ကိုချစ်ဖေ နဲ့ ဆေးရုံဆေးခန်း
ကိုချစ်ဖေနဲ့ဆေးရုံ ကိုရေးမယ်ဆိုတော့ တမျိုးမထင်ကြနဲ့နော် ကိုချစ်ဖေသောက်ဖူးခဲ့ ပတ်သက်ခဲ့ဘူးခဲ့ ထိုးခဲ့ဖူးတဲ့ ဆောင်ခဲ့ဖူးတဲ့ ဆေးရုံ
ဆေးခန်း ဆေးဝါး တွေနဲ့ပတ်သက်တာတွေ ဆေးရုံနဲ့ထိတွေဆက်ဆံခဲ့ရ ခံစားရတာတွေကို (သူနာပြုဆရာမလေးတယောက်အကြောင်း
လည်းပါပေါ့) စဉ်းစားမိသလောက် အကုန်ပြန်ရေးချင်တာပါ အားလုံးသူငယ်ချင်းတွေ မိတ်ဆွေတွေနဲ့စကားစမြည်ပြောတဲ့သဘောပါ.
မကြာသေးခင်ကပဲ သြဂုတ်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၆ ရက်နေ့အထိဆေးရုံတက်လိုက်ရသေးတော့ ဆေးရုံနဲ့ပတ်သက်တာ
တွေကို ငယ်ငယ်လေးထဲကစပြီးပြောချင်နေလို့.စကားများလိုက်တာလို့ပြောကြမလားပဲ ဟီး တကယ်ကလည်းများပါတယ်
ကိုချစ်ဖေတော့ဗျာ ဘလော့ကြီးကိုရထဲက မျောက်အုံးသီးရသလိုဖြစ်နေတာ ခွဲလည်းမစားတတ် ခွဲပြီးမှစားရမယ်ဆိုတာလည်း
သိတော့ အခက်တွေ့သလို တချို့ဟာတွေကိုမလုပ်တတ် ကူညီလုပ်ကိုင်ပေးတဲ့သူကအလွန်အလုပ်လုပ်တဲ့သူငယ်ချင်းဆိုတော့ကိုချစ်ဖေ
မနေနိုင်မထိုင်နိုင်ရေးချင်တိုင်း သွားပြီးပူဆာလို့ဘယ်ကောင်းမလဲဗျာ တချို့ဟာတွေ အဆင်မပြေတာတွေရှိရင်သည်းခံပေးကြပါဦးနော်
ကွန်ပြူတာနဲ့ပတ်သက်လို့ ကိုချစ်ဖေက ကွန်ပြူတာဆိုတာ စာရိုက်လို့ရတဲ့ တယ်လီဗေးရှင်းအသေးစားလေးလို့ပဲထင်တာမျက်နှာဖြူတေ
ွရဲ့စာလည်းသိပ်မတတ်တော့ သူများလိုစာဖတ်ပြီးလည်း မလုပ်တတ်တော့ ခွေးလေးကိုရေထဲကိုပစ်ချလိုက်သလို ရေထဲမှာပေါ်အောင်သာ
ကူးတတ်တာလေ အဲပြောရင်းပြောရင်းနဲ့ကိုချစ်ဖေလည်း မျောက်ဖြစ်လိုက်ခွေးဖြစ်လိုက်ဖြစ်ပြီ။
ကဲပြောတော့မယ် စပြီ စပြီဆိုတော့ ဘယ်ကစရပါလိမ့်(ဟော.ပေရှည်ပြန်ပြီ)ဒီလိုဗျာ ပထမဆုံးဆေးရုံနဲ့ကိုချစ်ဖေပတ်သက်တာ
ပြောရရင် ကိုချစ်ဖေကို ကိုချစ်ဖေ မေမေက မြစ်ဝကျွမ်း
ပေါ်ရဲ့တောမြို့လေးတမြို့ရဲ့ဆေးရုံမှာ မွေးတာလေ ကိုချစ်ဖေကိုမွေးတော့ ကိုချစ်ဖေ ဖေဖေက အလုပ်နဲ့ခရီးထွက်နေရတယ်တဲ့ ကိုချစ်ဖေမေမေက
မွေးဖွားဖို့ ဗိုက်နာလာတော့ လမ်းထိပ်က အသိဆိုက်ကားကိုခေါ်ပြီးဆေးရုံကို သူ့ဘာသာသွားတာတဲ့ နောက်ကနေ အဖွားတို့ကသိတော့
မှဆေးရုံကိုလိုက်လာရတာတဲ့ အမေကအဲ့လိုမျိုး အဲ့ဒီနေု့ စက်တင်ဘာ ၂၆ ရက် စနေနေ့မွန်းလွဲ ၂နာရီ ၃၅ မီးနစ်မှာမှာ ကိုချစ်ဖေကို မွေးတာ
တဲ့ ခုနှစ်ကတော့ ၁၉၆၄ ခုနှစ်ပေါ့ ကိုချစ်ဖေဆေးရုံဆေးခန်းနဲ့ စပတ်သက်ရတာ အမေ ကိုချစ်ဖေကိုကိုယ်ဝန်ဆောင်ထားထဲက ဆေးခန်း
ပြတာတော့ ဘယ်သိပါ့မလဲနော်.ကိုချစ်ဖေအဖေကသားလေးလိုချင်တာတဲ့ သားလေးမွေးတော့တော်တော်ပျော်သွားတယ်ဆိုပဲ.
ဒီမှာတင် အဖေကိုအဖိုးက ခေါ်ပြောတော့တာတဲ့ ကိုချစ်ဖေကိုမေမေကမွေးပြီးရက်ပိုင်းအတွင်း ဖေဖေကရောက်လာ ရောက်လာ
ရောက်လာတာနဲ့ အဖိုးက “တင်ဝင်းကို သူသားကိုကြည့်ပြီးရင် ငါ့ဆီလွှတ်လိုက်”လို့မှာထားတာ မှာထားတာဆိုတော့ အဖေကသွားတွေ့ရ
တာပေါ့ အလုပ်လုပ်တာကလည်း အဖိုးသင်္ဘောမှာစာရေးလေးလုပ်ရတာဆိုတော့ လုပ်ငန်းအရသတင်းပို့ရသေးတာဆိုတော့ ဒါအထူးခေါ်
တာပဲပေါ့ အဖေကသွားတာပေါ့ ကြားထဲမှာဖြတ်ပြောရဦးမယ် အဖေက အဖိုးရဲ့သားအကြီးဆုံးလေ အဖိုးကတရုတ်လူမျိးကပြား(တရုတ်တ
မတ်သား) အဖိုးရဲ့အဖေက တရုတ်ဗမာကပြား(တရုတ်ငါးမူးသား)ကုန်စုံဆိုင်တရုတ်မျိုးရိုးဗျာဗမာပြည်မှာအခြေချနေထိုင်လာတာကြာပီ
လေ သွေးအရသာ တရုတ်ဗမာ တကယ်က တရုတ်နှစ်မကူးတဲ့တရုတ်တွေပေါ့ ထားပါတော့နော် အဖေသွားတွေ့တော့ အဖိုးက “ဟေ့
ကောင်တင်ဝင်း မင်းသားကိုတွေ့ပြီးပြီပေါ”့ လို့မေးတယ် “ဟုတ်ကဲ့ဖေဖေ ဘာနေ့သားလဲ စနေနေ့မွေးတာပါဖေဖေ အော်အော်.သားဦးစနေပေါ့ ဟုတ်ကဲ့ဖေဖေ အေးဒါဆို မင်းလိုပဲပေါ့ သားဦးစနေ အေး မင်းကိုပြန်နှိပ်စက်မဲ့ကောင် မွေးလာပြီလို့ သဘောထားတဲ့ ”
အဖေကမိန်းမ မရခင်ကဆိုးတယ်ဆိုပဲ စနေသားလဲစနေသားတဲ့(ဘာမှန်းလဲမသိပါဘူးဗျာ သားဦးစနေမွေးတွေကိုအဲ့လိုပြောကြတာပဲ)
အဖေက ကျနော့်ကိုစိတ်ဆိုးရင် အမြဲပြောတယ် “ငါ့ဖေဖေကငါ့ကို မင်းကိုမွေးပြီးခါစ ငါ့ကိုအဲ့လိုခေါ်ပြောတာ ခုငါမင်းနဲ့ကျမှ ဖေဖေပြောတာ
မှန်ပြီဆိုတာသိပြီတဲ့ အေး..မင်းလည်းငါ့ဝဋ်မလည်စေနဲ့” တဲ့ (ဟီး..၀ဋ်ကတော့အတော်လည်ချင်တာ ခုထိမလည်သေးဘူးကိုချစ်ဖေက က
လေးမှမရှိသေးတာ မိန်းမမရှိဘူးပြောရင် ကြော်ငြာဝင်တယ်အပြောခံရဦးမယ်) ကိုချစ်ဖေကလည်းသိပ်မဆိုးပါဘူး (၈) တန်းကျောင်းသား
ဘ၀မှာ ရန်ဖြစ်တာ ဒါးနဲ့ထိုးလို့တဲ့ ကျောင်းထုတ်ခံရတယ် နောက်ထပ်ပြောင်းတဲ့ကျောင်းမှာလည်း ကျောင်းအုပ်ကြီးကိုခံပြောလို့ ကျောင်းက တခါအထုတ်ခံရတယ် မိဘတွေ ဆရာတွေလိုက်အာမခံလို့ ဆယ်တန်းလေးဖြေခွင့်ရတာ လူက(၁၈)နှစ်မပြည့်သေးဘူး ဆေး
လိပ် ထန်းရည် အရက် ဆေးခြောက် အကုန်တတ်နေပြီလေ သိပ်မဆိုးသေးဘူး.ဟဲ.အသက်(၂၅)ထဲဝင်ပြီးမကြာသေး ထောင်ဝင်စာလိုက်
တွေ့ရပြီ အဲ့ဒီတော့ကျနော်ကတော့ ကျနော်ကတော့အဖေ့ကို ဆိုးတယ်တခါမှမထင်ပါဘူး
တခုပဲ အဖိုးတို့က အဖေကိုမိန်းမပေးစားဖို့ စီစဉ်နေတုန်းမှာ အဖေက အဖွား
ကိုပြောပြီး အမေ့ကိုခိုးပြေးတာတဲ့ ဒါလည်းဆိုးတာမှမဟုတ်တာဗျာ အဖွားကစောင့်ခိုင်းတာပဲရှိတာ အဖိုးကအတော်စိတ်ဆိုးသတဲ့ဗျာ
ဘာလို့ဆိုတော့ အမေက ကရင်မလေးမို့လိုတဲ့ ကဲဗျာ အဖိုးက ဗမာမလေးနဲ့အိမ်ထောင်ချပေးမလို့တဲ့ ကရင်မလေးကိုခိုးပြေးတော့ သူအစ
က သဘောမတူဘူးတဲ့ လူမျိုးမတူ စရိုက်မတူဘူးပေါ့ နောက်တောသူမလေးပေါ့ တကယ်ကအမေကရွာကနေ ပြည်တွင်းစစ်အတွင်းရွာ
မှာနေရတာအခက်အခဲရှိတော့ မြို့ကိုတက်စာသင်ရင်း စစ်ကိုရှောင်ရတာပေါ့ဗျာ အဲ့ဒီမှာ အဖေနဲ့တွေ့တာ နောက်အမေက ၁၉ နှစ် အဖေ
က ၂၂ နှစ်နဲ့အိမ်ထောင်ကျကြတာ အမေက မြစ်ဝကျွန်းပေါ် ပိုးကရင် ကရင်လိုမွတ်နေအောင်ပြောတတ်တာ စကောကရင်လိုလည်းတတ်
တယ် အမေ့ရဲ့အဖေအဖိုးက တရုတ်ပြည်ကြီးကလာ အလုပ်လုပ်တဲ့ တရုတ်စစ်စစ် အဖွားက ကရင်စစ်စစ် အမေက ကရင်တရုတ်တ၀က်စီ
ကပြား ခက်တာက တရုတ်ပြည်ကလာတဲ့အဖိုးကလည်း ငါမြန်မာပြည်မှာနေတော့မှာ ငါမြန်မာပဲဆိုပြီးနှစ်ပါမကူးတော့တာ ကရင်လိုသာ
အဖိုးက နည်းနည်းပါးပါးပြောတာ တရုတ်လိုဆိုလုံးဝမပြောတော့ဘူး အဲ့ဒီတော့အမေတို့က လူကသာကရင်တရုတ်ဗျာ ကရင်ယဉ်ကျေးမှု
နဲ့ကြီးရတော့ကရင်မလေးပဲပေါ့ (ဟီး.စကားချပ်.မသောင်းညွန့်ကဘာလူမျိုးလည်းမမေးတော့နဲ့နော်)
သိကြတဲ့အတိုင်းဗျာ ဘီအိုင်အေပြန်အ၀င်မှာ မြစ်ဝကျွန်းပေါ်မှာ ကရင်ဗမာထိကရုန်းဖြစ်ကြသေးတာ ကရင်ရွာတွေကို ဗမာတွေက
မီးရှို့ဖျက် ဗမာရွာတွေကိုကရင်တွေကမီးရှို့ဖျက် နောက်မှမနည်းကြီးပြေလည်အောင် ဗိုလ်ချူပ်*တို့နဲ့ကရင်ခေါင်းဆောင်စောဘဦးကြီးတို့နဲ့
ညှိပြီးပြေလည်အောင်လုပ်ခဲ့ကြရတာလေ အဲ့ဒီတော့ ကရင်ဗမာက သိပ်သွေးမစည်းသေးဘူး သွေးမစည်းဘူးသာဆိုတယ် အတူနေကြတာ
ဗျ ထိကရုန်းတွေဖြစ်ကြတော့ ဗမာရွာလေးတွေကိုကရင်တွေကစောင့်ရှောက် ကရင်ရွာလေးတွေကိုဗမာတွေကစောင့်ရှောက် အဲ့လိုနေခဲ့
ကြတာ တမြေထဲတနယ်ထဲ လယ်ထဲချောင်းထဲ ကစင်းတင်လုပ်ပြီးအေးအေးချမ်းချမ်းနေလာခဲ့ကြတဲ့သူတွေပါ အဲ့လိုတွေဖြစ်ပြီးမှ လူမျိုး
ရေးအစွန်းရောက်သမားတွေမြှောက်ပင့် ၀ါဒဖြန့်တာကစပြီး ဗမာဆိုတာလူလည်လူရှုပ်တွေ ကရင်ဆိုတာငနုံတွေ ရိုင်းစိုင်းတယ်အဲ့လိုဖြစ်
လာတာဗျာအဲ့လို အမေက ငါငယ်ငယ်တုန်းက “ဗမာဆိုဘယ်တော့မှမယူဘူး”လို့ဆုံးဖြတ်ထားတာတဲ့ နောက်တော့ဗမာထဲမှာလဲ လူကောင်း
တွေလူရိုးတွေရှိတယ် ကရင်ထဲမှာလည်းဆိုးတဲ့သူတွေရှိတာပဲလို့ သူလက်ခံလာတာတဲ့ အမေကအထက်တန်းထိကျောင်းနေခဲ့ရလို့လည်း
ဖြစ်မယ်ဗျာ
ဘာပဲဖြစ်ဖြစ်လေ ကိုချစ်ဖေကတော့ ကရင်ဗမာချစ်ကြည်ရေးမြို့လေးမှာမွေးဖွားကြီးပြင်းခဲ့ရတာကို ဂုဏ်ယူပါတယ် ကိုချစ်ဖေ
တို့မြို့လေးမှာ ကျေးရွာအုပ်စု(၁၁၅)အုပ်စု မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်ရှိပါတယ် ကျေးရွာအုပ်စု(၆၅)အုပ်စုက ကရင်စကားပြောတဲ့ရွာတွေ
ပါ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်က ကရင်လူမျိုးတွေနေထိုင်တာပါ ကရင်နဲ့ဗမာနဲ့ကျေးရွာတခုထဲ အပိုင်းလိုက်နေထိုင်ကြတာလဲရှိပါတယ်
ဗမာလူမျိုးတွေကချောင်းဝ ကရင်လူမျိုးတွေက ချောင်းဖျား အဲ့လိုနေထိုင်ကြတာလဲရှိပါတယ် အဲ့တာတွေကကျနော်ကြီးပြင်းခဲ့ရတဲ့ မြို့လေး ကျနော်က “ကရင်ဗမာချစ်ကြည်ရေးမြို့လေး” လို့နာမည်ပေးထားတယ် အထကကျောင်း(၆) ကျောင်းမှာ အထက(၂)အထက(၃)
အထက(၄) အလက(၃) အဲ့ဒီကျောင်းတွေက ကရင်လူမျိုးရပ်ကွက်တွေမှာ အထက(၆)မှာလည်းတ၀က်လောက် အဲ့လိုနေကြတာဗျာ
အဲ့ဒီလိုမြို့လေးမှာ ကိုချစ်ဖေဆေးရုံနဲ့စတင်ထိတွေ့ခဲ့ရတာ မွေးဖွားခဲ့တာအဲ့ဒီလိုဗျာ.ဟဲဟဲပေရှည်သွားတာ.
ကိုချစ်ဖေတကယ်ပြောချင်တာက ကိုချစ်ဖေနဲ့ဆေးရုံ ဟီး.လျှောက်ပြောတာစုံနေတာပဲ.ကိုချစ်ဖေသူငယ်ချင်းတွေကတော့သိ
မယ် ကိုချစ်ဖေက အမြှောက်အပင့်တကယ်ကြိုက်တာ သူငယ်ချင်းတယောက် ကိုချစ်ဖေကို ဘလော့ရေးဖို့အားပေးတယ် နောက်တ
ယောက်ကလည်းစာရေးခိုင်းတယ် နောက်တော့နောက်တယောက်က တကယ်ထရေးတယ် အဲ့ဒီတော့ကိုချစ်ဖေလည်းရေးဖို့ဗျာစိတ်ထဲ
ပေါ်လာတာ ကိုချစ်ဖေရေးချင်ရာတွေကို ဖတ်မဲ့သူမရှိမှာ နောက်ဘယ်မဂ္ဂဇင်း ဘယ်စာစောင်ကမှလည်းစိတ်ဝင်စားမှာမဟုတ်တော့ ခုလို
ဘလော့မှာရေးချင်ရာရေးဖို့ စိတ်ကူးကလည်းပေါ်လာတာ နောက်ကိုယ်ချစ်ဖေကလည်း သူများတွေလိုရင်ပွင့်ချင်တာပေါ့နော်.နောက်ကူ
ညီပေးမဲ့သူကလည်း ကူညီပေးမယ်ဆိုတော့ “ကိုချစ်ဖေ၏မှတ်တမ်းကြီး” ပေါ်လာတာ မတော်တဆဖတ်မိရင်လည်းခွင့်လွှတ်ကြပါတော့
ကိုချစ်ဖေကအဲ့လိုအမြှောက်နည်းနည်းမှမခံဘူး ငယ်ငယ်တုန်းက ဆေးခန်းသွားရလို့ဆေးထိုးရရင် အပ်မြင်တာနဲ့အော်
နေတာမရပ်တော့ဘူးတဲ့ အဲ့ဒါမေမေက “ငါ့သားကမကြောက်ဘူး သတ္တိရှိတယ် ဗန္ဓုလသတ္တိ ဟောဆေးထိုးရင် တွန့်တောင်မတွန့်ဘူး နာ
လည်းမနာတတ်ဘူး” ဆို လုံးဝမငိုတော့ဘူးတဲ့အောင့်ခံတာတဲ့ ဗန္ဓုလသတ္တိဆိုတာလည်း ဘာမှန်းသိတာလည်းမဟုတ်ပဲနဲ့ အဲ့လို ဟီး “လာ
မမြှောက်ကြနဲ့နော်” တကယ်က ကိုချစ်ဖေညီမလေးက ဘာမှမကြောက်တတ်တာ ကိုချစ်ဖေက အကုန်ကြောက်တတ်တယ် ငယ်ငယ်တုန်း
ကလူကြီးတွေသရဲအကြောင်းပြောရင် ကိုချစ်ဖေ၀ိုင်းထဲကို ၀င်တိုးထိုင်တာ ၀ိုင်းလည်ခေါင်ရောက်ရော အဲ့လိုသတ္တိ အပြင်ဖက်ကိုလည်း
မကြည့်ရဲတော့ဘူး ဒါကတော့ကိုချစ်ဖေ စမှတ်မိတဲ့ ဆေးခန်းသွားရတဲ့အတွေ့အကြုံပါ
နောက်ကိုချစ်ဖေ ဆေးရုံကိုသွားရတာကို မှတ်မိနေသေးတဲ့ နောက်အတွေ့အကြုံက ညီမလေးကိုမွေးတုန်းက မမွေးခင်က
လည်းနည်းနည်းမှတ်မိတယ် မေမေက “ညီလေးယူမလား ညီမလေးယူမလား”ဆို “ညီမလေး ညီမလေး” ပဲ တကယ်မွေးလာတော့လည်း
ညီမလေး၊ မေမေက ညီမလေးကိုမွေးဖို့ဆေးရုံသွားတော့ ကျနော်ကအိပ်ပျော်နေတာ အမကြီးဝမ်းကွဲတွေနဲ့ အဒေါ်နဲ့ထားခဲ့တာလေ နောက်
မနက် ကျနော်နိုးလာတော့မှ ညီမလေးမွေးကြောင်းပြောပြတာ ကျနော်ကိုလည်းဆေးရုံကိုခေါ်သွားတာ ဆေးရုံမှာညီမလေးကိုအနှီးလေး
နဲ့ထုတ်ထားတာ ပုခက်လေးထဲမှာအိပ်နေတာ အဲ့ဒီတုန်းကလည်း အဖေကမရှိ ခရီးသွားနေတာပဲ ညီမလေးကို အဖေနဲ့တူတယ်ပြောတော့
ကျနော်ကကြည့်တာ ဘယ်လိုမှမကြည့်တတ်ဘူး ဒါပေမဲ့ညီမလေးကိုတော့ ကြည့်ရတာကိုက်ချင်တယ် ချစ်တယ် မေမေဆေးရုံကဆင်း
လာတော့ညီမလေးကို အိမ်ရှေ့မှာ ပုခက်လေးနဲ့သိပ်ထားတာ မေမေမရှိတုန်း ညီမလေးပါးကို ကျနော်ကိုက်ဆွဲလိုက်တာ သူအော်ငိုတာပေါ့
မေမေလည်းပြေးလာတာပေါ့ မေမေက “သားညီမလေးကိုဘာလုပ်လိုက်တာလ”ဲတဲ့ “သားကိုက်ဆွဲလိုက်တာ သားချစ်လို့” လို့ပြောပြတော့ မေမေက မလုပ်ရဘူးသားနောက်မလုပ်နဲ့နော် ညီမလေးကနာတော့အော်တာပေါ့တဲ့ ကျနော့်အသက်က အဲ့ဒီတုန်းက (၃)နှစ်နဲ့ (၄)လ
လွန်ခဲ့တဲ့(၄၁) နှစ်ကျော်ကပေါ့။
ကျနော် အဲ့ဒီထဲက ညီမလေးနာအောင်မလုပ်တော့ဘူး ငယ်ငယ်တုန်းကသူနဲ့ရန်ဖြစ်တိုင်း ကျနော်ပဲခံရတာ ညီမလေးကရိုက်
ပြီးပြေးရော အဲ့လို ဟီး အော်ကျနော်ပြောချင်တာက ညီမလေးကိုမေမေမွေးတော့ ဆေးရုံဆိုတာကို ပထမဆုံးအမှတ်ရစရာဖြစ်လာတာလေ
.နောက်ကိုချစ်ဖေ မှာပြောစရာတွေပေါ်လာတော့ ကိုချစ်ဖေရဲ့ညီမလေး အကြောင်းဆက်ပြောဦးမယ်.(ပြောမယ်ဆိုတာကြီးပဲ)
နောက်တော့ ဒုတိယအကြိမ်ဆေးရုံနဲ့ပတ်သက်ရတာပေါ်လာပါတယ် အဲ့ဒါကတော့ မေမေဆေးရုံတက်ရတာပါပဲ ကျနော်(ရ )နှစ်သားမှာပေါ့ မေမေ့ကို ပထမဦးဆုံးအကြိမ်ခွဲရတာပါ မေမေကို ကိုချစ်ဖေတို့ ဇာတိမြို့လေးက ဆေးရုံက တိုင်းဆေးရုံကြီးကို သွားပြခိုင်း
လို့ပါ ကျနော်ကငယ်တော့ ဘယ်သိပ်သိမလဲဗျာ နောက်တော့ ကြီးလာတော့မှသိတာပါ မေမေက သားအိမ်မှာကင်ဆာလိုဖြစ်တာတဲ့ အဲ့ဒါ
ဆေးရုံကဦးလို့တဲ့ သားအိမ်ကိုဗိုက်ခွဲပြီးဖြတ်ပစ်လိုက်ရတယ် မေမေကအဲ့ဒီတုန်းက အသက်(၂၇)နှစ် မေမေနဲ့ခွဲအိပ်ရတာ ပထမဦးဆုံး
ပါပဲ ကိုချစ်ဖေက အဖေရဲ့ညီမအဒေါ်အိမ်မှာသွားနေရတယ် ညီမလေးက အမေ့ရဲ့အမကြီးအဒေါ်အိမ်မှာသွားနေရတယ် ကိုချစ်ဖေအဖေက သင်္ဘောစာရေးဆိုတော့ အိမ်မှာ ကျနော်တို့ကိုစောင့်ရှောက်မဲ့သူမရှိခဲ့ဘူး အဲ့ဒီတော့အဒေါ်တွေက စောင့်ရှောက်ရတာပါ မေမေကို တလတ
ခါနှစ်ခါလောက်ပဲ ဆေးရုံကိုလိုက်တွေ့ရတယ် တခါတလေကျောင်းပိတ်ရက်ကြုံရင် အဒေါ်တွေသတင်းမေးသွားတဲ့အခါဆို ကျနော်နဲ့ညီမ
လေးလိုက်သွားနိုင်ပါတယ်
ကျနော်မှတ်မိနေတာကတော့ ဆေးရုံပေါ်မှာ ပြန်ခါနီးမေမေ့ကို မောင်နှမ(၂)ယောက်ကန်တော့ပြီးတိုင်း မေမေ့ကို အထူး
သဖြင့်မေမေ့မျက်လုံးလေးတွေကို သနားတာပါပဲ မေမေ့မျက်လုံးလေးတွေကို မေမေကုတင်ပေါ်မှာ ပက်လက်လေးကျန်ခဲ့တာကို သနား
ပြီးကျနော်အမြဲငိုရတယ် ညီမလေးက စိတ်ဓါတ်ကြံ့ခိုင်တယ် မငိုဘူး ကျနော်ကိုတောင်လာချော့နေသေး နောက်မေမေပြောပြတာက သူအားတင်းထားရတာတဲ့ သူဝေဒနာပြင်းထန်လာတိုင်း ငါသေလို့မဖြစ်ဘူး ငါသေရင်သားနဲ့သမီးနဲ့အရွယ်မရောက်သေးပဲ အမေဆုံးရှုံး
သွားမယ်ခွဲနေကြရတော့မယ် အဖေကလည်းနောက်အိမ်ထောင်ပြုမှာ သားတို့သမီးတို့ မိထွေးနဲ့နေရရင် အဆင်ပြေမှာမဟုတ်ဘူး ငါသေလို့
မဖြစ်ဘူးလို့ပဲသူအားတင်းထားရတယ်တဲ့ နောက်ပြီးကျနော်တို့မြို့ကို သင်္ဘောနဲ့လေးနာရီလောက်စီးပြီးပြန်လာရတိုင်း ညနေဖက်ဆိုတော့ သင်္ဘောဆိပ်မှာ နေ၀င်ခါနီး နေလုံးကြီးရယ် ကျန်ခဲ့တဲ့မေမေရယ်ကို ကျနော်မခံစားနိုင်ဘူး ကျနော်ငိုတာပဲတတ်နိုင်ပါတယ်.မေမေခွဲစိတ်ပြီး
သက်သာလာ နောက်တော့ဆေးရုံကပြန်ဆင်းလာနိုင်အောင် စုစုပေါင်း ဆေးရုံမှာ(၃)လလောက်နေလိုက်ရလို့ မေမေနဲ့ပထမဆုံးခွဲနေ
လိုက်ရတဲ့အတွေ့အကြုံကို ကျနော်မရချင်ပဲရခဲ့ရပါတယ် ညီမလေးနဲ့လည်းခွဲနေရတယ် ဖေဖေကတော့ခွဲနေကျဆိုတော့ ဖေဖေမရှိလည်း
သိပ်မသိသာဘူး နောက်မေမေကိုလည်းပိုချစ်တယ်လို့ပဲခံစားရတယ်ဗျာ
(ကိုချစ်ဖေ ဆက်ရေးပါဦးမည်)
(ဗိုလ်ချူပ်* အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချူပ်အောင်ဆန်းပါ.)
0 comments:
Post a Comment