အပြန်လမ်း
အပြန်လမ်း
ဒုက္ခစက်လက်ကို
ရင်နဲ့ထမ်းရတဲ့ အချိန်တွေပါ။
အရာရာမှာ
သားသတ်သမားက
သားကောင်ကို တစိမ့်စိမ့်ကြည့်သလို
မရှိခြင်းဆိုတာ
ခြေတဖက်ဆာနေတဲ့ အရပ်ပျက်မရဲ့
ဝမ်းစာလို
ရယ်မောခြင်းမှာ
အောင်ပွဲရ စစ်သားတွေက
သုံ့ပမ်းစစ်သားအိုကြိးကို လှောင်ရယ်ကြသလို
လက်လှုပ်တိုင်း ပါးစပ်မလှုပ်နိုင်တဲ့ဘ၀တွေပါ
နေညိုညို အိမ်ပြန်လမ်းမှာ
အရာရာ မရှိတဲ့ ရယ်မောခြင်းတွေနဲ့
ဘတ်စ်ကားအိုကြီးထဲ
ဘေးတိုက်ကြီးပါသွားတယ်
နောက်ပြန်ကြီးပါသွားတယ်
နှမချင်းစာနာပြီးပါသွားတယ်
ဖရုဿဝါစာ တရားနာပြီးပါသွားတယ်.
အမေရယ်
ပျော်စရာကဗျာ သားစပ်ချင်တယ်.
ခု..အလုပ်က လူလျှော့ဦးမယ်တဲ့..
မိုးစဲနေ
(၁.၁၄.၂၀၁၀)
7 comments:
အစ်ကို... အားတင်းထားနော်။ အားပေးတဲ့ လူကိုယ်တိုင်က အားသိပ်မရှိဘူး ဖြစ်နေတယ်။ ။ ဘာပဲဖြစ်ဖြစ် ဆက်လျှောက်ရအုံးမှာပဲလေ...
ချိုသင်းလဲ ပျော်စရာစာတွေ ရေးချင်သူပါ အကို..
တော်တော့်ကိုတော်တယ်ဗျာ
ဒုခစက်လက်ကို
ရင်နဲ့ထမ်းနိုင်သေးသတဲ့-----။
ကျတော့ဘ၀မှာတော့
အရာရာကို သူများနှခေါင်းနဲ့ 
အသက်ရှုနေရသူပါဗျာ ။
မရှိခြင်းဆိုတာ
ရှိခြင်းရဲ့ ဆန့် ကျင်ဘက်
ဟိုးးးးးးးးးးးးးးးးးးးးး
ခပ်ဝေးဝေးတနေရာမှာ ပေါ့
ပါးစပ်လှုပ်နိုင်ပေမယ့်
လက်မလှုပ်နိုင်သူတယောက်အတွက်
နေညိုညို တိမ်တောက်တိုင်း
ဖိနပ် မပါဘဲလမ်းလျှောက်နေရသူတယောက်အတွက်
အမေ့အိမ်ကိုဘဲ ချစ်သားလွမ်းမိပါတယ်ဗျာ-----။
ကဗျာလေးကောင်းတယ်ဗျာ
နေထိုင်ဖို့အတွက် နေထိုင်နေကြရသူတွေဆိုတော့
ဒီလိုပဲပေါ့အကိုရေ
ကဗျာလေး ကောင်းလိုက်တာ...အားကျတယ်ဗျာ...ဘ၀က ပျော်ချင်ပေမယ့် လဲ ဖြစ်ချင် တာတွေ မဖြစ်နိုင်.....
ခပ်နွမ်းနွမ်း အပြန်လမ်းလေးမှာ မောမောပန်းပန်း နဲ့ ဘဝကို စမ်းတဝါးဝါး လျှောက်နေရ ဆဲပါ ကိုချစ်ဖေရေ ...
စီးပွားရေးကပ်ကြီးထဲ အလုပ်ပြုတ် ဘဝပျက်သူတွေ များနေဆဲမို့  ကိုယ့်အလှည့် ဘယ်တော့လဲ လို့  စိုးထိတ်နေရဆဲပါ ။
မပြန်လမ်းထက်စာရင် ၊
အပြန်လမ်း ရှိနေသေးတာပဲ တော်လှပြီ လို့ အောက်မေ့ရမယ် ။
ဖတ်တော့ ဖတ်သွားတယ် သိပ်နားမလည်ဘူး။ ကျွန်မက မြန်မာစာသိပ်ညံ့တယ်။ စကားပြေတောင် နည်းနည်းသွယ်ဝိုက်ပြီးရေးထားရင် လုံးဝနားမလည်တော့ဘူး။ ကဗျာဆိုတော့ ပိုဆိုးတာပေါ့။
Post a Comment