစထဲက ၀ူးဝူး ၀ူးဝူး ရှုးရှုးရှဲရှဲ လူကိုး) ဒီလူကိုလဲ နောက်ကနေ
လိုက်သွားပြီး ရိုက်ပစ်လိုက်ချင်တယ်။ (ဟိုတလောက ဟိုကောင် ငဦးကို ဒေါပွသလိုပေါ့) ကို
ချစ်ဖေကိုယ်တိုင်ကလဲ တရားနဲ့မဖြေတတ်တာလဲနေမှာပေါ့ဗျာ။
သူ့ကျောမှာရေးထားတဲ့စာကော အဲ့ဒီစာကိုရေးဖို့တိုက်တွန်းတဲ့သူတွေကောတွေ့ရတာနဲ့ ကိုချစ်
ဖေလဲ အော်ဆဲမိသွားတယ်။ သူငယ်ချင်းတွေကတော့ စိတ်လျှော့ခိုင်းတာပေါ့ဗျာ။ အဲ့ဒါ..အဲဒါ
ဒီလူ့ကျောမှာ ဘာတွေရေးထားသလဲဆိုတာကတော့ အချိန်ပိုတဲ့အခါ ကျနော့်လိုဒေါသ ရသ
ကိုခံစားချင်တဲ့အခါ သူ့ကျောကုန်းကို သွားဖတ်ကြည့်ပေါ့ဗျာ။ နာမည်အမျိုးမျိုးနဲ့ သူတို့ အ
ပေါင်းပါတွေလဲရှိနေသေး။
ကျနော်ကတော့ ဒီလိုဆဲရတာတောင် အားမရသေးဘူးဗျာ ဒီကောင်တွေကို ခင်ဗျားတို့ပဲဆုံး
ဖြတ်ကြပါတော့။ ပြောချင်တာတော့ဗျာ အချိန်ပိုမှ အားနေမှ ကျနော့်လို ဒေါသရသကို ခံစား
ချင်တော့မှပဲ ဖတ်ကြည့်လိုက်ပါလို့။ သူတို့ကတော့ဝမ်းသာနေဦးမယ် ငါတို့ကို ရပ်ကွက်ထဲကအ
သိအမှတ်ပြုသားပဲ ဆိုပြီး။ သူတီရှပ်ပေါ်မှာရေးပြီးရွာရိုးကိုးပေါက်လျှောက်နေတဲ့သူကို ခင်ဗျား
တို့သိထားတော့ ခင်ဗျားတို့သဘောပေါ့ဗျာ။ ကျနော်ကတော့ ထပ်ဆဲချင်သေး
http://exitpoetry.blogspot.com/ (ကဗျာဆရာ မြေမှုန်လွင်ဆိုတဲ့သူရေးတဲ့ သဘောပေါက်
တဲ့အခါရီဝေမှုတွေနဲ့ မျှော်နေမှာပေါ့) ဆိုတာ ဒီကောင်ကျောပေါ်က စာဗျ။ ခုလဲသူငယ်ချင်းတွေ
တရားချထားလို့။
မိမဆုံးမ ဖမဆုံးမတွေလား အဲ့လိုမဆုံးမတာကိုက အသစ်ပဲလား ခက်တာက သူ့တို့မိဘတွေ နှမ
တွေလဲ သူ့လိုပဲလားမှ မသိတာ။
11 comments:
သြော်.. ကချစ်ဖေနှယ်... စိတ်ထိန်းပါ ပြောထားတဲ့ဟာကို
ကိုချစ်ဖေကြီးရေ..
ကျနော်လည်း ဖတ်ပြီး ကော်မန့် ပေးမရလို့ စီပုံးမှာ ထိုင်ရေးခဲ့တယ်...
ပြောချင်နေတာတော့ တော်တော်များတယ်..
စိတ်ပျက်စရာပါပဲဗျာ..
ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်
အဲ ..... အဲ.....
မော်ဒန်အတ် .. ဂစ် ဂစ် ....
ဘာတွေလည်း လို့  ..
ဘာမှ လိုက်မမှီတော့ ဘူး ..
နဝေတိမ်တောင် နဲ့ ပြန်ပြေးပြီ ကိုချစ်ဖေ ရေ..
ကိုချစ်ဖေကြီး ကဗျာတွေရေးရင် ၂နာရီတခါ အဲလိုပဲလား..း))
အင်း...တချို့ကလဲ အဲလိုပဲဗျို့..ဒူးနေရာဒူးတော်နေရာတော်ကို မခွဲခြားတတ်သေးဘူး..
ဘာဖြစ်ကြတာလဲလို့
http://exitpoetry.blogspot.com မှာ မြေမှုန်လွင် ဆိုတဲ့
မိမဆုံးမ ဖမဆုံးမ နှမတွေ မအေတွေကိုတောင် မရှောင် ရေးချင်ရာရေးတဲ့ “သဘောပေါက်တဲ့အခါ ရီဝေမှုတွေနဲ့ မျှော်နေမှာပေါ့” ကိုဖတ်ကြည့်ရင် သဘောပေါက်မှာပါ ကလူသစ်ရေ..
အဟဲဘာလဲတော့မသိဘူးပေါ့နော် စီပုံးကမတွေ့တာနဲ့ ဘကြီးကျောက်ဆီကနေ ရောက်လာတာ ဒါနဲ့ ဒီမှာပဲပွားခဲ့တယ်ပေါ့ ဦးချစ်ဖေရယ် ဖြစ်တော့ဖြစ်တယ်ဟုတ်
ကိုချစ်ဖေကြီးရေ စိတ်လျော့ပါဗျာ
သူများထက်ထူးချင်လို့ နဖူးမှာ ဘာဆိုလား ပဲ
အဲဒီလိုလုတွေ များပြီထင်လာတာပဲ
ကိုယ့်သမိုင်းကိုယ်ရေးကြတာလို့ပဲ တွေးပေးလိုက်ပါဗျာ ။
ဒေါသထွက်ရင် ပင်ပန်းတယ်မဟုတ်လား
ကျွန်တော်လည်း စိတ်ပျက်မိတယ် ကိုချစ်ဖေ..
ဒီလိုရေးရတာကိုက သူတို့အတွက် ဂုဏ်ယူစရာ...
လူတွေက ဒီလို ဝေဖန်တာကိုက သူတို့အတွက် အရသာခံစရာ ဖြစ်နေလို့လားတော့ မသိဘူး ။
လူစုံတော့ အကျင့်စရိုက်လည်း စုံတာပေါ့ဗျာ...
ကောင်းတာတွေ ပေးသူတွေများလာရင် မကောင်းတာတွေပေးဖို့ ကြိုးစားနေသူတွေ အလိုလို အားလျော့လာမှာပဲ မဟုတ်လား...
စိတ်လျော့... စိတ်လျော့...
းဝ)
ကျွန်တော် အဓိက မနှစ်သက်တဲ့ အကြောင်းက လိင်စိတ်ကို ဖွဲ့ထားလို့ မဟုတ်ပါ။ မယဉ်ကျေးဘူး အပြောခံရတဲ့ အနုပညာတွေ အရင်ကလည်း ရှိခဲ့၊ နောင်လည်း ရှိနေပါဦးမယ်။ ဒါပေမဲ့ လိင်စိတ်သက်သက်ကို ဖွဲ့ရုံနဲ့ ကဗျာ မဖြစ်ပါ။
ကျွန်တော် အကြိုက်ဆုံးထဲမှာ နန်းဟာဗီး ပါပါတယ်။ နန်းဟာဗီး ဟာ တော်တော်ကြမ်းတဲ့ စာအုပ်လို့ ပြောလို့ရပါတယ်။ နုနုညံ့ညံ့ တမျိုး၊ ကြမ်းကြမ်းတမ်းတမ်း တမျိုးနဲ့ ကာမကိစ္စကို ရေးထားပါတယ်။ လိုအပ်လို့ ရေးတာပါ။ ဒါကြောင့် နန်းဟာဗီးဟာ ရတနာဝင်းထိန်နဲ့ တတန်းထဲ မဖြစ်ခဲ့ပါဘူး။
အချုပ်ပြောရင် ဗန်းစကားတွေနဲ့ လမ်းသလားပြတိုင်း ကဗျာလို့ မသတ်မှတ်ပါ ..
Post a Comment