Saturday, December 19, 2009

ဆယ်စုနှစ်များ ဂီတ





ဆယ်စုနှစ်များ ဂီတ

၁။
ငါ့ဂီတကို အသေသတ်ဖို့
ငါ့တယောပြားလေးကို ရိုက်ချိုးခဲ့

၂။
သူသိမသွားတာ..

လှိုင်းခေါင်းဖြူတွေဟာ
မနက်စောစောနိုးတဲ့ငှက်ကလေးဟာ
*မိကွန်ထောရဲ့ မျက်လုံးလေးတွေဟာ
မီးရထားစက်ခေါင်းတခုနဲ့ တောဘူတာရုံလေးဟာ
ဈေးသက်သာတဲ့ ထမင်းဆိုင်လေးဟာ
ယောင်ကိုင်းနာကျင်နေတဲ့ လက်ကလေးတဖက်ဟာ
ကိုယ့်အလောင်းကိုယ်ထမ်း တိုက်တဲ့တိုက်ပွဲတွေဟာ
မြို့သစ်လေးတခုရဲ့ ဈေးတန်းလေးဟာ
အချစ်ကလွဲလို့ ဘာမှ မငတ်မွတ်ခဲ့တဲ့ကောင်မလေးဟာ

ငါ့ဂီတ

မရိုးတဲ့ ငါ့သီချင်း

၃။
ချစ်ခြင်းတွေဖွဲ့မည်
စစ်ခင်းတဲ့အရပ်တွေ
ကျဆုံးပါစေ.

မိုးစဲနေ
*မိကွန်ထော ကိုထူးအိမ်သင် သမီးလေးပါ။


Type the rest of your post here.

5 comments:

ဆောင်းယွန်းလ December 19, 2009 at 7:46 AM  

ကဗျာလေးကိုကြိုက်တယ်ဗျာ....

ချစ်ခြင်းတွေဖွဲ့
စစ်ခင်းတဲ့အရပ်တွေ
ကျဆုံးပါစေ.
ဒီလိုပဲ အနှစ်နှစ်အလလ ဆုတောင်းနေခဲ့ရပေါ့ အကိုရေ

ရွှေရတုမှတ်တမ်း December 19, 2009 at 11:52 PM  

ကိုချစ်ဖေ..လော် ပျောက်နေပါလား

ကဗျာဦး December 21, 2009 at 1:42 AM  

အစ်ကိုချစ်ဖေ
အလုပ်များလို့မရောက်တာကြာပြီ
ကဗျာလေးခံစားသွားပါတယ်

ရီမိုးပြည့်  December 21, 2009 at 2:42 AM  

တယောပြားလေးကို ရိုက်ချိုးယုံနဲ့  သွေးသားထဲမှာ လည်ပတ်နေတဲ့  ဂီတတွေက ပျောက်သွားမှာ မဟုတ်ပါဘူး... ချစ်ခြင်းတွေဖွဲ့  စစ်ခင်းတဲ့  အရပ်တွေ ကျဆုံးပါစေ... ဆိုတဲ့  ဆုတောင်းသံက ရင်ဘတ်ထဲထိ ရောက်သွားတယ်။ အစ်ကိုရေ... ဆုတောင်းတိုင်းသာ ပြည့်ခဲ့ မယ်ဆိုရင်တော့ ...

ကဗျာဦး December 22, 2009 at 5:36 PM  

အစ်ကိုချစ်ဖေ
ဓါတ်ပုံလာကြည့်ပါအုံး

ကျနော့်အရောင်က အစိမ်းရောင်ပါ ခင်ဗျားတို့ကကော.

GREEN

You are a very calm and contemplative person. Others are drawn to your peaceful, nurturing nature.

Find out your color at QuizMeme.com!

  © Blogger templates Newspaper III by Ourblogtemplates.com 2008

Back to TOP