မင်္ဂလာ ကိုကြီးကျောက်
မင်္ဂလာကိုကြီးကျောက်
မချစ်ကြည်အေးရဲ့ ကိုကြီးကျောက် ကျမ်းမာရေးအခြေအနေကို အားလုံးသိရအောင်သတင်း
ပေးတဲ့ ကိုကြီးကျောက်ရဲ့စာ ပူးတွဲပါတဲ့ ပိုစ့် ကိုဖတ်ရရခြင်း ကိုကြီးကျောက်ဆီကို ဖုန်းဆက်
သတင်းမေး အားပေးစကားပြောဖို့ လုပ်တော့ ကိုကြီးကျောက်တို့ဆီမှာ ည ၁၁နာရီကျော်နေခဲ့
ပြီ ဒါပေမဲ့လဲ ကိုကြီးကျောက်အိပ်ချင်မှ အိပ်ဦးမှာလို့ တွေးမိပြီးဖုန်းဆက် ဖြစ်သွားပါတယ်။
ကိုကြီးကျောက်ဆီက ဖုန်းပြန်ခေါ်လာပါတယ် မအိပ်သေးပါဘူးတဲ့ တရားထိုင်နေတာ ဒီတော့
လဲ အားနာလိုက်တာ ကိုကြီးကျောက်က အရင်အတိုင်း စာထဲက လိုပါပဲ ကိုချစ်ဖေကိုတောင်
ပြန်အားပေးနေသေးတယ် ဒါမျိုးက ဆရာဝန်ကြီးတွေ ထင်ထားတဲ့အတိုင်း ဖြစ်ချင်မှလဲ ဖြစ်တာ
ပါ ဖြစ်တော့လဲ ရင်ဆိုင်ရမှာပေါ့ ဆိုတာမျိုး ပြန်ပြောပြနေတာပါ။
နောက်တော့ ကိုကြီးကျောက်တင်ထားတဲ့ ပိုစ့်ကို ဖတ်ရတော့ အော် ကိုကြီးကျောက်တို့များ တ
ကယ်ပဲ စိတ်ဓါတ်ကြံခိုင်ပါပေတယ် သေခြင်းကို ရင်ဆိုင်ရတာတောင် ရယ်စရာလှောင်ပြောင် စ
နောက်နေနိုင်သေး တကယ်လို့များ သေမင်းက သာ လူပုဂ္ဂိုလ်တဦးအဖြစ်နဲ့ လာခေါ်တယ်ဆို
ရင်တောင် “ အော်..သေမင်းဆိုတာ ခင်ဗျားလား အေးဗျာ ခင်ဗျားကိုတော့ သက်ရှိသတ္တ၀ါ
တိုင်းက ကြောက်ကြရပါတယ် တကယ့်တကယ်တွေ့တော့လဲ ခင်ဗျားက ခန့်ခန့်ချောချောကြီးပဲ
ကြောက်စရာလဲ မကောင်းပါဘူးဗျာ လူတွေများ ကြောက်စရာမရှိ ကြောက်နေကြတယ် ကဲကဲ
သွားကြတာပေါ့ဗျာ ကား ပါလား ဘတ်စ် နဲ့ဆို ဒီအချိန်လူကြပ်တယ်ဗျ” ဘာညာလျှောက်ပြော နေဦးမယ်ထင်ပါရဲ့ဗျာ။
ကျနော် ကိုကြီးကျောက်ကို ဘယ်လိုစခင်မင်မိတယ်ဆိုတာတော့ မမှတ်မိတော့ပါဘူး ရယ်စရာ
မောစရာ ပွင့်ပွင့်လင်းလင်းပြောတတ်တယ် သူများတွေက ကိုယ့် ဘလော့မှာ ဓါတ်ပုံလေးတင်
ဖို့ အကြောင်းကြောင်းနဲ့ မတင်ရဲကြ မတင်ကြချိန် ကိုကြီးကျောက်ကတော့ ဓါတ်ပုံတွေနဲ့ စာ
တွေကလဲ စိတ်ဝင်စားစရာ ရယ်စရာ ကော်မန့်တွေကလဲ ခင်မင်စရာ စနောက် ပေးတတ်သူ ဆို
တော့ လူချင်း အပြင်မှာ မတွေ့ဘူးပေမဲ့ ခင်မင်ရပါတယ် နေမကောင်းဖြစ်ပြီးနောက်ပိုင်း ကို
အောင် (ပျူနိုင်ငံ) ရဲ့ကောင်းမှုကြောင့် ဖုန်းနံပါတ်ရပြီး တခါတခါလဲ ဖုန်းဆက်ပြီးစကားပြောဖြစ်
သွားပါတယ်။ ကိုကြီးကျောက်က ဖုန်းထဲမှာ နေကောင်းသူရဲ့ အသံမျိုး မဖြစ်သေးပေမဲ့ အ
ကြောင်းအရာအားလုံးကတော့ နေကောင်းသူတွေ ထက်တောင် လန်းဆန်းနေပါသေးတယ်။ ခု
လောက်ထိ ကျမ်းမာရေးအခြေအနေ ဆိုးနေမယ်လို့လဲ မထင်မိပါ။ နောက်ဆုံး မချစ်ကြည်အေး
ရဲ့ အသိပေးတဲ့ ပိုစ့် ဖတ်ရတော့မှပဲ သေချာသိရတာပါ။
ကြိုကီးကျောက်ကို တကယ်ပဲ ချစ်ခင်ကြသူတွေများပါတယ် ပျော်ရွှင်ခင်မင်တတ်တဲ့ အကိုတ
ယောက် ဦးလေးတယောက် လိုပါပဲ အားလုံးလဲ ကျနော်လိုပဲ ခံစားမိကြမှာပဲလို့ တွေးမိပါတယ်။
ဘယ်လောက်ပဲ အခြေအနေက ထိန့်လန့်တုန်လှုပ်စရာဖြစ်နေနေ မိသားစုပေါ်မှာ မိတ်ဆွေ သူ
ငယ်ချင်းတွေအပေါ်မှာ တာဝန်ကျေခဲ့သူအနေနဲ့ စိတ်ရှင်းရှင်းထားနိုင်ခဲ့လို့လား မသိ ကိုကြီး
ကျောက်ကတော့ အရင်လိုပါပဲ စိတ်ဓါတ်ကျ အားငယ်မှု့မျိုး မရှိပါ။
ကျနော်အကျဉ်းအကြပ်ထဲမှာ ဒုက္ခသုက္ခပေါင်းစုံ နဲ့နေရတုန်းက ကျနော့်မေမေက မင်္ဂလသုတ်
ထဲက မြတ်စွာဘုရားဟော တရားပုဒ်လေးတပုဒ်ကို အမြဲ နှလုံးသွင်းဖို့ ခံနိုင်ရည်ရှိဖို့ အားပေးရှာ
ပါတယ်။ အဲ့ဒီတရားပုဒ်လေးက “ ဖုဒဿ လောက ဓမ္မေဟိ စိတ္တံယသ နကံပတ္တိ အာသောကံ ၀ိရဇံ ခေမံ ဧတံ မင်္ဂလ မုတ္တမံ” ဆိုတဲ့အပိုဒ်လေးပါ ကျနော့်ဘာသာ မြန်မာလိုနားလည်ထာက
တော့ “လောကဓံတရားဆိုး တရားကောင်း အခြေအနေကောင်းဆိုးတွေနဲ့ ကြုံရတဲ့အခါမှာ စိုး
ရိမ်သောကမရှိခြင်း စိတ်တည်ငြိမ်အေးဆေးစွာနဲ့ ရင်ဆိုင်နိုင်ခြင်းဟာ မင်္ဂလာရှိပါပေတယ်” လို့ ကျနော်နားလည်မိပါတယ် တိတိကျကျတော့ အဓိပါယ်မှန်ချင်မှ မှန်မှာပါ။ ခုလဲ ကိုကြီးကျောက်
ကမင်္ဂလာရှိပါပေတယ်။ ကျနော်တို့ ကိုကြီးကျောက်နဲ့ ခင်မင်ခွင့်ရတာ ၀မ်းသာစရာပါ။ ဂုဏ်ယူ
စရာပါ။ ကိုကြီးကျောက်မှာ လူပုဂ္ဂိုလ်တယောက် ပုထုစဉ်တယောက်အနေနဲ့ အမှားရှိတာမျိုး ရှိ
ရင်လဲ ရှိခဲ့မှာပါ သို့သော်လဲ ကျနော်နဲ့ ဆုံခဲ့ရစဉ်မှာတော့ ကိုကြီးကျောက်ဟာ ခင်မင်ဖွယ် ချစ်
ခင်ဖွယ် အားကျ အတုယူဖွယ်တွေနဲ့ မင်္ဂလာရှိတဲ့ ကိုကြီးကျောက်ပါပဲဗျာ။
ကျနော့်လိုပဲ ကိုကြီးကျောက်ကို ခင်မင်လေးစားသူတွေ အားလုံးကို တိုင်ပင်ချင်တာကတော့ ကျနော်တို့ ရေးတတ်သလို ရေးတတ်သလောက်ရေးခဲ့တဲ့ စာကိုတော့ ကိုကြီးကျောက်က ဖတ်
ရဖူးပါပြီ။ ကျနော်တို့ရဲ့ လှို့ဝှက်ထားတဲ့ (ချောလို့ပဲဖြစ်ဖြစ်) ရုပ်မျက်နှာ အသွင်အပြင်ကိုလဲ ကို
ကြီးကျောက်က တွေ့ဖူးချင်မှာပါ ကျနော်တို့ ကိုယ်တိုင်မလာနိုင်ပေမဲ့ ကျနော်တို့ရဲ့ ကိုကြီး
ကျောက်ကို ချစ်ခင်မှု့ကို ပြသတဲ့အနေနဲ့ ပိုစ်ကဒ်လေးတွေ လက်ရေးနဲ့ စာရေးပြီး ဓါတ်ပုံလေး
တွေ ပေးပို့ပြီး အားပေးပြီး နှုတ်ဆက်ရင် ကိုကြီးကျောက် အတော်ပဲ ၀မ်းသာနေမှာပါ ကျနော်
တို့တွေရဲ့ ခင်မင်မှု့ကို ကိုကြီးကျောက်ကလဲ အသိအမှတ်ပြုပေးဖို့ ခု ဒီနေရာကနေ တောင်းပန်
ပါတယ်။ ကျနော်တို့ အမြဲ ဖုန်းမဆက်နိုင်တောင် ကျနော်တို့ ပိုစ့်ကဒ်လေးတွေ က ကိုကြီး
ကျောက်ကို ခင်မင်လေးစား အားကြကြောင်း သက်သေလေး တခုတော့ ဖြစ်နေမှာပါ ။ ကိုကြီး
ကျောက် လိပ်စာကိုလဲ ကူးယူဖေါ်ပြလိုက်ပါတယ်ဗျာ။
Nai Pe
11 Grandin Circle
Rockville MD 20851
USA
ph;(210)7870932
maungnaipe@gmail.com
10 comments:
ကိုချစ်ဖေရေ ကျေးဇူးတင်ပါတယ်။ အန်ကယ်နိုင့် လိပ်စာ ကူးသွားပါတယ်။ ဖုန်းတော့ မဆက်ချင်ဘူး။ ဖုန်းဆက်တာထက် မေးလ်ပို့တာက ပိုကောင်းတယ်ထင်လို့ e-mail လိပ်စာ ရရင်တော့ လိုချင်ပါတယ်။ကိုချစ်ဖေ ပေးတဲ့ အကြံကောင်းပါတယ်။
မင်္ဂလာဆောင်ပါလို့ ရေးထားသလားလို့..
နဲနဲတောင် ရင်သိမ့်တုန်သွားတာ...
အားလုံးက ကိုကြီးကျောက်ကို ချစ်ကြတာ သိရတော့ မင်္ဂလာဦးအောင်မောင်းလို...မင်္ဂလာကိုကြီးကျောက်လဲ တောင့်ထားရမှာပေါ့လေ....
ဟုတ်ကဲ့။ အခုလို လိပ်စာနဲ့ အကြံဥာဏ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
မငယ်နိုင်ရေ
ကိုကြီးကျောက် မေးလ်လိပ်စာက maungnaipe@gmail.com ပါ
ကျနော်လဲ ဒီနေ့ပဲ ကိုကြီးကျောက်ထံ ပိုစ့်ကဒ်ဆုတောင်း နဲ့ ဓါတ်ပုံ ပို့မှာပါ.ဟဲ ကိုကြီးကျောက်ကလဲ သတ္တိကောင်းပါတယ်.ဟောလိုဝင်းလဲ နီးပြီလေ..မကြောက်လောက်ပါဘူး..
မင်္ဂလာကိုကြီးကျောက် ပိုပြီး တောင့်ထားနိုင်ပါစေလို့ ၀ိုင်းပြီး ဆုတောင်း
ပါတယ် အကိုကြီး ကိုချစ်ဖေ ခင်ဗျာ။
ကိုချစ်ဖေ ပြောတာကို အရမ်း သဘောကျမိပါတယ်ဗျာ။
ကျနော်လည်း လုပ်ပါ့မယ်။
ကိုချစ်ဖေ...
လိပ်စာ အောက်မှာ တစ်ခါတည်း ဖုန်းနံပါတ်လေးပါ ရေးထားလိုက်ရင် ပိုပြီးတော့ တစ်နေရာတည်းမှာ ပြည့်စုံသွားမယ်ဗျာ။
ကိုကြီးကျောက်လည်း ငဖဲလိုလူတန်းစား ဖြစ်ပါစေ။
ကိုကြီးကျောက်ရေ မာသထက် မာနိုင်ပါစေဗျာ။
ကိုဇော် အကြံပေးခဲ့လို့ ခု လိပ်စာအားလုံး အပြည့်အစုံတင်ထားလိုက်ပါပြီ ကျေးဇူးပါပဲဗျာ.
ကိုချစ်ဖေ ရေ
ကိုကြီးကျောက် အတွက် အမှတ်တရလေး ကို သေချာ ဖတ်သွားပါတယ်နော် လူတဦး နဲ့ တဦး ဂရုတစိုက်ရှိမှု့ မေတ္တာရှိမှု့ လေးတွေ အတွက် အားလုံးကို ကျေးဇူးတင်တယ်
ကိုကြီးကျောက် လည်း စိတ်ဓါတ်ကြံ့ခိုင်မှု့ နဲ့ တရားတန်ခိုး ကြောင့် ပြန်လည် နေကောင်းလာမယ်လို့ မျှော်လင့်နေတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
Best Wishes for Guru Kyauk
ကိုကြီးကျောက်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို တစ်ခုချင်းထုတ်နုတ် ရေးပြထားတာ သဘောကျပါတယ်။ မှန်ပါတယ် ကိုကြီးကျောက်က နောင်မျိုးဆက်သစ်လူငယ်တွေ အတုယူထိုက်တဲ့ စံပြတစ်ယောက်ပဲနော်။
စကားမစပ် ကိုချစ်ဖေကြီးလာမယ်ဆိုရင် ဝန်ဆောင်ခမယူပဲ လိုက်ပို့ပါမယ်၊ ရောက်အောင်သာ လာခဲ့ပါနော်။ :)
Post a Comment