စိမ်းလန်းရေးဆုတောင်း။
ငှက်တွေက အုပ်ဖွဲ့ ပျံသန်းနိုင်ပြီး
ငါတို့က ဘာလို့ တယောက်ကျောကို
တယောက်ခုတ်ဖြတ် စားသောက်ချင်တာလဲ။
ရောင်နီတွေ ပြိုကျလာမဲ့ လမ်းလေးမှာ
တယောက်လက်ကို တယောက်တင်းတင်းဆုတ်
ကိုယ့်အစာကို သူ့ကျွေး ကိုယ့်အနာကို သူက ဖေး
စမ်းချောင်းလေးတွေ ပိုအေးပါစေတော့။
မီးလောင်ပြင်ထဲမှာ အနာတရတွေကို မေ့နိုင်စွမ်းပေးတော်မူပါသခင်။
အာမင်။
မိုးစဲနေ
(၁၁.၀၅.၂၀၁၂)
အအိပ်ခက်တဲ့အတွေး
-
အခုအချိန်မှာတော့အသက်ရှုသံတွေဟာမော်တော်ကားသံတွေထက်
ပိုကျယ်တယ်ပြီးသွားတဲ့နေ့တစ်နေ့နဲ့စတင်တဲ့နေ့တစ်နေ့ရဲ့ကြားကခရီးလမ်းမပေါ်မှာရုပ်ခန္ဓာတွေကို
မောင်းနှင်သယ်ဆော...
5 days ago

