ငယ်ကျင့်
လွန်ခဲ့တဲ့ အနှစ်လေးဆယ် အနှစ်လေးဆယ်ဆိုတော့ နည်းနည်းနှောနှောနှစ်တွေရယ်မှ မဟုတ်
ပါပဲလားလို့ တွေးမိတယ် တကယ့်တကယ်တော့လဲ ဟိုလိုလို ဒီလိုလိုနဲ့ပဲ နှစ်တွေတနှစ်ပြီးတ
နှစ် ကုန်လာခဲ့တဲ့ နှစ်တွေရှိသလို တနှစ်နဲ့တနှစ်ကို ခက်ခက်ခဲခဲ ခဲရာခဲဆစ် ဖြတ်ကျော်လာခဲ့ရ
တဲ့ နှစ်တွေလဲရှိရဲ့ ဘာပဲဖြစ်ဖြစ်ပြန်တွေးကြည့်တော့ မှတ်မိနေသေးပါတယ် နှစ်အားဖြင့် တွက်
ကြည့်တော့လဲ နှစ်ပေါင်းများစွာရယ်။
ပထမဆုံး ညီမလေးကို မေမေမွေးတဲ့ ည။ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်နှစ်နှစ်ကျော် ညတုန်း
က လူကြီးတွေအလုပ်ရှုပ်တာ အရေးကြီးနေတာ ဘာညာမသိပေမဲ့ မိုးလင်းနိုးနိုးချင်း ကျနော်
ထက်အသက် ၁၀ နှစ်ကျော်ကျော် အသက်ကြီးတဲ့ အမကြီးတ၀မ်းကွဲ က ကျနော့်ကို ဆေးရုံကို
သွားဖို့ အင်္ကျီအ၀တ်အစားလဲပေးပြီး မေမေညက ကျနော်အတွက်တဲ့ ညီမလေးမွေးပေးတယ်
တဲ့ အဲ့ဒါ ဆေးရုံကိုသွားပြီး ညီမလေးကို ကြည့်ကြမယ်တဲ့ ကျနော်က ၃ နှစ်နဲ့ လေးလ အရွယ်
ညီမလေးကို ဆေးရုံ ပခက်လေးထဲမှာတွေ့တော့ နီနီရဲရဲလေး မျက်လုံးလေးမှိတ်လို့ လူကြီးတွေ
ကတော့ ကိုချစ်ဖေအဖေနဲ့ တပုံစံထဲတဲ့ သိပ်တူတာပဲတဲ့ ကျနော်ကတော့ ကလေးမို့ ဘယ်လိုမှ
အဖေနဲ့ တူတယ်လို့ မကြည့်တတ် ညီမလေးကိုတော့ ကိုင်ကြည့်ချင်နေတာပဲ။ နီနီရဲရဲလေး
နောက် မေမေဆေးရုံက ဆင်းလာပြီး အိမ်ရှေ့မှာ စောင်ပုခက်လေးနဲ့ သိပ်ထားတုန်း ကျနော်ညီ
မလေးပါးကို ချစ်လို့ ကိုက်ဆွဲလိုက်တာ ညီမလေး အော်ငိုတော့မှ မေမေ မီဖိုထဲက အတင်းပြေး
လာပြီး ကျနော့်ကို မေးရတယ်။ ကိုချစ်ဖေလဲ ငိုပေါ့ ညီမလေး ချစ်လို့ ကိုက်မိတာ သူအော်ငို
တော့ ပြန်ကြောက်သွားပြီး ငိုမိတာဖြစ်မယ်။ မေမေဆူမှာစိုးတာလဲ ပါမှာပေါ့။
အဲ့ဒီအဖြစ်အပျက်လေးကို သေသေချာချာ မှတ်မိနေသေးတယ် ညီမလေးကို မွေးပြီးတဲ့အချိန်
က ပြည်သူ့ဆိုင်ခေတ် အစစအရာရာ ၀ယ်ချင်တိုင်းလဲ မရ အနှီးကအစ နို့မှုန့် နို့ဆီအဆုံးအစစ
ရှားပါးတဲ့အချိန်တဲ့ ညီမလေးက ကိုချစ်ဖေထက် ပိုဒုက္ခရောက်တယ်တဲ့ ဆေးကလဲ ရှားတယ်
စစ်အစိုးရ တက်လာပြီး ၁၀ နှစ်ဝန်းကျင်လောက်ပေါ့ သူ့ကို မေမေက နို့ဖြတ်တော့ ၀ယ်လို့ရသ
မျှလေး ၀ယ်ထားပေးပေမဲ့ သူက ဘာမှမစား ငိုပဲနေတယ် ထမင်းကြမ်းလေးကို ရေနဲ့ဆမ်းပေး
ထားတာလေးပဲ စားရှာတယ်။ ညဖက်ညီမလေး ငိုနေတာ သနားလိုက်တာ။ ခုချိန်ထိ ကျနော်
မျက်စေ့ထဲမှာ မြင်နေမိတယ် ကျနော်လဲ ကလေးပေမဲ့ အိပ်မရဘူး။ နောက်တော့လဲ အိပ်ပျော်
သွားတာပေါ့။
နောက် ကျနော်တို့ ကျောင်းစတက်ရတော့ နေခင်းမုန့်စား ကျောင်းဆင်းလွှတ်ချိန် မေမေက မ
လာဘူး ကျောင်းအပ်သွားတုန်းကထဲက မျက်နှာက ခပ်တည်တည်ပဲ သူများကလေးတွေဆို အ
မေ့ထမိန်စဆွဲထားပြီး ကျောင်းမနေချင်ဘူး အော်ငိုသလို ကိုချစ်ဖေလဲ အော်ငိုချင်တာပါပဲ ကျောင်းမှာ ထားခဲ့မယ်ဆိုတာလဲ သိနေပေမဲ့ ခပ်တည်တည်ဖြစ်နေတဲ့ အမေ့မျက်နှာကြောင့် မ
အော်ငိုရဲဘူး ကျနော်ငိုရင် အမေက စိတ်ဆိုးလိမ့်မယ် အမေမကြိုက်ဘူး အဲ့ဒါကို သိနေလို့ ငိုချင်ပေမဲ့ မငိုရဲဘူး အမေကထားခဲ့တာပါပဲ မုန့်စားကျောင်းဆင်းကိုလဲ “အမေလူကြုံနဲ့ စားစရာ
ထည့်ပေးလိုက်မယ် အမေမလာအားဘူး”တဲ့ ကျနော်ကတော့ မုန့်စားကျောင်းဆင်းတွေ ဘာ
တွေသိလို့ရယ်တော့မဟုတ်ပါဘူး အမေမလာဘူးဆိုတာသိတော့ ၀မ်းတော်တော်နည်းနေမိ
တယ်။
နေ့လည်မုန့်စားကျောင်းဆင်းတော့ အိမ်နားက အသိသူငယ်ချင်းအမနဲ့ စားစရာ ထည့်ပေး
လိုက်ပါတယ် အမေကတော့မလာပါဘူး နောက်တော့လဲ မေ့မေ့ပျောက်ပျောက်ဖြစ်သွားတယ်
မုန့်စားကျောင်းဆင်းချိန်ဆို အမေ့ကို မမျှော်မိတော့ဘူး နောက် အတန်းနည်းနည်းကြီးလာ
တော့ အိမ်နဲ့ကျောင်းနဲ့ သိပ်မဝေးတော့ အမေမှာသလို ကားလမ်းဘေးက ကပ်ပြီးအိမ်ကိုပြန်
လာရတယ်။ အိမ်မှာ ကိုယ့်ဘာသာ ထမင်းပြန်စားတယ်ပေါ့။ နောက်ကိုချစ်ဖေ အသက်ကြီး
လာတော့ အမေက ပြန်ပြောပြတယ် အဲ့ဒီတုန်းက အမေက ကိုချစ်ဖေကို သူများကလေးတွေ
လို အမေရှိမှ ဖြစ်မယ်ဆိုတာမျိုး ဖြစ်မှာစိုးလို့တဲ့ အမေမရှိလဲ ကိုယ့်ဘာသာကိုယ် အားကိုး
တတ်အောင် ထားခဲ့တာတဲ့ တကယ်တော့လဲ ဟုတ်ပါတယ် ၀မ်းနည်းစရာကောင်းသလိုလိုဖြစ်
ပေမဲ့ အမေသင်ပေးတဲ့ တကိုယ်တော် နေထိုင်ခြင်း ရုန်းကန်ခြင်း သင်ခန်းစာကိုပါ တဆက်ထဲ
စသင်ရတာပါ။
ငါ့အမေဟာ သူများအမေတွေလို မလာဘူး သို့သော်လဲ ငါ့ကို ထားခဲ့လို့ ဖြစ်တယ်လို့ အမေက
ပြောတာပဲ ငါနေလို့ ဖြစ်ပါတယ်ဆိုတာကို စပြီးလက်ခံသွားတာပါ။ နောက်စာ ပေါင်းဖတ်တတ်
လာတော့ အမေက “ညည ပုံပြောပြတာလေးတွေ ကနေပုံပြင်လေးတွေဟာ ကာတွန်းစာအုပ်
လေးထဲမှာ ပါတယ် သားစာလုံးပေါင်းဖတ် နားမလည်ရင် မေမေ့ကိုမေး” ဆို ကျနော်လဲ ပေါင်း
ဖတ်တာပဲ နားမလည်တာတွေ အကုန်လုံးကိုလဲ အမေ့ကို မေးတာပါ။
နောက်အတန်းကြီးလာတော့လဲ ကျနော်သိချင်တာတွေကို အားလုံးသူဖြေရင် မပြည့်စုံမှာစိုးလို့
တဲ့ သိချင်တာရှိရင် ကျောင်းက ဆရာတွေ ဆရာမတွေကိုမေးကြည့်တဲ့ အဲ့ဒီက စလို့ အလွန်
အမေးအမြန်းထူတဲ့ ကျနော်လဲ အတန်းထဲမှာ သိချင်တာရှိရင် ဆရာဆရာမတွေကို မေးရဲလာ
ပါတယ် ဆရာဆရာမတွေကလဲ စာဖတ်သူတွေများတော့ ဖတ်စရာ စာအုပ်တွေပါ ပြောပြပေး
ပါတယ်။ အဲ့ဒီလိုနဲ့ စာဖတ်တာကို ၀ါသနာပါလာခဲ့တာပါ ။ ခုပြန်တွေးကြည့်တော့နှစ်ပေါင်း သုံး
ဆယ်ကျော် လေးဆယ်တုန်းက အဖြစ်အပျက်တွေ ဒါပေမဲ့ ကောင်းတဲ့အကျင့်ကို ကောင်းမွန်
တဲ့ ဓလေ့ကို ချပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်မိနေပါတယ်။
အမေဆိုလို့ အဖေက ငါကောမပါဘူးလားလို့ မေးမှာ အဖေရယ်လဲ အတူတူပါပဲပေါ့ တကယ်ဆို
စာဖတ်ဝါသနာမပါတဲ့ အဖေက ကျနော်ဖတ်ချင်သမျှ သူမအားတဲ့ကြားထဲက အကုန်ရအောင်
ရှာဝယ်ပေးတာပါ။ ကိုချစ်ဖေ ဖတ်တဲ့စာအုပ်တွေက အဖေမကြိုက်တဲ့ စာအုပ်တွေ အဖေက ဒီ
စာအုပ်တွေဖတ်ရင် ဒိဌိဖြစ်လိမ့်မယ် ကွန်မြူနစ်ဖြစ်လိမ့်မယ် မဖတ်နဲ့တဲ့ ကျနော်ကတော့ ဖတ်
တာပါပဲ အဖေက ပြင်းပြင်းထန်ထန်တော့မတားပါ ၀ယ်လဲပေးပါတယ်။ ကျနော်လဲ ဒိဌိမဖြစ်သ
လို ကွန်မြူနစ်လဲ မဖြစ်ခဲ့ပါဘူး အဲ့ဒီလိုဖြစ်ဖို့ဆိုတာ အသဲမာမှ ဖြစ်တာလေ။ ကျနော်က အသဲမ
မာပါ။ ထစ်ကနဲဆို လက်တွန့်တယ် မသေရဲ မသတ်ရဲ အနိုင်မယူရဲ သဘောကျခဲ့တာတော့ရှိပါ
တယ် ကိုယ့်ကိုကိုယ်လဲ မာမယ်ထင်ခဲ့တယ်။ ယုံကြည်ရာတခုအတွက် အကုန်လုပ်ရဲမှလေ စွန့်
လွှတ်ရဲမှ ဆိုတော့ မဖြစ်နိုင်ပါ လို့ ရိုးရိုးသားသား ပဲ တွေးမိခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီအချိန်တုန်းက
ရရာ စာအုပ်ကို ၀ါးစားသလို ဖတ်ချင်နေတာတော့အမှန်ပါ စာအုပ်တွေကို လိုင်းတလိုင်းထဲ မ
ဖတ်ဖြစ်ခဲ့တာ ကတော့ အမေပြောပြတာကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။
အမေက ကျနော်ဖတ်ချင်တဲ့ စာအုပ် ဖတ်သင့်တဲ့စာအုပ်ဟူသမျှ အကုန်ပေးဖတ်ပါတယ်။ မ
ဖတ်သင့်တဲ့ အသည်းကွဲ အရက်သမား အချစ်ကိုးကွယ်ရေး စာအုပ်တွေကလွဲလို့ အမေက မ
တားပါဘူး ရှာလဲပေးပါတယ်။ တဖက်မှာ တားမြစ်ထားလို့ ခိုးကြောင်ခိုးဝှက်ဖတ်ရတဲ့ စာအုပ်
ကို ခိုးဖတ်တဲ့အခါ မသိချင်ယောင်ဆောင်နေခဲ့သလို တဖက်ကလဲ သိုက်သမိုင်းစုန်းမှော်က
ဝေ စာအုပ်တွေကအစ ဗဟုသုတ အဖြစ်ဖတ်ခိုင်းတာမျိုးဆိုတော့ စာဖတ်ရတော့မဲ့ ရက်တွေဆို
ပျော်နေခဲ့တာပါ။ သောကြာနေ့ည ကနေ တနင်္ဂနွေနေ့ နေလည်အထိ အပြင်စာအုပ်ဖတ်နိုင်ခွင့် ရခဲ့တာကို ခုပြန်တွေးကြည့်တော့ အလယ်တန်းကျောင်းသား ဘ၀မှာ တကယ့်ပျော်ရွှင်စရာ။
အနှစ်လေးဆယ်ကျော် အတွင်းမှာ ကြည်နူးချမ်းမြေ့စရာ ပြန်ပြန်တွေးကြည့်မိတိုင်း ကျေးဇူး
တင်မဆုံး ဖြစ်မိတာကတော့ စာဖတ်ခြင်းအကျိုးကို ပျော်ရွှင်စရာအဖြစ် တဖြေးဖြေး ပြောင်းပေး
ခဲ့တဲ့ အမေနဲ့ အဖေကိုပါပဲ။ အခြားသော ကျေးဇူးတွေကတော့ များလွန်းလို့ ပြောပြမယ်ဆိုရင်
တောင်တော်တော်များမှာပါ။ ခုအချိန်ထိ မိဘတွေ သက်ရှိထင်ရှားရှိနေသေးပြီး အဝေးမှာနေ
နေရပေမဲ့ ကိုယ့်ကို တယောက်ထဲ နေရဲအောင် သိလိုတာတွေ ကို စာအုပ်တွေထဲက နေသိလာ
အောင် လမ်းပြပေးခဲ့ပါလားလို့ ကြည်နူးမိနေတယ်။
4 comments:
အစ်ကိုရေ....
မရောက်တာကြာလို့မေ့များနေမလား မသိဘူး။ အစ်ကိုရဲ့ငယ်ဘဝလေးကို လာဖတ်သွားတယ်နော်...
သားတွေများ အမေအကြောင်းရေးရင် တကယ်ပီပြင်တယ်နော် :)
ဟုတ်တယ် အကိုကြီး၊ အလယ်တန်း ကျောင်းသားဘ၀က တကယ့်ကို ပျော်စရာပဲ။
အနှစ် ၄၀ တောင်ရှိသွားပြီလားဗျ...
ငယ်ငယ်က အကြောင်းလေးတွေကို မှတ်မိသလောက် ကြီးမှအကြောင်းတွေကြ သိတ်မမှတ်မိတတ်ဘူးဗျာ..
အသက်ကြီးလာတော့ အာရုံတွေများလာလို့ ထင်ပါရဲ့..
Post a Comment